မောင်ဖေသက်နီ - စရိတ်စကသက်သာတဲ့ နေရောင်စွမ်းအင်တွေက လျှပ်စစ်ဓါတ်အား ဖန်တီးသုံးစွဲနိုင်

မောင်ဖေသက်နီ - စရိတ်စကသက်သာတဲ့ နေရောင်စွမ်းအင်တွေက လျှပ်စစ်ဓါတ်အား ဖန်တီးသုံးစွဲနိုင်
(မိုးမခ) ဖေဖော်ဝါရီ ၄၊ ၂၀၁၆

၂၀၁၆ ခုနှစ် ဇန်န၀ါရီလ ၂၂ ရက်နေ့ထုတ် နေရှင်နယ် ဂျော်ဂရော်ဖစ် မဂ္ဂဇင်း National Geographic Magazine မှာ ၀ဲန်ဒီ ကို့ ခ်ျ Wendy Koch ရေးသားပြီး မောင်ဖေသက်နီ မြန်မာဘာသာပြန်ပါတယ်။
 
လောင်စာဆီဈေးနှုန်းတဟုန်ထိုး မြင့်တက်နေတဲ့ အသံတွေကို စတော့ (တ်) မားကက်တွေမှာ နေ့စဉ်ရက်ဆက်ကြားနေရပါ တယ်။ ငွေရှင်ကြေးရှင် ရင်းနှီးမြှပ်နှံသူတွေကတော့ နေရောင်ခြည်၊ လေစွမ်းအင်နဲ့တခြားသန့်ရှင်းတဲ့ စွမ်းအင်တွေကို အမြတ် အစွန်းရရှိဖို့အတွက် သူတို့နည်းသူတို့ဟန်နဲ့ စဉ်းစားတွေးခေါ်နေကြပါပြီ။ ဘာကြောင့် သူတို့အဲဒီလိုစဉ်းစားကြရသလဲကို လေ့ လာကြည့်ကြရအောင်။

(အခု တွေ့နေရတာက ဒိန်းမတ်နိုင်ငံပိုင် ဆမ်ဆောကျွန်း Samso Island ရဲ့ ပုံဖြစ်ပါတယ်။ အဲဒီမှာ နေထိုင်သူတွေဟာ သူတို့ အဓိကလိုအပ်တဲ့ လျှပ်စစ်ဓါတ်အားတွေကို Wind turbines လို့ခေါ်တဲ့ လျှပ်စစ်ဓါတ်အားထုတ်လေရဟတ်တွေက ထုတ်ပေး နေကြတာဖြစ်ပြီး ဒီဓါတ်ပုံကို နေရှင်နယ် ဂျော်ဂရော်ဖစ် မဂ္ဂဇင်း National Geographic Magazine ရဲ့ ဓါတ်ပုံဆရာ အင်ဒရူး အဲန်ဒါဆင် Andrew Hendersen က ရိုက်ကူးထားတာဖြစ်ပါတယ်)
=======

ကျမတို့နေထိုင်နေကြတဲ့ ဟောဒီ့ကမ္ဘာမြေကြီးပေါ်မှာ နေ့စဉ်နဲ့အမျှ လောင်စာဆီတွေရဲ့ ဈေးနှုန်းတွေဟာ တဟုန်ထိုးမြင့် တက်သွားနေတာ လူတိုင်း မျက်မြင်ကိုယ်တွေ့ပါပဲ။ ဒါပေမယ့် လောင်စာဆီဈေးကွက်ကြီး သန့်ရှင်းလာစေရေးအတွက် ရာစု နှစ်တွေနဲ့ချီပြီး ကျမတို့ကြိုးစားလာခဲ့ကြပေမယ့် နေရောင်ခြည်နဲ့ လေစွမ်းအင်တွေအသုံးပြုပြီးထုတ်လုပ်တဲ့ သန့်ရှင်းတဲ့လောင် စာဆီဈေးကွက်အဖြစ်ကို ရောက်ရှိမလာကြသေးပါဘူး။

လောင်စာဆီ တပေပါဈေးနှုန်းဟာ ဒေါ်လာ ၃၀ ထက်နိမ့်ကျလာတာဆိုတော့ လွန်ခဲ့တဲ့ ၁၂ နှစ်တာကာလအတွင်းမှာ အနိမ့် ဆုံးအဆင့်အထိ ကျလာခဲ့တာဖြစ်တဲ့အတွက် စတော့ဈေးကွက်ကို အကြီးအကျယ်လှုပ်ခတ်သွားစေခဲ့တာပါ။ အထူးသဖြင့် ရေနံထုတ်လုပ်တဲ့နိုင်ငံတွေဖြစ်ကြတဲ့ ရုရှားနဲ့ ဆော်ဒီအာရေးဗီးယားနိုင်ငံတွေဟာ နစ်နာမှုတွေ အကြီးအကျယ်ရင်ဆိုင်ခဲ့ကြရပါ တယ်။ ကျွဲကူးရေပါဖြစ်တဲ့ သဘာဝဓါတ်ငွေ့ဂက်စ်တန်ဖိုးဟာလည်း ကျဆင်းလာခဲ့ပါတယ်။ အဲဒါကြောင့် စွမ်းအင်လောင်စာ ကုမ္ပဏီတွေဟာ မျှော်မှန်းသလောက်အထိ အမြတ်အစွန်းတွေ မရရှိ ခဲ့တဲ့အတွက် ဘီလီယံနဲ့ချီတဲ့ အမြတ်အစွန်းရရှိလာနိုင်မယ့် စီမံကိန်းတချို့ကို ဖျက်သိမ်းလိုက်ပြီး ထောင်သောင်းချီတဲ့ ၀န်ထမ်းအများအပြားကို အလုပ်တွေကနေ ရပ်ဆိုင်းခဲ့ကြရပါတယ်။

