MMC ရဲ့ ပြည်တွင်းထုတ် ကားများအတွက် စက်ရုံအကြိုဖွင့်ပွဲ ပြုလုပ်

MMC ရဲ့  ပြည်တွင်းထုတ် ကားများအတွက် စက်ရုံအကြိုဖွင့်ပွဲ ပြုလုပ်

ရန်နောင်(ဗိုလ်တထောင်)   မိုးမခ    စက်တင်ဘာ   ၅ - ၂၀၁၅













       Myanmar Motor Corporation Public Co.,Ltd  ၏ MAN ဂျာမန်နည်းပညာသုံး ကားစက်ရုံ အကြိုဖွင့်ပွဲကို ရန်ကုန်မြို့ မြောက်ဥက္ကလာမြို့နယ် မက္ခရာမင်းကြီးလမ်း ၊ ရွှေပေါက်ကံ စက်မှုဇုံ(၁၈) တွင် စက်တင်ဘာလ ၅ ရက်နေ့၌ ဖွင့်လှစ်ခဲ့သည်။
          အဆိုပါ စက်ရုံသစ်ကို ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများက ဖဲကြိုးဖြတ်ကာ ဖွင့်လှစ်ပေးခဲ့သည်။
          ကုန်တင်ယာဉ်များ၊အမှိုက်သိမ်းယာဉ်များ၊သူနာတင်ကားများ၊ ခရီးသည်တင်အဆင့်မြင့်ကားများ ကို အဓိက ထုတ်လုပ်ပြီး ပြည်တွင်းပြည်ပ ဖြန့်ဖြူးသွားမည်ဟုလည်း မန်နေဂျင်းဒါရိုက်တာ ဦးသိန်းသန်းအောင်မှ ပြောကြားခဲ့သည်။
          ယခုလက်ရှိတွင်ခရီးသည်တင် အဆင့်မြင့်ကားများကို ကုန်းလမ်းပို့ဆောင်ရေးမှ ဝယ်ယူပြီး ရန်ကုန်-နေပြည်တော် ခရီးစဉ်ကို တစ်ဦးလျှင် လေးထောင်ကျပ်ဖြင့် ပြေးဆွဲနေသည်ဟုလည်း သိရသည်။
          “ ကျနော်တို့ ကားတွေကို မိုင်ပိုမမောင်းနိုင်အောင် လုပ်ထားတဲ့အတွက် ယာဉ်အန္တရာယ်ထိခိုက်မှုကို လည်း လျော့ပါးအောင် ပြုလုပ်ထားပါတယ်။ကားအတွင်းမှာ မီးအလွယ်တကူ မလောင်နိုင်တဲ့ သတ္တုတမျိုးကိုလည်း ကြမ်းခင်းမှာ အသုံးပြုထားပါတယ် ” ဟုလည်း ဦးသိန်းသန်းအောင်မှ ထပ်မံပြောပြခဲ့သည်။