Photo - Yan Naung (Bo Ta Htaung) |
တိုးအောင်တက် - NLD အစိုးရ ဖွဲ့ပြီးနောက်
(မိုးမခ) နိုဝင်ဘာ ၁၀၊ ၂၀၁၅
(မိုးမခ) နိုဝင်ဘာ ၁၀၊ ၂၀၁၅
နိုဝင်ဘာ ၈ရက်ည အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရဲ့ဌာနချုပ်ရှေ့ မှာ
ထောင်ထားသော ကြီးမားသော ကွန်ပျုတာဖန်သားပြင်ရှေ့မှာ ထောင်ပေါင်းများစွာသော
ဒေါ်အောင်ဆန်းစုကြည် ထောက်ခံသူတို့ ရွေးကောက်ပွဲ ရလဒ်ကို စောင့်မျှော်အောင်ပွဲခံလျက်ရှိပါတယ်။
တစ်ချိန်တည်းမှာပဲ နေပြည်တော်က ကြီးမားတဲ့ဥယျာဉ်
ခြံဝင်းထဲကအိမ်ဂေဟာတစ်ခုမှာ လူနည်းစုတစ်ကလည်း တိတ်တိတ်လေးကြိ တ် အောင်ပွဲခံလျက်ရှိပါတယ်။သူတို့ တွေကတော့ စစ်အာဏာရှင်အုပ်စုဟောင်းနဲ့ လက်ရှိ မကြာခင်ဆင်းပေးရတော့မယ့် အစိုးရအဖွဲ့က ထိပ်ပိုင်းလူကြီးေ တွပဲဖြစ်ပါတယ်။ သူတို့တွေ ချမှတ်ရေးဆွဲထားသော စည်းကမ်းပြည့်ဝသောဒီမိုကရေစီတည် ဆောက်ရေးလမ်းကြောင်း အောင်မြင်ေ ကြာင်း၊ နောက်တစ်ဆင့်ခြေလှမ်းအြ ဖစ် ကမ္ဘာကိုပြသခွင့်ရလို့ပဲဖြစ် ပါတယ်။
ထိုညကမြန်မာ့လေပိုင်နက်ဝေဟင်မှာ အသွားအပြန်လမ်း ပိတ်ကြပ်လျက် ရှိနေပါတယ်။ လေယာဉ်တွေမဟုတ်ဘဲ ဆိုရှယ်မီဒီယာတွေက တက်လာတဲ့အီလက် ထရောနစ် ဒေတာတွေဖြစ်ပါတယ်။ ပြည်တွင်းနေသူများ နိုင်ငံခြားရောက်နေသူများ အာလုံးသော အမိမြန်မာပြည်ကြီးပြော င်းလဲရန် မျှော်လင့်စောင့်စားေ နကြသူများရဲ့ စတေးတပ်များ ဓာတ်ပုံများ ဗီဒီယိုဖိုင်များ လူးလာခေါက်တုံ့ သွားလာကာ ပလူပျံ လျက် အောင်မြင်မှုကို မြိန်ရေလျက်ရည်ြေ ပာဆိုနေကြပါတယ်။
တစ်ခြားတစ်ဖက်မှာတော့ လက်လွှဲပေးရတော့မယ့် အစိုးရဟောင်းနဲ့ အနိုင်ရ ဒေါ်အောင်ဆန်းစုကြည်တို
ဟုတ်ပါတယ်။ ရွေးကောက်ပွဲမှာ ဒေါ်ေ
မြန်မာ့နိုင်ငံရေးအခင်းအကျင်း ဒီမိုကရေစီပြု ပြင်ပြောင်းလဲရေးမှာ ရှေ့တွင်မဟာပြိုင်ဘက်လို့အများ
ဒေါ်အာင်ဆန်းစုကြည်ရဲ့ ဒီချုပ်ဟာ ဒီအချိန်မှာ နိုင်ငံရေးပျားရေဆမ်းကာလကို ချိုမြိန်စွာ ခံစားနေချိ န်ဖြစ်တယ်။ မကြာမီ ဒီပျားရေဆမ်းကာလဟာ ကုန်လွ န်သွားမှာဖြစ်ပြီး အစိုးရသစ်ဖွဲ့ ပြီးနောက် သန်းပေါင်းများစွာသော ပြည်သူလူထု ရဲ့မျှော်လင့်ချက်ကို စတင်လက်တွေ့ အကောင်အထည် ဖော်ရမှာဖြစ်တယ်။ အရောင်မတူ အသွင်မတူ နောက်ခံရေဆေးမတူသော လူသားတစ်ဦးချင်းစီရဲ့လိုအင်ဆန္ဒဟာ ဒီမိုကရေစီစနစ်အောက်မှာအားလုံး လိုအင်ဆန္ဒပြည့်ဝအောင် လုပ်ပေးနိုင်မှာမဟုတ်ဘဲ အများဆန္ဒကို လူနည်းစုက အမြင်မတူလဲ နားလည်မှုနဲ့ လိုက်လျောပေးရခြင်း သာဖြစ်တယ်။
