Vietjet ကို အခမဲ့နီးပါး စီးနင်းပြီး ဗီယက်နမ်ရိုးရာ စားသောက်ဖွယ်ရာ စစ်စစ်များကို ခံစားလိုက်ပါ





Vietjet ကို အခမဲ့နီးပါး စီးနင်းပြီး ဗီယက်နမ်ရိုးရာ စားသောက်ဖွယ်ရာ စစ်စစ်များကို ခံစားလိုက်ပါ
(မိုးမခကြော်ငြာ) မေ ၁၀၊ ၂၀၁၆


နိုင်ငံတစ်နိုင်ငံရဲ့ ရိုးရာဟင်းလျာတွေဟာ အဲဒီနိုင်ငံရဲ့အရေးပါတဲ့ အရာတွေထဲက တစ်ခုပါ။ နိုင်ငံသားတွေ၊ ယဉ်ကျေးမှု၊ တန်ဖိုးထားမှုတွေကို ဖော်ပြနိုင်တဲ့ အရာတစ်ခုလည်းဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံရဲ့ ရိုးရာ အစားအစာများဟာ ကမ္ဘာမှာ အကျော်ကြားဆုံး စားသောက်ဖွယ်ရာတွေထဲမှာ အပါအဝင်ဖြစ်ပြီး နိုင်ငံတကာမှာ ကမ္ဘာ့အကောင်းဆုံး စားသောက်ဖွယ်ရာစာရင်းတွေ ထုတ်ပြန်တိုင်း အကြိမ်ကြိမ်ပါဝင်ခဲ့ပါတယ်။

ဒါဆို ဗီယက်နမ် ဟင်းလျာတွေက ဘာကြောင့် ကျော်ကြားရပါသလဲ။ ဒီလိုကျော်ကြားရတဲ့ အကြောင်းက အများကြီးရှိပါတယ်။ အများသဘောတူညီကြတာကတော့ ဟင်းလျာတစ်ခုမှာ အရသာတစ်ခုထဲက ထိုးထွက်နေတာမျိုး မဟုတ်ဘဲ အရသာပေါင်းစုံကို ပေါင်းစပ်ထားတာကြောင့်ပါ။ တစ်ခါ ကိုက်စားလိုက်တဲ့ အချိန်မှာ နံနံပင် ဒါမှမဟုတ် ဂျင်းရဲ့ အရသာကို ခံစားရပေမယ့် နောက်တစ်ကြိမ်မှာတော့ ပင်စိမ်း သို့မဟုတ် ကြက်သွန်မြိတ် အရသာကို ခံစားနိုင်မှာဖြစ်လို့ ဝါးစားလိုက်တဲ့ အချိန်တိုင်းမှာ မတူညီတဲ့ အရသာကို ရရှိတဲ့ အတွေ့အကြုံကို ခံစားရရှိမှာဖြစ်ပါတယ်။ ဟင်းလျာတွေ မှာ ပါဝင်တဲ့ ချိုချဉ်ငံစပ် Umami အရသာတွေကို သမမျှတအောင် ပေါင်းစပ်ထားပါသေးတယ်။

လူဦးရေ သန်း ၉၀ ကျော်ရှိတဲ့ ဗီယက်နမ်နိုင်ငံမှာ ဒေသအပေါ်မူတည်ပြီး ဟင်းလျာတွေက ကွဲပြားသွားပါတယ်။ ဒါပေမယ့် တူညီပြီး ထူးခြားတဲ့ အချက်တွေကတော့ ထမင်းဟာ အရေးပါတဲ့ နေရာမှာ ပါဝင်ပြီး လတ်ဆတ်တဲ့ ဟင်းခပ်ရွက်တွေဟာ ဟင်းလျာတိုင်းမှာ ပါဝင်ပါတယ်။ တစ်ချို့သော ဟင်းလျာတွေဟာ ကျယ်ပြန့်တဲ့ အမျိုးအစားကွဲ သတ်မှတ်မှုအစုတွေအောက်မှာ ရှိပါတယ်။

