ဟန်သစ်နိုင် - ကျူးကျော်မြေများဟုဆိုကာ စီးပွားရေးဦးပိုင်က ဖျက်ဆီးသိမ်းပိုက်မှုများ ပြုလုပ်
ဟန်သစ်နိုင် -  ကျူးကျော်မြေများဟုဆိုကာ စီးပွားရေးဦးပိုင်က ဖျက်ဆီးသိမ်းပိုက်မှုများ ပြုလုပ် 
(မိုးမခ) ဇန်န၀ါရီ ၂၆၊ ၂၀၁၆
မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စုရှိ မြဲမြန်အောင်စိုက်ခင်း၊ မြဝတီစိုက်ခင်း၊ သမာဓိစိုက်ခင်းနှင့် ဓမ္မပါလရပ်ကွက်ရှိ  အိမ်ခြေ ၁၀၀၀ နီးပါး ရှိသောနေအိမ်များအား မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်မှ ပိုင်ဆိုင်သည်ဟု ဆိုကာ ဇန်နဝါရီ ၂၅ရက်နေ့ကနေအိမ်များကိုဖျက်စီး ပစ်ရန် ဘူဒိုဇာစက်များနှင့် ရဲအများအပြားရောက် ရှိနေပြီဖြစ်သည်။
ယခုအခါတွင် ၂၀၁၆ခုနှစ် ဇန်နဝါရီ၂၅ရက် နေ့လည် ၁၂နာရီတွင် ရန်ကုန် တိုင်းဒေသကြီးမှရဲချုပ်ဦးမြဝင်း၊ ၊ပြည်ထဲရေး ဝန်ကြီးမှရဲမှူးများ ခရိုင်ထွေအုပ်နှင့် မင်္ဂလာဒုံမြို့ နယ်ထွေအုပ် ဦးအောင်ဇင်ဦးတို့မှ စိုက်ခင်းအတွင်း နေထိုင် လျက်ရှိသူများကို ဆွေးနွေးမှုပြုလုပ်ခဲ့ သည်။ ဆွေးနွေးမှုတွင် နံနက်၆နာရီအတွင်း မြဲမြန်အောင်စိုက်ခင်း၊ မြဝတီစိုက်ခင်းနှင့်သမာဓိစိုက် ခင်းများရှိနေ အိမ်၅၀၀ကျော်ကို ဖျက်ဆီးပေး ထားရန်၊ မဖျက်ထားပါက နံနက်၆နာရီတွင်စတင်
ဖျက်ဆီး ပစ်မည်ဖြစ်ပြီး ဓမ္မပါလရက်ကွက်ကိုမူ အကန့်သတ်မဲ့ နေခွင့်ပြုထားမည်ဟု သိရ သည်။
မင်္ဂလာဒုံမြို့နယ်မှ NLDဥက္ကဌ ဒေါ်ညွှန့်မေသာမှလည်း နေထိုင်သူများအားငြိမ်း ချမ်းစွာတုန့်ပြန်ရန် လာရောက်ပြောပြပေးခဲ့သည်။