ချမ်းမြ - "​ခေတ်​မှီ ဖွံ့ဖြိုး​သောနိုင်​ငံ​တော်​သစ်"


ချမ်းမြ - "​ခေတ်​မှီ ဖွံ့ဖြိုး​သောနိုင်​ငံ​တော်​သစ်" 

(မိုးမခ) ဧပြီ ၃၀၊ ၂၀၁၆

ဖေ​ဖေက
ညညဆို ဖ​ယောင်းတိုင်​မီးထွန်းပြီး
စာရင်းလုပ်​တယ်

မေ​မေက
ညညဆို ဖ​ယောင်းတိုင်​မီးထွန်းပြီး
မေတ္တာသုတ်​ရွတ်​တယ်

ညီ​လေးက
ညညဆို ဖ​ယောင်းတိုင်​မီးထွန်းပြီး
စာကျက်​တယ်

ပြည်​သူ​တွေက
ညညဆို ဖ​ယောင်းတိုင်​မီးထွန်းပြီး
ခေတ်​မှီ ဖွံ့ဖြိုး​သောနိုင်​ငံ​တော်​သစ်ဆီကို သွားကြတယ်