နီလာမိုးဆွေ - ပန်းတိုင်းပွင့်စေလို

  နီလာမိုးဆွေ - ပန်းတိုင်းပွင့်စေလို
(မိုးမခ) မတ် ၂၂၊ ၂၀၁၆

ခွင်းနေရင်းနဲ့ကို
ကွင်းနေတဲ့
ဒီလောက...။

ကံတရားဆိုတာ
သားသမီးနဲ့မိဘလို
ရွေးချယ်ခွင့်မပေးခဲ့လေဘူး....။

ဒါပေမဲ့....။

ကံတရားဆိုတာ
ဆူးကိုနင်းနေသရွေ့
နတ်သုဒ္ဓါတော့ဖြစ်မလာလေဘူး...။

ကံတရားဆိုတာ
ကိုးကွယ်ဆည်းကပ်သင့်တဲ့
ပစ္စေကဗုဒ္ဓ မဟုတ်လေခဲ့ဘူး....။

ကံတရားဆိုတာ
ကောင်းကင်မှာကြယ်မစုံသေးရင်
ခေါင်းလောင်းသံတိတ် လွယ်အိတ်ချိတ်...။

ဟေ့...ကြည့်စမ်း
ဖွားဘက်တော် အသင်္ချေတွေကြောင့်
စိမ်းစိမ်းစိုမြက်တွေ မတ်မနိုင်တော့ဘူး..။။

နီလာမိုးဆွေ