စမ်းစမ်းတင် - အိပ်မက်ဆိုးတောင် ဒိလောက်မဆိုး


စမ်းစမ်းတင် - အိပ်မက်ဆိုးတောင် ဒိလောက်မဆိုး
(မိုးမခ) စက်တင်ဘာ ၄၊ ၂၀၁၅

ဆင်တွေနေရာ စက်တွေလာ
လိပ်ပြာတွေ ကမ္ဘာပျက်
ကယောက်ကယက် အလန့်တကြားပြေးသွား
ငှက် ကျား သမင် ရောင်စုံ အရိုင်း ပန်း လိပ်ပြာ ဝိညာဉ်များ
 ကမ္ဘာဦးသစ်လုံးကြီးတွေပြို
တောင်ပေါ်ရေတွေ အော်ငိုဆင်း
ယာခင်း စိုက်ခင်း အိမ်ဝင်း ကျောင်းဝင်း
လိပ်ပြာတသင်း ငိုချင်း
 အိပ်မက်ဆိုးများ မဟုတ်
ကံဆိုးမိုးမှောင်...
ရေလှောင်ဆည် သစ်ပြုန်းတောပျောက်
လမ်းပျောက်ရေစီး
ဒီခေတ်ကြီးမှာ
ကုန်းကြီးက ပင်လယ်လာထွန်း
ပင်လယ်ပျောက်တော့ နှုန်းရောက်
ကပေါက်တိကပေါက်ချာ...
ဒါဟာ အိပ်မက်လေလား ၀ိုးတ၀ါး
အို..
ဘုရား ဘုရား အိပ်မက်ဆိုးတောင် ဒါမျိုးဖန်တီးဖို့ခက်
ခေတ်ကြီးကသာ ဖန်ဆင်းလေသည်မို့
လိပ်ပြာတေးများအဖန်ဖန်...ငိုချင်းရှည်ပြန်…။

စမ်းစမ်းတင် @ SanSan Cynthia Tin

၂၀၁၅  စက်တင်ဘာ ၁ ရက်