အာဏာရှင်စနစ်နဲ့ကွာခြားတာကတော့ အာဏာရှင်စနစ်တုန်းက အနည်းစုရဲ့ဆန္ဒကိုအများစုက မနစ်မြို့ဘဲအောင့်အီးသည်းခံ အဓမ္မနာခံခဲ့ရပြီး အကျဉ်းသားလို ချုပ်ချယ်ခံခဲ့ရေ ပမယ့် ဒီမိုကရေစီစနစ်က အားလုံး တစ်ယောက်တစ်မျိုး ထင်ရာလု ပ်ခြင်းမဟုတ်ဘဲ တစ်ဦးချင်းစီ ကိုယ်တိုင်ပါဝင်ဆန္ဒ ဖော်ထုတ်နိုင်သော်လည်း အများဆန္ဒကို လေးစားလိုက်နာရခြင်း ဖြစ်တယ်။
သို့ရာတွင် မြန်မာပြည်သူပြည်သားတို့အဖို့ ထိုသို့သဘောထားရန် မလွယ်ကူနိုင်သေး ဘဲ အစမှာ မိမိတို့လိုချင်သောပြောင်း လဲမှုကို အတင်း လိုချင်ကြလိမ့်မယ်။ တစ်ကယ်တော့ ဒီချုပ်နဲ့ကြံဖွံ့ဟာ နောက်ခံအကြောင်းအရင်းမတူကြလို့ နိုင်ငံရေးမှာ ရပ်တည်ချက်ခြင်း မတူညီကြပေမယ့် နိုင်ငံအုပ်ချုပ်ရေးဖော်ဆောင်မှုကတော့ သိပ်ကွာခြားလိမ့်မည်မဟုတ်ပါ။ စီးပွားရေးကဏ္ဍတွေမှာလည်း နှစ်ပါတီလုံးက ကယ်ပီတယ်လစ်ဇင်ကို ဖော်ဆောင်မှာဖြစ်လို့ အတူတူပဲဖြစ်ပါလိမ့်မယ်။
ခရိုနီစီးပွားရေးကို ဒီချုပ်က တို က်ရိုက်ကာကွယ်ပေးမှာမဟုတ်သော် လည်း ဆန့်ကျင်မည် မဟုတ်ပါ။ စီပွားရေးလုပ်ငန်းတွေကို ဈေးကွ က်စနစ်နဲ့ ဆက်ဖော်ဆောင်သွားမြှာ ဖစ်ပြီး ပိုမိုပွင့်လင်း မြင်သာလာမယ်၊ လွတ်လပ်စွာ ယှဉ်ပြိုင်လာနိုင်မယ် လို့တော့ မျှော်လင့်ရပါတယ်။ သို့ရာတွင် ပြသနာဖြစ်လျက်ရှိသော အရင်အစိုးရနဲ့ ဦးပိုင်ရဲ့ စာချုပ်ဟောင်းများကိုမူ
ပြန်ပြင်နိုင်ချေ နည်းပါးပါတယ်။ ရွေးကောက်ပွဲ မဲဆွယ်ကာလမှာကတည်းက
အာမခံမပေးဘဲ ဒီချုပ်မှာချည်းပဲ တာဝန်မရှိဘဲ ချုပ်ဆိုခဲ့သူတွေနဲ့သာ ပိုမိုသက် ဆိုင်ကြောင်း ဒေါ်စုကရှင်းပြခဲ့ပါ တယ်။ စာချုပ်ဟောင်းများကိုပြန်လည်စစ် ဆေးပြီး မတရားခံရသူများအတွက် လျော်ကြေးသာ ပိုရနိုင်အောင် လုပ်ပေးကောင်းပေး နိုင်မှာဖြစ်တယ်။
ပြည်သူများ မကြိုက်နှစ်သက်သော တရုတ်နဲ့ စီးပွားရေးစာချုပ်များ လည်း ပြောင်းလဲဖွယ် မရှိ။
ခြွတ်ချုံကျ၍ သုညနီးပါးဖြစ်နေသော တိုင်းပြည်တွင် သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းရေး အာဂျင်ဒါမှာ နိုင်ငံခြားငွေရရှိရေး၊ အလုပ်အကိုင်ဖွံဖြိုးရေးအောက်ရောက် နေရဦးမှာဖြစ်တယ်။ သဘာဝအရင်းအမြစ်တွေ တူးဖေါ်ရောင်းချတဲ့ စီမံကိန်းတွေအပေါ်
သူမပေါ်လစီက လက်ပံတောင်းစီမံကိန်းမှာ တောင်ကြီးထက် လူအများစားဝတ်နေရေးကို
အမေပိုဦးစားပေးမယ် ဆိုခဲ့တဲ့စကားအတိုင်းဘဲ ဆက်ရှိနေမယ်လို့ ယူဆမိတယ်။