“Bánh” ဆိုတဲ့ ဟင်းလျာဆိုရင် ဆန်နဲ့လုပ်ထားတဲ့ ကိတ်မုန့်တွေနဲ့ ထမင်းလိပ်တွေ (bánh cuốn and bánh giò) တွေပါဝင်ပါတယ်။ အခြား ထူးခြားတဲ့ ဟင်းပွဲတစ်ခုကတော့ "Bún" လို့ ခေါ်တဲ့ အမျိုးအစားစုပါ။ အဲဒီထဲမှာ ဆန်ကြာဇံ bún chả, bún bò Huế တို့လို ဝက်သားပေါင်း ပါဝင်တာမျိုးရှိသလို bún cá လို့ခေါ်တဲ့ ခေါက်ဆွဲပြုတ်ပါဝင်တာလည်း ရှိပါတယ်။

ဘယ်လိုဟင်းလျာကိုပဲရွေးရွေး ဗီယက်နမ် စားသောက်ဖွယ်ရာတွေကို နှစ်သက်စေတဲ့ အချက်အလက် တွေများစွာရှိပါတယ်။ အားလုံးဟာ ထူးခြားပြီး အရသာအထူးပြည့်ဝပါတယ်။ အောက်မှာ ရွေးချယ် ဖော်ပြထားတာတွေကတော့ နာမည်အကြီးဆုံး ဟင်းတွေဖြစ်ပါတယ်။ သင့်ရဲ့အာရုံတွေကို ထူးခြားတဲ့ ဟင်းလျာတွေက ဖမ်းစားသွားမှာဖြစ်လို့ ကြိုတင်ပြင်ဆင်ထားဖို့ တော့လိုပါလိမ့်မယ်။

Phở (ဖ) (အမဲသား သို့မဟုတ် ကြက်သား ပါဝင်တဲ့ ဆန်ခေါက်ဆွဲပြုတ်)


Phở ဟာ ဗီယက်နမ်နိုင်ငံရဲ့ ကိုယ်စားပြုအမှတ်အသား စားစရာပါ။ Phở မှာ ဆန်ခေါက်ဆွဲသားအပြား ပါဝင်ပြီး အသားကို အခြေခံဖန်တီးထားတဲ့ စွပ်ပြုပ်ထဲမှာ အမဲသား ဒါမှမဟုတ် ကြက်သားပြား ပါးပါးလေးတွေကို အပေါ်မှာ ထည့်သွင့်ထားပါတယ်။ ချိုချဉ်ငံစပ် အရသာတွေကို ညီညီမျှမျှ ထည့်သွင်းထားတာကြောင့် တစ်ခါ စားဖူးသူတိုင်း နှစ်ခြိုက်ကြပြီး စွဲလမ်းမှုအရသာဟာ လူအများကြား အလျှင်အမြင် ကူးစက်သွားစေလောက်အောင် ကောင်းပါတယ်။

ဗီယက်နမ်ကို လာလည်ဖူးသူတိုင်း Phở ကို ချက်ချင်းပဲကြိုက်သွားလေ့ရှိပါတယ်။ ဘယ်အချိန်မှာပဲဖြစ်ဖြစ် ၊ နေ့ခင်းပိုင်း ညပိုင်း အချိန်တိုင်းမှာ အငွေ့တထောင်းထောင်းနဲ့ Phở ပူပူနွေးနွေးလေး တစ်ခွက်ကို ဗီယက်နမ်မှာ လွယ်လွယ်ကူကူ မိတ်ဆွေ ရှာဖွေလို့ရမှာ ဖြစ်ပါတယ်။

Bún Chả (ဆန်ကြာဇံ နှင့် ဝက်သားကင်)



Phở ကတော့ ဗီယက်နမ် နိုင်ငံရဲ့ အကျော်ကြားဆုံး စားစရာ ဖြစ်ပေမယ့် နေ့လည်စာ အတွက်ဆိုရင်တော့ Bún Chả က ဟနွိုင်းမြို့တော်မှာ ထိပ်ဆုံးကထား ရွေးချယ်ရတဲ့ ဟင်းလျာ ဖြစ်ပါတယ်။ ဝက်သားကင် အနံ့သင်းသင်းလေးရယ်၊ လတ်ဆတ်တဲ့ သစ်သီးဝလံအစုံ၊ ဆေးဖက်ဝင်ဟင်းသီးဟင်းရွက်အစုံတွဲလျက် ဟင်းလျာပွဲပါဝင်တာကြောင့် ဒီဟင်းပွဲကလည်း အံအားသင့်ဖွယ် ထူးခြားကောင်းမွန်လှပါတယ်။