အမေရိကန်နိုင်ငံ တက္ကဆက်မြို့ မှာ shale-rich oil deposits လို့ခေါ်တဲ့အရာ [(ဘာသာပြန်သူရဲ့ ကိုးကားတင်ပြချက်။  ။ Shale-rich oil deposits ဟာ Oil shale ဆိုတဲ့ ကျောက်သားပြင်အမျိုးအစားတမျိုး (တခါတရံမှာ kerogen shale လို့လည်း ခေါ်တတ်ကြတယ်) ဟာ အပူဓါတ်တွေများလာတဲ့အခါ လောင်စာထဲမှာပါတဲ့ဓါတုဒြပ်ပစ္စည်းတွေ ဓါတ်ပြောင်းလဲလာတဲ့ အရည်တမျိုးဖြစ်ပါတယ်။ သူ့ဒြပ်ပေါင်းကျောက်ထဲမှာ ဟိုက်ဒြိုဂျင်ကာဗွန်ဓါတ်တွေပါဝင်တာကြောင့် အပူဓါတ်တွေများလာ တဲ့အခါ အရည်ပျော်စေနိုင်တဲ့ ဂုဏ်သတ္တိ ရှိလာပါတယ်။ ကျောက်သားပြင်တွေကို လွန်ပူနဲ့ထိုးဖေါက်တဲ့အခါ ရေနံတွင်းတွေ ဒါမှမဟုတ် ရေတွင်းတွေတူးတဲ့အခါမျိုးမှာလို ဂက်စ်တွေထွက်လာလေ့ရှိပါတယ်။ အဲဒီ ဟိုက်ဒြိုကာဗွန်ဓါတ်တွေကို သဘာဝ ပါတ်ဝန်းကျင်သန့်ရှင်းစေရေးအတွက် တခြားကဏ္ဍတွေမှာ ပြန်လည်အသုံးပြုပါတယ်။ ဒီအကြောင်းအရာကို http://geology.com/usgs/oil-shale/ မှ ကိုးကားပါတယ်] သတ္တုဓါတ်ပါဝင်တဲ့ ကျောက်သားတွေကို အရင်တချိန်တုန်းက လမ်း ခင်းအသုံး ပြုခဲ့ကြတဲ့အတွက် အခုလက်ရှိခေတ်ကာလမှာ မတွေ့ ရတော့သလောက်ဖြစ်နေပါပြီ။

ဒါပေမယ့် နေရောင်ခြည်တွေနဲ့လေထုတွေဟာ တကယ်သန့်ရှင်းတဲ့စွမ်းအင်ဓါတ်တွေကို ထုတ်လုပ်ပေးနိုင်ပါရဲ့လော။ အဲဒီ စွမ်းအင်တွေဟာ ဆက်လက်ထုတ်လွှတ်ပေးနေသည်မဟုတ်သလော။ မနှစ်တုန်းက ဘလုမ်းဘာဂ်ဘဏ္ဍာရေး စွမ်းအင်ဌာန သစ် Bloomberg New Energency Finance (BNEF) ဆိုတဲ့ စွမ်းအင်ထုတ်လုပ်ရေးသုတေသနဌာနက ၂၀၀၄ ခုနှစ် တနှစ်ထဲအတွင်းမှာခြောက်ကြိမ်တိတိ စမ်းသပ်ခဲ့တဲ့အတွက် အမေရိကန်ဒေါ်လာ ၃၂၉ ဘီလီယံအထိ ရင်းနှီးအသုံးပြုခဲ့တယ် လို့ သိရှိရပါတယ်။ သဘာဝနေနဲ့လေတွေကိုအသုံးပြုပြီး လိုအပ်တဲ့စွမ်းအင်တွေကို ထုတ်လုပ်နိုင်ခဲ့တယ်ဆိုတဲ့ မှတ်တမ်းတင် ထားခဲ့တာပါ။

