လင်းနွေးအိမ် - ပညာဉာဏ်ပင်စိုက်ထူကြ

Than Htay Maung

လင်းနွေးအိမ် - ပညာဉာဏ်ပင်စိုက်ထူကြ
(မိုးမခ) အောက်တိုဘာ ၂၀၊ ၂၀၁၅

တောင်ပြိုကမ်းပြို ဒုက္ခသည်ဘဝကနေ
တောင်ပြိုကမ်းပြို အောင်ပွဲရသူတွေဖြစ်ဖို့
တောင်ပြိုကမ်းပြို လုံ့လစိုက်အားထုတ်ဖို့လိုတယ်။

ကြည့်နေ
ဗိုလ်ကျသူတစုမှာ
ရေသောက်မြစ်တွေ ကမောက်ကမဖြစ်နေပြီ။

သတိကြီးစေချင်တယ်
အပူမကြီးအောင် အယူမသည်းကြနဲ့ကွယ်။

ဦးနှောက်ကြီးသူတွေ အင်္ဂါဂြိုလ်သွားနေဖို့ပြင်နေချိန်မှာ
အင်္ဂါမစုံတဲ့ဘဝ ကနေ ကျွတ်လွတ်ဖို့
ပညာဉာဏ် သုံးကြဖို့လိုတယ်။ ။

(အောက်တိုဘာလ ၁၉ ရက် ၂၀၁၅)