ခက်ဦး - သမီးစကား

(၂၀၁၅ ဒီဇင်ဘာ ၆ အတွက် ဂူးဂဲက မြန်မာပြည်အမျိုးသားနေ့ပုံ မြန်မာဆိုက်မှာ တင်ပေးထားပုံ)

ခက်ဦး - သမီးစကား 
(မိုးမခ) ဒီဇင်ဘာ ၆၊ ၂၀၁၅

ဒီနေ့ သမီးသူငယ်ချင်း အိသူလှိုင်
စာဖြေတာ မှားလာတယ်

နိုင်ငံတော်သီချင်းသည်
အားမာန်တက်ကြွစေပါသည်လို့
ဖြေရမှာကို အဖြေမှားရေးလာတယ်

ဖေဖေ ...

ဘာမှားတာလဲသမီး

ကွက်လပ်မှားတာ
ဟိုဟာ ...

ဘယ်လိုရေးလို့လဲ သမီး

ထိတ်လန့်စေပါသည်တဲ့      ။


                                ၂ . ၁၂ . ၂၀၁၅