သန့်ရှင်းတဲ့ လေထုတခုဖြစ်လာစေဖို့အတွက် လောင်စာဆီဈေးနှုန်းတွေ လုံးဝလျော့ကျသွားစေဖို့ကိစ္စဟာ သူတို့ရဲ့ အရင်း အမြစ်တွေအပေါ် မူတည်နေပါတယ်။ အမေရိကန်နိုင်ငံမှာဆိုရင် သဘာဝဓါတ်ငွေ့ဂက်စ်ဟာ ဘယ်နေရာမှာပဲဝယ်ဝယ် တဂါလံကို ၂ ဒေါ်လာထက် မပိုပါဘူး။ မနှစ်ကဆိုရင် အရင်နှစ်တွေထက်စာရင် SUV လို့ လူတွေခေါ်ကြတဲ့ Sport Utility Vehicle မော်တော်ယာဉ်တွေ (တနည်း လျှပ်စစ်နဲ့မောင်းနှင်တဲ့ယာဉ်တွေ) အသုံးများလာတဲ့အတွက် လျှပ်စစ်ဓါတ်အားကို ပိုပြီးမှီခိုအားထားလာရပါတယ်။ တကမ္ဘာလုံးမှာ အဲဒီလို Electric Vehicle (EV) လို့ခေါ်တဲ့ လျှပ်စစ်မော်တော်ယာဉ်တွေ အသုံးပြုမှုအမြင့်ဆုံးအဆင့်အထိ မရောက်သေးပေမယ့် တဖြည်းဖြည်း တိုးလာနေပါတယ်။

“မဖြစ်ရဘူးလို့ကျနော်တို့ဆိုလိုတာ မဟုတ်ပါဘူး။ ဖြစ်လာရင်လည်း ကောင်းမွန်တဲ့ ဖြစ်ထွန်းတိုးတက်မှုပေါ် အကောင်းမြင်တဲ့ အမြင်နဲ့ရှုမြင်ကြဖို့က အရေးကြီးပါတယ်။ လောင်စာစွမ်းအင်တွေ သန့်ရှင်းမှုနောက်ကွယ်မှာ အလွန်လျင်မြန်တဲ့ ဖြစ်ပေါ်တိုး တက်မှုတွေရှိနေပါတယ်” လို့ ဘလုမ်းဘာဂ်ဘဏ္ဍာရေး စွမ်းအင်ဌာနသစ် Bloomberg New Energency Finance (BNEF) ဆိုတဲ့ စွမ်းအင်ထုတ်လုပ်ရေး သုတေသနဌာန အကြီးအကဲ အဲန်းဂတ်(စ်) မက်ခရုန်း Angus McCrone က ပြောဆိုခဲ့ပါတယ်။

သူက ဘာ့ကြောင့်လဲဆိုတဲ့အကြောင်း တခြားပညာရှင်တွေကို ထပ်မံရှင်းပြတဲ့အချက်တွေထဲမှာ့

၁။ အစိုးရတွေက ဈေးနှုန်းတွေကျဆင်းအောင်လုပ်ပေးမယ်ဆိုတဲ့ မက်လုံးပေးပြီး လုပ်ကိုင်လာတဲ့အခါမျိုးမှာ ဖြစ်တတ်ပါ တယ်။
လောင်စာဆီနဲ့သဘာဝဓါတ်ငွေ့ဂက်စ်တွေကိုသာမကပဲ နေနဲ့လေစွမ်းအင်တွေကို အရင်နှစ်တွေကထက် ပိုပြီးသက်သာတဲ့ ဈေးနှုန်းနဲ့သတ် မှတ်ပေးခဲ့မယ်ဆိုရင် ဖြစ်နိုင်ပါတယ်။ ၂၀၀၈ ခုနှစ်ကတည်းက အမေရိကန်အစိုးရရဲ့ ကိန်းဂဏန်းတွေအရ ချိန်ခွင်လျှာချိန်သီးရဲ့ ၆၀ ရာခိုင်နှုန်းဟာ နေရောင်ခြည်စွမ်းအင်ပေါ်မှီတည်ပြီး ၄၀ ရာခိုင်နှုန်းဟာ လေစွမ်းအင်တွေအပေါ်မှီတည်နေမယ်ဆိုရင် သက်သာတဲ့ ဈေးနှုန်းတွေဖြစ်လာ အောင် ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။

“နိုင်ငံအတော်များများဟာ ယှဉ်ပြိုင်မှုကို အလေးအနက်ထားကြတယ်” လို့ အိုင်အိတ်ခ်ျအက်စ် Information Handling Services  (IHS) ခေါ် သတင်းအချက်အလက်ဖြန့် ဖြူးရေးအဖွဲ့ရဲ့ အကြီးတန်းသုတေသနမှူး အဲလက်စ် ကလိမ်း Alex Klein က ပြောဆိုလိုက်ပါတယ်။ (ဘာသာပြန်သူ့ကိုးသားချက်။       ။ အိုင်အိတ်ခ်ျအက်စ် IHS  ဟာ သဘာဝဓါတ်ငွေ့ ဂက်စ် တွေ၊ လောင်စာဆီတွေနဲ့ပတ်သက်ပြီး လေ့လာသုတေသနလုပ်နေတဲ့ ပုဂ္ဂလိကကုမ္ပဏီတခုဖြစ်ပါတယ်။ သူတို့ဟာ သူတို့ လေ့လာတွေ့ရှိရတာတွေကို ပုံမှန်ထုတ်ပြန်လေ့ရှိပါတယ်။ အဲဒီ့ကုမ္ပဏီကို ၁၉၉၈ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ် Colorado အီးဂယ်ဝုဒ်မြို့ Englewood မှာ အခြေစိုက်ထားပါတယ်) လောင်စာဆီမှာ သိပ်ပြီးယှဉ်ပြိုင်စရာမရှိဘူးလို့သတ်မှတ်ထားသူဖြစ်ပေမယ့် ဂက်စ်မှာတော့ လျှပ်စစ်ဓါတ်အားထုတ်လုပ်မှုအပိုင်းမှာ အများကြီးယှဉ်ပြိုင်ရ လိမ့်ဦးမယ်လို့ ထင်မြင်နေသူတဦးဖြစ်ပါတယ်။

