ရန်လင်းအောင် - ပြောဇာတ် ( ၈ )
(မိုးမခ) နိုဝင်ဘာ ၂၂၊ ၂၀၁၅
ခုတလော မဟာကဏှဇာတ်ကို
မကြာမကြာသတိရမိနေရဲ့
ဗာရာဏသီ ဥသီနကမင်း လက်ထက်တုန်းကပေါ့
ရဟန်းတွေကလည်း အကျင့်ပျက်
မင်းမှုထမ်းပုဏ္ဏားတွေလည်း ဖောက်ပြန်
လူတွေကလည်း လော်လီ
သြော် . . . ပျော်စရာအတည်ရယ်လို့မရှိ
ငရဲပြည်မှာ စည်ကားပြီး
နတ်ပြည်မှာတောင်
ဘုံပျောက်လုခမန်းဆိတ်သုဉ်းခဲ့ရပါသတဲ့ ၊
ရဟန်းတွေကလည်း အကျင့်ပျက်
မင်းမှုထမ်းပုဏ္ဏားတွေလည်း ဖောက်ပြန်
လူတွေကလည်း လော်လီ
သြော် . . . ပျော်စရာအတည်ရယ်လို့မရှိ
ငရဲပြည်မှာ စည်ကားပြီး
နတ်ပြည်မှာတောင်
ဘုံပျောက်လုခမန်းဆိတ်သုဉ်းခဲ့ရပါသတဲ့ ၊
ဒါနဲ့
မဖြစ်ချေဘူးဆိုပြီး
“ လောကကြီးပျက်တော့မယ် ”
“ လောကကြီးပျက်တော့မယ် ”
“ လောကကြီးပျက်တော့မယ် ” အော်လို့ ဟစ်လို့
ဘိုးသိကြား က မုဆိုးကြီးလို
မာတလိ က ခွေးနက်ကြီးလို ဖန်ဆင်း
လူ့ပြည်ကို ချက်ချင်းဆင်းချလာပါပေါ့  ၊
မဖြစ်ချေဘူးဆိုပြီး
“ လောကကြီးပျက်တော့မယ် ”
“ လောကကြီးပျက်တော့မယ် ”
“ လောကကြီးပျက်တော့မယ် ” အော်လို့ ဟစ်လို့
ဘိုးသိကြား က မုဆိုးကြီးလို
မာတလိ က ခွေးနက်ကြီးလို ဖန်ဆင်း
လူ့ပြည်ကို ချက်ချင်းဆင်းချလာပါပေါ့  ၊
ဒီတော့မှ
ခွေးနက်ကြီးကိုမြင်ပြီး
ကြောက်လွန်း လန့်လွန်းလို့
တနိုင်ငံလုံး နန်းရင်ပြင်ထဲ ၀ရုန်းသုန်းကား
ပြေးကြ ပုန်းကြနဲ့
ဥသီနကဘုရင်ကြီးတောင် အကြောက်လွန်လို့
ပြဿ ဒ်ပေါ်တက်ပြေးသွားပါသတဲ့ ။
ခွေးနက်ကြီးကိုမြင်ပြီး
ကြောက်လွန်း လန့်လွန်းလို့
တနိုင်ငံလုံး နန်းရင်ပြင်ထဲ ၀ရုန်းသုန်းကား
ပြေးကြ ပုန်းကြနဲ့
ဥသီနကဘုရင်ကြီးတောင် အကြောက်လွန်လို့
ပြဿ ဒ်ပေါ်တက်ပြေးသွားပါသတဲ့ ။
“ ဒီခွေးနက်ကြီး နန်းတွင်းထဲ ဘယ့်နှယ်
တွင်တွင်ထိုးဟောင်နေရသလဲ မုဆိုးကြီးရဲ့ ”
ကြောက်ကြောက်နဲ့ ဘုရင်ခမျာမေးလာတော့မှ
“ ရန်သူ့ အသား စားချင်လို့
အကျင့်ပျက်မှန်ရင် ဒီခွေးနက်ကြီးရဲ့ ရန်သူ ပဲ”
ပြောပြောဆိုဆို မုဆိုးတဖြစ်လဲ
ဘိုးသိကြားက ကိုယ်ထင်ပြ
ဘုရင်နဲ့အတူအားလုံးကို တရားပြတဲ့
တရားရစေတဲ့ မဟာကဏှဇာတ်
ခုတလော မကြာမကြာ သတိရမိပါရဲ့ ၊
တွင်တွင်ထိုးဟောင်နေရသလဲ မုဆိုးကြီးရဲ့ ”
ကြောက်ကြောက်နဲ့ ဘုရင်ခမျာမေးလာတော့မှ
“ ရန်သူ့ အသား စားချင်လို့
အကျင့်ပျက်မှန်ရင် ဒီခွေးနက်ကြီးရဲ့ ရန်သူ ပဲ”
ပြောပြောဆိုဆို မုဆိုးတဖြစ်လဲ
ဘိုးသိကြားက ကိုယ်ထင်ပြ
ဘုရင်နဲ့အတူအားလုံးကို တရားပြတဲ့
တရားရစေတဲ့ မဟာကဏှဇာတ်
ခုတလော မကြာမကြာ သတိရမိပါရဲ့ ၊
ကမ္ဘာလောကကြီး သာယာဖို့
လောကကြီးကို အလှပြန်ဆင်နိုင်ဖို့
မုဆိုးကြီးလို၊ ခွေးနက်ကြီးလို
ဘိုးသိကြားရဲ့ ပါဖောမ်မန့် နဲ့
မာတလိ ရဲ့ ပါဖောမ်မန့် နဲ့
ညစ်ပွဲတွေ စစ်ပွဲတွေ ရပ်တန့်စေဖို့
မုဆိုးကြီးရေ . . . လာပါတော့
ခွေးနက်ကြီးရေ . . . လာပါတော့ . . . ။ ။
လောကကြီးကို အလှပြန်ဆင်နိုင်ဖို့
မုဆိုးကြီးလို၊ ခွေးနက်ကြီးလို
ဘိုးသိကြားရဲ့ ပါဖောမ်မန့် နဲ့
မာတလိ ရဲ့ ပါဖောမ်မန့် နဲ့
ညစ်ပွဲတွေ စစ်ပွဲတွေ ရပ်တန့်စေဖို့
မုဆိုးကြီးရေ . . . လာပါတော့
ခွေးနက်ကြီးရေ . . . လာပါတော့ . . . ။ ။
ငါးရာ့ငါးဆယ်ဇာတ်တော်၊ ဒွါဒသကနိပါတ်၊ မဟာကဏှဇာတ်တော် ကိုမှီးပါသည် ။