မင်းညွန့်လှိုင် -ေ ပါ င်း တ ည်
(မိုးမခ) နိုဝင်ဘာ ၁၁၊ ၂၀၁၅
ဒီမြို့လေးက
တနင့်တပိုး
ဘာတွေကိုထမ်းပိုးထားပါလိမ့် ။
သစ္စာအရောင်
ဥာဏ်တန်ဆောင်လည်း
ပြောင်လျက်ဝင်းလျက်
ရွှန်းရွှန်းမြမြရွှေစေတီက
ဒီမေးခွန်းကိုဖြေပါတယ် ။
ငါ၏ဦးခေါင်းသည်
သွေးဖြင့်ချင်းချင်းနီ၏
သို့သော်ညွှတ်ကားမညွှတ်
ခွပ်ဒေါင်းသခင်သို့ခိုင်ခိုင်ကျည်ကျည်
အာဇာနည်ကျောက်တိုင်က
ဒီမေးခွန်းကိုဖြေပါတယ် ။
"မှန်ကန်ခြင်းနဲ့ရဲရင့်ခြင်း"
ပိုးကြိုးတပ်လေးညှို့နဲ့
သံမဏိမြားတစ်စင်းလေ
ဆရာသော်တာဆွေက
ဒီမေးခွန်းကိုဖြေပါတယ် ။
နီလည်းနီ မာလည်းမာ
ညီညာတဲ့အရေးတော်ပုံနဲ့
၁၉၉၀ ပြည့်ကိုသာလွမ်း
ကမ္ဘာမကြေဘူးလမ်းမထက်မှာ
သက်ရှိသမိုင်းကျမ်းစာတစုက
ဒီမေးခွန်းကိုဖြေပါတယ် ။
စသည်ဖြင့်..နဲ့စုပေါင်းတည်လို့
ပေါင်းတည်မြို့လို့ခေါ်ပါတယ် ။ ။