ကျော်ဟုန်း - မီးငြိမ်းရေ


ကျော်ဟုန်း -  မီးငြိမ်းရေ
(မိုးမခ) ဒီဇင်ဘာ ၁၄၊ ၂၀၁၅

နှလုံးသားက လာတဲ့
ထုံစည် ရွှန်းဝေ နှုတ်ထွက်မေတ္တာ
သွေးစွန်း ဓါး တောင်
ဓါးအိမ်ထဲ ပြန်ဝင်စေခဲ့တယ်။

အဲ့ဒါ...
တန်ခိုးမဟုတ်ဘူး
တန်ဖိုး။

ပါရမီဆိုတာ
အကျင့်က ပြုလုပ်တယ်။

ဓါးမိုးထားတဲ့ သြဇာထက်
ပန်းသီထားတဲ့ သြဇာ
ဘယ်အရာ ပိုမြတ်သလဲ။

မေတ္တာဓာတ်ဟာ
ဒဏ္ဍာရီ ဆန်လွန်းတော့
ပုံရိပ်အသွင်နဲ ပျော့ပျောင်းပြရမြဲ။

မီးနဲ့ ရေ အတွေ့ မှာ
ရေငွေ့ ပျံသွားတဲ့ မေတ္တာ
တိမ်စိုင်မှာ တည်နေမယ်။

အချိန်ကျရင်
မိုးအဖြစ်ရွာချမှာပဲ
၁၁ မီးငြိမ်းစေ။

ကျော်ဟုန်း
ဒီဇင်ဘာ ၁၂၊ ၂၀၁၅