နိုင်ငံခြားရေးမူဝါဒဟာ လည်းသိပ်မကွဲပြားနိုင်။ စစ်အစိုးရဟောင်းတုန်းက ကူမယ့်သူမရှိလို့ တရုတ်ကြီးကို ဆရာတင်ပေးပေါင်းရပေမယ့် အမေရိကန်ကို မကြာမကြာ မျက်စပစ်ပြလေ့ရှိတယ်။ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကာလ ကြံ့ခိုင်ဖွံဖြိုးရေး လက်ထက်မှာ အမေရိကန်နဲ့ အနောက်အုပ်စုကို ဘယ်လောက်လိုလားတယ်ဆိုတာ ထင်ထင်ရှားရှားပြနေပြီး တရုတ်ကိုလည်း ပထဝီအနေအထားအရ စွန့်ပစ်နိုင်ဖို့ လမ်းမမြင်ဘူး။ ဒီချုပ်ရဲ့မူဝါဒဟာလည်း ဒီနှစ်ဖက် ကို မျှကစားရေးက ရှောင်မထွက်နိုင် ဘူး။
ပြည်ထောင်စုမပြိုကွဲရေး၊ အချုပ်အချာအာဏာ မဆုံးရှုံရေးဟာနို င်ငံတိုင်းရဲ့အစိုးရအဓိကတာဝန်ြ ဖစ်လို့. ဘယ်သူတက်တက် ဒါဟာ ဦးစားပေးတာဝန်ဖြစ်တယ်။ တိုင်းရင်းသားအရေးများအတွက် ဒေါ်ေ အာင်ဆန်းစုကြည်ဟာ အပစ်ရပ်ဆဲဖို့  ယုံကြည်မှု အသစ်ဖြစ်လာလိမ့်မယ်လို့မျှော်လင့်နိုင်ပေမယ့် တပ်နဲ့ တိုင်းရင်းသား ထိပ်တိုက်ေ တွ့လာရင်၊ သူမလည်း ကျဉ်းထဲကြပ်ထဲ အေ ခြအနေထဲမှာပဲ ဖြစ်တယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့အစိုးရသစ် အတွက် လူ့အခွင့်အရေးဟာ ထောင်ခြောက်ဖြစ် လာနိုင်တယ်။ ရိုဟင်ဂျာအရေးဟာ အရေး ကြီးသောကိစ္စဖြစ်လာမှာ အသေအချာဘဲ။ အမေရိကန် ဗြိတိန် စတဲ့ အနောက်အုပ်စုများက ရိုဟင်ဂျာအရေးကို အကြောင်းပြုပြီး သူမကိုပင်လျင် ပိတ်ပင်မှု လုပ်လာနိုင်ပြီး ပြည်တွင်းတွင်လည်း ထိုဖိအားကို လက်မခံရန် တောင်းဆိုမှုတွေ ဖြစ်လာနိုင်တယ်။
ပြည်ပဖိအားနဲ့ ပြည်တွင်းတည်ငြိမ် မှု ချိန်ခွင်လျှာ ညှိရာတွင် သူမရဲ့ စိတ်နေအမျိုးအစားအရ ဦးသိန်းစိန်လို ဟိုဘက်ဒီဘက် ကစားမှာမဟုတ်ဘဲ သူမသည် ယုံကြည်ရာကို ပြတ်ပြတ်သား သား လုပ်မည့်သူဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်ဟာမျိုးချစ် ဝါဒီတစ်ဦးဖြစ်လို့ပြည်ပဖိအားကိုလက်ခံမည်မဟုတ်သလို လစ်ဘရယ်အတွေးအခေါ်ရှိသူမို့လူ့ အခွင့်အရေးကိုလည်းအလေးပေးမည်ြ ဖစ်ရာ ဖြစ်နိုင်ချေအဖြေကတော့ ထိုလှေစီးဒုက္ခသည်များကိုအတိုင်း အတာတစ်ခုထိလက်ခံမည်ဖြစ်ပြီး နောက်ထပ်မဝင်လာစေရန် တံတိုင်းဆောက်လိမ့်မည်ထင်သည်။
ဒေါ်အောင်ဆန်းစုကြည်ဟာမျိုးချစ်
