ချိုစိမ့် - သောင်ရင်းမှာ မျောသွားတဲ့ ကမာ


ချိုစိမ့် - သောင်ရင်းမှာ မျောသွားတဲ့ ကမာ
(မိုးမခ) နိုဝင်ဘာ ၁၉၊ ၂၀၁၅

- သူ့ အတွက်သူ
အသည်းကွဲ ကဗျာတွေ မရေးတတ်ဘူးတဲ့
သန်းပေါင်းများစွာအတွက်
ရန်သူအပေါ် အသည်းက မာတုန်း
- ရေစီးရေလာ မကောင်းတဲ့ ဘ၀တွေကို
မက်မောစွာ ပွေ့ချီရင်း
သူ့နှလုံးအစုံကို ခုန်စေခဲ့သူ

- ကိုပေါက် - ကမာပုလဲ ... ...
ရဲဘော်ကြီး
 နောက်ထပ်ရတဲ့ ဘ၀မှာ
 တော်လှန်တဲ့ ကဗျာဆရာပဲ ဖြစ်ပါ မှာပါ ... ...။
 ဦးညွတ်လိုက်ပါတယ် ရဲဘော်ကြီး

၁၈ နိုဝင်ဘာ၊ ၂၀၁၅