သဘာဝဓါတ်ငွေ့ဟာ ဈေးနှုန်းသက်သာတယ်ဆိုပေမယ့် နေရောင်ခြည်နဲ့လေစွမ်းအင်တွေနဲ့စာရင် အမေရိကန်အစိုးရက ပြ ဌာန်းထားတဲ့ လျှပ်စစ်စွမ်းအားပေါ်လစီသစ်အရ နေရောင်ခြည်နဲ့လေစွမ်းအင်သုံးစွဲမှုကုန်ကျစရိတ်ဟာ ၆၀ ရဲ့အထက်မှာ ဆက်ပြီးမြင့်တက်နေပါသေးတယ်လို့ အမေရိကန်နိုင်ငံရဲ့ စွမ်းအားသုံးစွဲမှုဆိုင်ရာဌာနခွဲ ဒီလွိုက်တဲ Deloitte ရဲ့ ပြောရေးဆို ခွင့်ရှိသူ မာလဲန် မော်တီကာ Marlene Motyka က ပြောဆိုခဲ့ပါတယ်။

အဲဒီလိုမျိုးမြင့်တက်လာတာဟာ အခုအချိန်မှာ အသစ်အဆန်းတခုလိုဖြစ်နေပါပြီ။ “ဒီဈေးနှုန်းမျိုးအတိုင်း ဆက်ပြီးရှိနေဖို့လိုပါ တယ်” လို့ သောက်သုံးရေ တန်ဖိုးသတ်မှတ်ပေးတဲ့အဖွဲ့အစည်း PricewaterhouseCoopers (PwC) လို့လည်းခေါ်တွင်တဲ့ ရာသီဥတုအပြောင်းအလဲဆိုင်ရာ သုတေသနဌာန ဒါရိုက်တာ ဂျိုးနသန် ဂရန့်  Jonathan Grant က ပြောဆိုခဲ့ပါတယ်။

သူတို့ရဲ့ စီးပွားရေးစံနှုန်းသတ်မှတ်ချက်တွေက တိုးတော့တိုးတက်လာပါရဲ့။ “အခုလိုမျိုး နေရောင်ခြည်ကို သုံးစွဲလာကြမယ် ဆိုရင် ကုန်ကျစရိတ်တွေ သက်သာစေရုံတွင်မကပဲ တခြားနေရာတွေမှာလည်း အခုထက် ပိုမိုကောင်းမွန်လာမှာပါ” လို့ တက္ကဆက်ပြည်နယ် ဟူစတန်မြို့ မှာ အခြေစိုက်တဲ့ မက္ကင်န်ဆေ အဲန် ကုမ္ပဏီ McKinsey & Company ရဲ့ ဒါရိုက်တာ စကော့တ် နီကွစ္စ Sott Nyquist က သူ့ ရဲ့ သုတေသနမှတ်တမ်းတခုထဲမှာ ရေးသားခဲ့ပါတယ်။ အဲဒါရဲ့ပြောင်းပြန်အနေနဲ့ အမေရိကန်နိုင်ငံထဲမှာ အရင်က မတက်ခဲ့ဖူးတဲ့ ကျောက်မီးသွေးတန်ဖိုးတွေဟာ အလွန်အမင်းမြင့်တက်လာနိုင်တယ်လို့ သူ က ခန့်မှန်းခဲ့ပါတယ်။

အမေရိကန်နိုင်ငံရဲ့ ကွန်ဂရက်လွှတ်တော်က သူတို့ရဲ့ အခွန်ကောက်ခံမှုစနစ်ကို ထပ်မံသက်တမ်းတိုးလိုက်တဲ့အတွက် နေရောင်ခြည်နဲ့လေ စွမ်းအင်တွေကို အသုံးပြုတဲ့မူဝါဒကို နောက်ထပ်ငါးနှစ်သက်တမ်းတိုးပြဌာန်းလိုက်ပြီးနောက်ပိုင်းဆိုရင် အသုံးပြုစရိတ်စကတွေ အခုထက်ပိုမို မြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းပြောဆိုမှုတွေရှိနေကြပါတယ်။ ဘလုမ်းဘာဂ် ဘဏ္ဍာရေး စွမ်းအင်ဌာနသစ် Bloomberg New Energency Finance (BNEF) က ဂျီဂါဝတ် gigawatt ၂၀ ထက်ပိုပြီး သုံးမယ်ဆိုရင် နေရောင်ခြည်သုံးစွဲစရိတ်အဖြစ် အခွန်အခကို ပိုတိုးပြီးကောက်ခံလိမ့်မယ်လို့ခန့် မှန်းတွက်ဆနေကြပါတယ်။ အဲဒီလိုကောက်ခံမယ်ဆိုတဲ့ အဆိုကို ၂၀၁၅ ခုနှစ် မတိုင်မီ ကြိုတင်သတ်မှတ် ပြဌာန်းမယ်လို့ခန့်မှန်းနေခဲ့ကြတာပါ။

