နိုင်မြန်မာ – ရှာပေဦးတော့ ထမင်းထုပ်ကြီးနဲ့





နိုင်မြန်မာ – ရှာပေဦးတော့ ထမင်းထုပ်ကြီးနဲ့
(မိုးမခ) မေ ၁၀၊ ၂၀၁၆

ပါးကွက်သားတွေလာကာ
လက်ပါးစေ တစ်ရာ နှစ်ရာနဲ့
အဖျက်သမားတွေ ရှာတာတဲ့
လူမွဲတို့ ရွာဇနပုဒ်
မီးကလေး မှိတ်တုတ်တုတ်မှာ
မွှေနှောက်လို့ရှာ

“တိုင်းပြည်ရောင်းစားတဲ့”
အဖျက်သမားဆိုတာ
ဒီလိုနေရာမှာ.. နေမတဲ့လား
မီးထိန်ထိန်.. စည်းစိမ်များနဲ့
နေပြည်တော်.. နန်းတော်ကြားမှာကော
ရှာပြီးကြပလား… ။ ။


နိုင်မြန်မာ