ရန်လင်းအောင် - ရေးတော့ - အမှန် - ဖတ်တော့ - အသံ


ရန်လင်းအောင် - ရေးတော့ - အမှန် - ဖတ်တော့ - အသံ
(မိုးမခ) နိုဝင်ဘာ ၁၂၊ ၂၀၁၅

မိတ်ဆွေတွေ တယောက်ပြီး တယောက်
ရန်သူတွေ တယောက်ပြီး တယောက်
တိုက်ပွဲတွေ တခုပြီး တခု
ဆိုးဆေးတွေ ထိုးဆေးတွေ တမျိုးပြီး တမျိုး
ဘယ်ကွေ့ ညာချိုး ပြီးရင်
ညာကွေ့ ဘယ်ချိုး ……
လူတွေပြောင်းပြီ ထင်လား
မူတွေပြောင်းပြီ ထင်လား
မင့် ငါမပြောလား
သင်ခန်းစာဖောင်းပွမှုတွေထဲ
လက်သီးဆုပ်ကြီး ဘယ်လိုဖြည်ရမလဲ
ဘယ်လိုဖြေရမလဲ။
ကိုယ့်နာမည်ကိုယ်
စာလုံးပေါင်း မှန်ဖို့က
အခုထိ
တကယ့် စွန့်စားခန်းကြီးပဲ