၂။ ပြည်သူလူထုက တောင်းဆိုမှုများလာတာနဲ့အမျှ ဈေးနှုန်းလျှော့ချရေးပေါ်လစီတောင်းဆိုမှုဟာ နိဌိတံသွားရတော့မည်
ကမ္ဘာလုံးဆိုင်ရာ သဘာဝပါတ်ဝန်းကျင်ကိစ္စတွေအတွက် စွမ်းအင်လောင်စာမူဝါဒတွေကို ပြောင်းလဲကျင့်သုံးကြဖို့ကို ကမ္ဘာ့ နိုင်ငံအများစုက လိုလားတောင့်တနေကြပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့လျှော့ချရေးကိစ္စကို နိုင်ငံအတော်များများ က သဘောတူလက်ခံခဲ့ကြပါတယ်။ သူတို့က လောင်စာဆီ၊ သဘာဝဓါတ်ငွေ့ဒါမှမဟုတ် ကျောက်မီးသွေးတွေ မီးလောင် ကျွမ်းမှုတို့ဟာ Greenhouse လို့ခေါ်တဲ့ 'မြစိမ်းရောင်' ဖန်ပြွန်ကြီးပျက်စီးမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။ (ဘာသာပြန်သူရဲ့ ဖြည့်စွက်မှတ်စု။ ။ ၂၀၀၅ ခုနှစ် ဂျပန်နိုင်ငံ ကျိုတို ရှေးဟောင်းမြို့တော်မှာပြုလုပ်ခဲ့တဲ့ တကမ္ဘာလုံးဆိုင်ရာ ရာသီဥတုဆိုင်ရာ ညီလာခံကြီးက ကမ္ဘာ့လေထုညစ်ညမ်းမှုကို 'အစိမ်းရောင်ဖန်ပြွန်ကြီး ပျက်စီးမှု' ဆိုတဲ့ စကားရပ်နဲ့ဖန်တီးသုံးစွဲသွားခဲ့ပါတယ်။ အဲဒီအချိန်ကစပြီးကမ္ဘာ့လေထုညစ်ညမ်းမှုနဲ့ပါတ်သက်လာရင်'အစိမ်းရောင်ဖန်ပြွန်ကြီးပျက်စီးမှု' ဆိုတဲ့ စကားရပ်ကိုပဲ ယနေ့ ထက်တိုင် ဆက်လက်အသုံးပြုလာခဲ့ပါတော့တယ်) အမေရိကန်နိုင်ငံမှာ လျှပ်စစ်ဓါတ်အားထုတ်လုပ်မှုတွေကို ၂၀၃၀ ခုနှစ် မှာ ၃၂ ရာခိုင်နှုန်းအဆင့်အထိ လျှော့ချမယ်လို့ ၂၀၀၅ ခုနှစ် လျှပ်စစ်ဓါတ်အားထုတ်လုပ်မှုနဲ့ နှိုင်းယှဉ်ပြီး အမေရိကန်သမ္မတ ဘားရက် အိုဘားမား ထောက်ပြပြောဆိုခဲ့ဖူးပါတယ်။ ဆိုလိုတာက မော်တော်ယာဉ်သုံးလောင်စာဆီတွေဟာ ၂၀၂၅ ခုနှစ် ရောက်ရင် လက်ရှိတန်ဖိုးထက် နှစ်ဆမြင့်တက်လာနိုင်တယ်လို့အမေရိကန်ပြည်သူပြည်သားတွေကို ရည်ရွယ်ပြောဆို သွား ခဲ့တာပါ။

အိန္ဒိယလိုနိုင်ငံတချို့မှာတော့ သိပ်ပြီးညစ်ညမ်းနေတဲ့လေကို ပြုပြင်နိုင်ဖို့အတွက် လေထုကိုပြန်လည်အသုံးချနိုင်မယ့် နည်း လမ်းတွေကို ရှာဖွေအသုံးပြုနေကြပါပြီ။ တရုတ်နိုင်ငံဟာ ကုန်ကျစရိတ်လည်း မများလှဘဲနဲ့ အင်မတန်ညစ်ညမ်းနေတဲ့ ရုပ်ကြွင်းတွေကို ကျောက်မီးသွေး လောင်စာတွေအစား အသုံးပြုလာနေကြပါတယ်။

