မောင်စွမ်းရည် - သမိုင်း

Photo - Ko Myo (88)

မောင်စွမ်းရည် - သမိုင်း
(မိုးမခ) စက်တင်ဘာ ၂၉၊ ၂၀၁၅


သမိုင်းချစ်မှ
နိုင်ငံချစ်မယ်။

နိုင်ငံချစ်ရင်
သမိုင်းချစ်မယ်။

သမိုင်းကိုမုန်း
မုန်းသူ ရှုံးမယ်။

သမိုင်းဝင်ကို
မငြင်ငြိုလင့်။

တကသရုံး၊ သမိုင်းရုံးကို
မိုင်းဗုံးခွဲခဲ့။

ဂျူဗလီခန်းမ ၊ သမိုင်းပြလို့
ဖြိုချပစ်ခဲ့။

ကြံတောသချိုင်း၊ သမိုင်းသုဿာန်
မြေလှန်ကြောက်ခဲ့။

ဂျူဗလီပြို၊ ကြံတောပြိုလဲ
မပြို သမိုင်း၊ လူတိုင်းရင်တွင်
သမိုင်းရှင်ခဲ့ သမိုင်းဝင်ကို
သဝန်တို၍ ၊ ငြင်ငြိုဖျက်လျှင်
ဖျက်သူပျက်သုဉ်း၊ သမိုင်းဆုံးလိမ့်
အမုန်းစိတ်လွှမ်း၊ မငြိမ်းချမ်းနိုင်
သက်ဆုံးတိုင်။
      
( ကိုဘုန်း(ဓါတု) ရဲ့ ဟောပြောချက်ကို အမှီပြုပြီး ကဗျာသီပါတယ်။ )