အောင်ကျော်သွင် - မပြုမိမှား ပြုမိမှား


အောင်ကျော်သွင် - မပြုမိမှား ပြုမိမှား
 (မိုးမခ) နိုဝင်ဘာ ၉ ၊ ၂၀၁၅

အာဏာရှင်ကို ကလော်ထုတ်မလို့
ငါ မဲရုံကို သွားခဲ့တယ်
လက်သန်းတစ်ထောက်စာ မှင်အိုးထဲမှာ
အဆီရစ်နေတဲ့ အခန်းကြီး အခန်းလေး
ပုဒ်မတွေနဲ့ နာဂစ်ဥပဒေဟာ
သူ မဟုတ်တဲ့အတိုင်း
အပြာရောင်ဟာ လဲ့လို့ စွဲကျန်ရစ်ပေါ့။