အာဖရိကတိုက်မှာရှိတဲ့ မဖွံ့ဖြိုးသေးတဲ့နိုင်ငံတွေမှာ ဗဟိုဦးစီးစနစ်နဲ့အုပ်ချုပ်နေမှုတွေရှိနေတာကြောင့်နဲ့လျှပ်စစ်ဓါတ်အားအသုံးပြုရင် ကုန်ကျစရိတ်များလွန်းတာတွေကြောင့် ကုန်ကျစရိတ်လည်းသက်သာပြီး သဘာဝအလျောက်ရရှိနိုင်တဲ့ နေရောင်ခြည်ကိုဘဲ လူအတော်များများက အသုံးပြုနေကြရပါတယ်။ ချမ်းသာကြွယ်ဝတဲ့နိုင်ငံတွေမှာ နေရောင်ခြည် စွမ်းအင်ကို အသုံးပြုပြီး လျှပ်စစ်ဓါတ်အားကို အသုံးပြုနိုင်ကြပေမယ့် “ဟာရီကိန်း” လို သဲမုန်တိုင်းကြီးတွေပေါ်ပေါက်လာရင် လျှပ်စစ်ဓါတ်အားတွေ ပြတ်တောက်မှုတွေနဲ့ကြုံတွေ့ရလေ့ရှိပါတယ်။ လျှပ်စစ် ဓါတ်အားထုတ်ဖို့လေ့လာနေတဲ့ ဒေသခံ တက္ကသိုလ်ကောလိပ်ကျောင်းသူကျောင်းသားတွေဟာ အနီးပါတ်ဝန်းကျင်မှာရှိတဲ့ အိမ်တွေ (အိမ်အမျိုးအစားတွေပေါ်မူ တည်ပြီး) အတွက် နေရောင်ခြည်သုံးလျှပ်စစ်ဓါတ်အားကို ဘယ်လိုထုတ်လုပ်ကြမလဲဆိုတာကို စူးစမ်းလေ့လာနေကြ ပါ တယ်။

ကာဗွန်ဓါတ်ငွေ့ထွက်ပေါ်မှုနည်းပါးတဲ့၊ ကာဗွန်ဓါတ်ငွေ့ထွက်ပေါ်မှုလုံးဝမရှိအောင် ဘယ်လိုလုပ်ကြရမလဲဆိုတဲ့ အစားထိုး နည်းပရိယာယ်ကို နိုင်ငံတော်အစိုးရနဲ့ဒေသဆိုင်ရာအစိုးရအဖွဲ့တွေ ပူးပေါင်းပြီး လေ့လာသုံးသပ်နေကြပါပြီ။ အမေရိကန်နိုင်ငံမှာ တဒါဇင်လောက်ရှိတဲ့ ပြည်နယ် တွေဟာ သူတို့အသုံးပြုဖို့လျှပ်စစ်ဓါတ်အားပမာဏကိုရရှိဖို့လိုအပ်နေပါတယ်။ လွန်ခဲ့တဲ့ ဇန်န၀ါရီလ ၂၈ ရက် ကြာသာပတေးနေ့မှာ (၅၆) ယောက်မြောက် နယူးယောက်မြို့ တော်ဝန် အဲန်ဒရူး ကူ အိုမို Andrew Cuomo က သူ့ သက်တမ်းကာလတွေအတွင်းလျှပ်စစ်စွမ်းအားရရှိစေ ရေးအတွက် အမေရိကန်ဒေါ်လာ ၅ ဘီလီယံကို အသုံးပြုသွားမယ်လို့ပြောကြားခဲ့ပါတယ်။ ဟာဝိုင်ယီပြည်နယ်ကတော့ ၂၀၄၅ ခုနှစ်မှာ လျှပ်စစ်ဓါတ်အား ဆိုင်ရာပေါ်လစီကို ပြန်လည်သုံးသပ်မယ်လို့ပြောဆိုနေပါတယ်။ ဗားမောင့်ပြည်နယ်ကတော့သူ့ ပြည်နယ်ရဲ့လျှပ်စစ်ဓါတ်အား သုံးစွဲမှုဟာ ၂၀၃၂ ခုနှစ်ရောက်တဲ့အခါ ၇၅ ရာခိုင်နှုန်းရှိလာနိုင်တယ်လို့ပြောဆိုခဲ့ပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်ကတော့ ၂၀၃၀ ခုနှစ်ရောက်တဲ့အခါ  ၅၀ ရာခိုင်နှုန်းအထိရှိလာနိုင်မယ်လို့ နယူးယောက်မြို့ တော်ဝန် အဲန်ဒရူး ကူအိုမို က ဆက် လက်ပြောဆိုသွားခဲ့ပါတယ်။