သူမရဲ့အစိုးရသစ်သည်လုပ်ဆောင်စရာ များပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ စသည်ဖြင့် တန်းစီလျက်ရှိနေပြီး ထိုအရာများနောက်တွင် စိတ်ဆန္ဒလော ကြီးသော သွေးဆူလွယ်သော မရင့်ကျက်သေးသောသူများ ရှိကာ ထိုသူတို့ကို အခွင့်အရေးရယူလိုသော နိုင်ငံရေး သမားတို့ ဝန်းရံလျက်ရှိနေသည်။ ထို့ပြင် ရွေးကောက်ပွဲတွင် ပြတ်ပြတ်သားသား အနိုင်ရလိုက်ခြင်းက ဂုဏ်ယူဖွယ်ြ ဖစ်သော်လည်း တစ်ခြားအဖွဲ့အစည်းများနဲ့ လက်တွဲ နိုင်ဖို့ကလည်း အဓိကကျနေသည်။
ပြည်နယ်ကိုယ်စားပြုသောအဖွဲ့အစည်း များ၊ လူတန်းစားတစ်ရပ်ကိုယ်စားပြုေ ခါင်းဆောင်များ၊
လူနည်းစုကိုယ်စားပြုသူများကိုေ ရွေးကောက်ပွဲမဝင်ခင်ကပင် ညှိနှိုင်းမှု အားနည်းပြီး အများစုအနိုင်ရထားသော အစိုးရအနြေ ဖင့် ပါဝါသည် ဒေါ်အောင်ဆန်းစုကြည်ေ ပါ် ပုံရောက်လာနိုင်ရာ မကြာသောအချိန်တွင် ပြည်သူ့အင်အား အကွဲကွဲအပြားပြား ထွက်ပေါ်လာခြင်းကို ရှောင်နိုင်ဖို့ လိုလာမှာ ဖြစ်တယ်။ ဒေါ်အောင်ဆန်း စုကြည်ရဲ့ သဘောထားရင့်ကျက်မှုကို မြင်ရသော်လည်း သူ့အနီးအပါးနဲ့ နောက်လိုက် များရဲ့လုပ်ဆောင်မှုကလည်း သူမကို အကူအညီပေးဖို့ လိုပြီး အနှိုင်းမယ့်ကိုးကွယ်မှုကို ရှောင် ရန်လိုပေမည်။
လူနည်းစုကိုယ်စားပြုသူများကိုေ ရွေးကောက်ပွဲမဝင်ခင်ကပင် ညှိနှိုင်
ထိုသို့သောနိုင်ငံရေးအခင်းအကျင်းတွင် စစ်တပ်သည် အညှာဖြစ်လာသည်။ ဖြစ်ပေါ်လာမယ့် အခြေအနေအရရော ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့ ပါ စစ်တပ်ရဲ့အား လိုမည်ဖြစ်ရာ ဘယ်ကိုတိမ်းမလဲ ယိမ်းမလဲ ဆိုတာ အရေးအကြီးဆုံးဖြစ် လာမည်။
အစတွင်ဆိုခဲ့ပြီးအတိုင်း အခုလိုအခြေအနေပေါ်ထွက်လာအောင် စစ်အုပ်စုဟောင်းနဲ့ ဒေါ်စုတို့ကြား တရားဝင်အပေးအယူမဟုတ်သည့်တိုင် တစ်စုံတစ်ရာ အတိုင်းအတာထိ နားလည်မှုရထားပြီြး ဖစ်မည်ဟု ယူဆပြီး၊ ထိုမှသာ သူ့စည်း ကိုယ့်စည်းခြားကာ တိုင်းပြည် တိုးတက်လာအောင် လုပ်ဆောင်ကြလိမ့် မည်ဟု ယူဆမိပါသည်။
နိုင်ငံရေးမှာ ဗေဒင်ဆရာ မရှိ သလို
အကယ်၍ ဤအရာသည် ဟောလိခ်ဝုဒ်ရုပ်ရှင်မှတ်တမ်းကား ဖြစ်ခဲသော့် ၈၈၈၈မှ စခဲ့သော ဒီမို ကရေစီရရှိရေး တိုက်ပွဲသည် နိုဝင်ဘာ၈ရက်နေ့ည မှာ ဒီချုပ်ပါတီဌာနချုပ်ရှေ့ဖန်သားပြင်ကြီးအောက်ဝယ် ပြည်သူတို့ လက် ဝှေ့ရမ်းအောင်ပွဲခံပြီး အဆုံးသတ် မည်ဖြစ်သည်။ သို့သော်လည်း ဤအရာသည် မှတ်တမ်းကားထက်ပိုသော သမိုင်းစာအုပ်တစ်အုပ်ထက် ဆက်ရန် ရှိသော လူသားတို့ဘဝခရီးဖြစ်ရာ ရှေ့ဆက်ရပေဦးမည်။
အမိမြန်မာပြည်သည် ရာဇဝင်ဘီး တစ်ပတ် မကြာခဏ ပြန်လည် တတ်ရာ ထိုမှ ပို၍ ရှေ့သို့တက်လှမ်းနိုင် စေဖို့ ဆန္ဒပြုအပ်ပါသည်။