ရန်လင်းအောင် - မီးပုံးပျံ


ရန်လင်းအောင် - မီးပုံးပျံ
(မိုးမခ) နိုဝင်ဘာ ၅၊ ၂၀၁၅

မှိုင်းဝလို့
 လေမိနေတဲ့အပျော်က
 ဘာကို ယုံတာလဲ
 
တယောက်ယောက်က ရှို့ပေးလို့
လင်းရတဲ့ ယောင်နနမီးရောင်လေး
ဘဝပေးက စိမ့်လွယ်ပေါက်လွယ်ပဲ
 
 မျက်တောင်တဆုံးအတွေ့နဲ့ အရွေ့နဲ့
 ရွေးခွင့်ကို အသံပေးမြည်ဖို့
 နက္ခတ်တွေ သိပ်လက်ခက်တယ် ၊
 
 ကောင်းကင်လမ်းကို
ကြယ်တွေးတွေးမှ တွေ့ရပေလိမ့် ။       ။