၃။ အတူအကွပူးပေါင်းဆောင်ရွက်ခြင်းကြောင့် အင်အားပိုမိုတောင့်တင်းလာနိုင်ပါတယ်
ကုမ္ပဏီတွေဟာ လုပ်နည်းလုပ်ဟန်တွေက အားလုံး ခပ်ဆင်ဆင်တွေချည့်ပါဘဲ။ “ပါရီရာသီဥတုပြောင်းလဲမှု ထိပ်သီးတွေး နွေးပွဲ Paris climate summit”  မှာ “အဓိကဆွေးနွေးခဲ့တဲ့အကြောင်းအရာ” ကတော့ “အတူတကွပူးပေါင်းဆောင်ရွက်ရေး” ဖြစ်ပြီး ၂၀၁၆ ခုနှစ် ဇန်န၀ါရီလကုန်လောက်ကျရင် လုပ်ငန်းစဉ်မူကြမ်းကို အင်္ဂလန်နိုင်ငံမှာ အပြီးသတ်ရေးဆွဲပြီးသွားမှာလို့သိရှိရပါတယ်။ အဲဒီအပြီးသတ်မူထဲမှာ တကမ္ဘာလုံးမှာရှိတဲ့ အကြီးဆုံးကုမ္ပဏီကြီးတွေဟာ ဘယ်နည်းဘယ်ပုံ ကာဗွန်ဓါတ်ကင်းစင်စေရေးနဲ့အကျိုးကျေးဇူးရအောင် လုပ်နေကြသလဲ ဆိုတာမျိုးတွေကို ဖေါ်ပြပါရှိမယ်လို့သိရှိရပါတယ်။

“ထည့်ဝင်လာကြမယ့် အရင်းအနီးတွေ ရရှိလာအောင် ဘယ်လိုလုပ်ရမလဲဆိုတာကိုလည်း ပြောပြထားမှာပါ။ ကျမအနေနဲ့ ကတော့ လုပ်နေတဲ့ လုပ်ငန်းတွေဟာ မအောင်မြင်နိုင်ဘူးလို့မထင်ပါဘူး” လို့ ဒီလွိုက်တဲ Deloitte ရဲ့ ပြောရေးဆိုခွင့်ရှိသူ မာလဲန် မော်တီကာ Marlene Motyka က ပြောဆိုခဲ့ပါတယ်။ မကြာသေးမီက ထုတ်ပြန်ခဲ့တဲ့ ဒီလွိုက်တဲ Deloitte ရဲ့ သုတေသနစာတမ်းထဲမှာ ၅၅ ရာခိုင်နှုန်းကျော်ရှိတဲ့ ကုမ္ပဏီအစီရင်ခံစာတွေဟာ သူတို့ကုမ္ပဏီတွေဘက်ကို အလေး ပေးထားတာမျိုးဘဲ ပါရှိနေပါတယ်။ ၁၃ ရာခိုင်နှုန်းလောက်သာရှိတဲ့ ကုမ္ပဏီတွေကဘဲ နေစွမ်းအင်၊ လေစွမ်းအင်တွေကို အသုံးပြုခဲ့ကြတာပါ။

ရင်းနှီးထည့်ဝင်ငွေတွေကိုလည်း သူတို့ဘဲ ပိုင်ဆိုင်ကြတာဖြစ်ပါတယ်။ မကြာသေးမီကထုတ်ဝေခဲ့တဲ့ Goldman Sachs အဖွဲ့ (ဘာသာပြန်သူရဲ့ ဖြည့်စွက်မှတ်ချက်။ ။ ဂိုးလ်မဲန် ဆာ့ခ်ျ အုပ်စု The Goldman Sachs Group, Inc ဟာ ၁၈၆၉ ခုနှစ်တုန်းက စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး နယူးယောက်မြို့ မှာ အခြေစိုက်ထားတဲ့ ရင်းနှီးမြှုပ်နှံရေးအဖွဲ့ဖြစ်ပါတယ်) ဟာ ကာဗွန်ဓါတ်ကင်းစင်စေရေးနဲ့ပါတ်သက်တဲ့ နေနဲ့လေ စွမ်းအင်တွေ သာမကဘဲ တခြားခေတ်မီ စက်ကိရိယာတွေသုံးပြီး သဘာဝပါတ်ဝန်းကျင်သန့် ရှင်းစေရေးအတွက် ကြိုးစားဆောင်ရွက်နေတဲ့ အဖွဲ့တဖွဲ့ဖြစ်ပါတယ်။ အခုလက်ရှိမှာ အဲဒီ့အဖွဲ့ရဲ့ လည်ပတ်ငွေဟာ အမေရိကန်ဒေါ်လာ ဘီလီယံပေါင်း ၆၀၀ ကျော်ရှိနေပြီး အမေရိကန်နိုင်ငံရဲ့ ကာကွယ်ရေးအသုံးစရိတ် စုစုပေါင်းလောက်အထိ ရှိနေတာပါ။

သူတို့ရဲ့ ရင်းနှီးငွေတွေဟာ ယေဘုယျအားဖြင့် သူတို့အမြတ်အစွန်းအတွက် ရည်မှန်းထားတာပါ။ သူတို့ရဲ့ အရင်းအနှီးတွေဟာ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေမှာဖြစ်ပြီး လုပ်ငန်းအများစုက အရင်းအနှီးတွေပြန်လည်အသုံးချနိုင်စေရေးတွေအတွက် ဖြစ်ပါ တယ်။ တချို့ နိုင်ငံတွေ (လောင် စာဆီ တင်ပို့ တဲ့နိုင်ငံတွေ) မှာဆိုရင် နေရောင်ခြည်စွမ်းအင် အသုံးပြုနိုင်စေရေးအတွက် ရည်ရွယ်ထားကြပါတယ်။ ဆော်ဒီအာရေးဗီးယား၊ ရုရှား၊ အီရန်နဲ့ကူဝိတ်နိုင်ငံတွေမှာ ရင်းနှီးမြှုပ်နှံထားတာမျိုးကို ဆိုလိုတာပါ။ အခုဆိုရင် အဲဒီနိုင်ငံတွေဟာ သူတို့ရဲ့ အမိမြေမှာဘဲ အလွယ်တကူ ရနိုင်တဲ့ ရှေးဟောင်းရုပ်ကြွင်းလောင်စာတွေသုံးပြီး ကုန်ကျစရိတ်သက်သာအောင်လုပ်ကိုင်နိုင်နေပါပြီလို့ လောင်စာဆီထုတ်လုပ်ရေးကျွမ်းကျင်သူ ပညာရှင်တွေက ပြောဆို နေကြပါပြီ။

“ရုပ်ကြွင်းလောင်စာတွေဟာ နှစ်ပေါင်းအများကြီးကတည်းက ရှိနေခဲ့တာဆိုတော့ အဲဒါတွေကို ကောင်းကောင်းအသုံးချ လို့ရတယ်” လို့ သောက်သုံးရေတန်ဖိုး သတ်မှတ်ပေးတဲ့အဖွဲ့အစည်း PricewaterhouseCoopers (PwC) က ထုတ်ဝေတဲ့ အစီရင်ခံစာထဲမှာ ရေးသားထားပါတယ်။ ယုတ်စွအဆုံး ပို့ဆောင်ဆက်သွယ်ရေးအပိုင်းမှာတောင် လောင်စာဆီဟာ ဈေးနှုန်း ကြောင့်မဟုတ်ပေမယ့် အရေးကြီးတဲ့ကဏ္ဍမှာ ရှိနေပါသေးတယ်လို့အဆိုပါအစီရင်ခံစာထဲမှာ ရေးသားဖေါ်ပြထားပါတယ်။

ဝယ်ယူသုံးစွဲသူတွေဘက်ကနေကြည့်ရင်လည်း “လိုအင်ဆန္ဒ” ကြောင့်မဟုတ်ဘဲ Electric Vehicles (EV) ဟာ အလွယ်တကူ ရပ်နားနိုင်ပြီး High Occupancy Vehicles (HOC) လို့ခေါ်တဲ့ အထူးယာဉ်အမျိုးအစားမျိုးဖြစ်တာကြောင့် လမ်းကျဉ်းတွေထဲ အလွယ်တကူ မောင်းနှင်နိုင် သလို၊ အလွယ်တကူလည်း ရပ်နားလို့ရပါတယ်။ အဲဒါတွေအပြင် ထုတ်လုပ်တဲ့ ကုမ္ပဏီတွေ ကလည်း မောင်းနှင်ရလွယ်ကူအောင်နဲ့ထိန်းချုပ်ရလည်း လွယ်ကူပါတယ်။ “အသုံးပြုရသိပ်ကို အဆင်ပြေပါတယ်” ဟု လူအများက ပြောဆိုနေကြပါတယ်။

(ဘာသာပြန်သူရဲ့ ဖြည့်စွက်ချက်။    ။ ဒီ ဆောင်းပါးရှင် ၀ဲန်ဒီ ကို့ခ်ျ Wendy Koch ဟာ နေရှင်နယ် ဂျော်ဂရော်ဖစ် မဂ္ဂဇင်း National Geographic Magazine ရဲ့ စွမ်းအင်ဆိုင်ရာသုတေသနတွေလုပ်နေပြီး သူ့ လေ့လာတွေ့ ရှိချက် ဆောင်းပါးတွေကို စဉ်ဆက်မပြတ်ရေးသားနေ သူတဦးဖြစ်ပါတယ်။ သူမဟာ  အမေရိကန်နိုင်ငံ USA Today ဆိုတဲ့စာစောင်မှာလည်း ဆောင်း ပါးတွေကို ရေးသားနေသူလည်းဖြစ်ပါတယ်။ ရံဖန်ရံခါ အမေရိကန်က စီအဲန်အဲန် CNN၊ ရာသီဥတု တီဗီWeather Channel နဲ့ စီ စပန်း C-SPAN ရုပ်မြင်သံကြားတွေမှာလည်း ရေးသားနေသူဖြစ်ပြီး အမေရိကန်နိုင်ငံရဲ့ Georgetown University  ဂျော့တောင်းတက္ကသိုလ် School of Foreign Service နိုင်ငံတကာရေးရာနဲ့ နိုင်ငံခြားရေးရာဌာနရဲ့ ဘွဲ့ လွန်သင်တန်းတွေမှာ ပါမောက္ခအဖြစ် တာဝန်တွေထမ်းဆောင်နေသူတဦးဖြစ်ပါတယ်။)

ဘာသာပြန်သူ မောင်ဖေသက်နီ