ကော်ပြန့်လိပ်
ဗီယက်နမ်နိုင်ငံသားတွေက သူတို့ရဲ့ စားစရာတွေကို လိပ်ပြီးပြုလုပ်တဲ့ နေရာမှာ အကျွမ်းကျင်ဆုံးသူတွေပါ။ ဗီယက်နမ် ကော်ပြန့်လိပ်ဟာ ပုံစံနှစ်မျိုးနဲ့ရှိပါတယ်။

တစ်မျိုးကတော့ ကြွပ်ကြွပ်ရွရွလေးဖြစ်နေတဲ့ ကော်ပြန့်ကြော် (Chả giò သို့မဟုတ် Nem cuốn) ပါ။



Chả Giò (ကော်ပြန့်လိပ်ကြော်)


နောက်တစ်မျိုးကတော့ ပုဇွန်၊ ဝက်သားနဲ့ လတ်ဆတ်တဲ့ ဆေးဖက်ဝင်ဟင်းခတ်အမွေးကြိုက် တွေပါဝင်တဲ့ (Gỏi Cuốn) ကော်ပြန့်စိမ်းပုံစံမျိုပါ။



Gỏi Cuốn (ကော်ပြန့်စိမ်း)

ဒီလို လတ်လတ်ဆတ်ဆတ် ပြုလုပ်ထားတဲ့ ကော်ပြန့်လိပ်တွေကို တစ်ခါစားဖူးတာနဲ့ နိုင်ငံတကာက လူအများကြားမှာ ဘာကြောင့် ဗီယက်နမ်ကော်ပြန့်လိပ် ကျော်ကြားရသလဲဆိုတာကို မိတ်ဆွေလည်း နားလည်သွားမှာဖြစ်ပါတယ်။

ဒီလို အရသာရှိ ကောင်းမွန်ကျော်ကြားမှုတွေကြောင့် မြန်မာနိုင်ငံမှာလည်း ဗီယက်နမ် စားသောက်ဆိုင်တွေကို ရှာတွေ့နိုင်နေပြီဖြစ်ပါတယ်။ ဒါပေမယ့် အစစ်မှန်ဆုံး ဗီယက်နမ် ရိုးရာအစားအစာတွေနဲ့ ဗီယက်နမ်နိုင်ငံက စားသောက်ဆိုင်တန်းတွေမှာ စားသောက်ရတဲ့ ခံစားမှု အတွေ့အကြုံကတော့ ဗီယက်နမ် နိုင်ငံကို ကိုယ်တိုင်ကိုယ်ကျ သွားရောက် ခံစားမှသာ အကောင်းဆုံး ဖြစ်နိုင်မှာပါပဲ။

ခရီးကုန်ကျစရိတ်တွေအတွက် စိတ်ပူနေပြီလား။ ကျွန်တော်တို့ဆီမှာ အဖြေရှိပါတယ်။

Vietjet နဲ့ သုည ကျပ်မှ စတင်ပြီး ဗီယက်နမ်သို့ ပျံသန်းလိုက်ပါ။ ဗီယက်နမ် ဟင်းလျာတွေကိုခံစားလိုက်ပါ။

၂၀၁၆ ခုနှစ် မေလ ၁၀ ရက်မှ ၁၂ ရက် အထိ Vietjet မျိုးဆက်သစ်လေကြောင်းလိုင်းဟာ ရန်ကုန်မြို့မှ ဟိုချီမင်းမြို့တော်နဲ့ ဗီယက်နမ် နိုင်ငံတွင်းခရီးစဉ်တွေအားလုံးကို သွားနိုင်မယ့် Super-promotional လက်မှတ်ပေါင်း ၁ သန်းကို မနက် ၁၁း ၃၀ မှ နေ့လည် ၁း ၃၀ အတွင်း Golden Hours တွေမှာ သုညကျပ် (အခွန်နှင့် feesများမပါ) မှစတင်ပြီး ရောင်းချပေးမှာဖြစ်ပါတယ်။

3D Summer Activation ကို ကျင်းပခြင်း အထိမ်းအမှတ်အနေနဲ့ Vietjet မျိုးဆက်သစ်လေကြောင်းလိုင်းဟာ သုညကျပ်မှ စတင်တဲ့ Super Saving Tickets တွေကို ၁၁း ၃၀ (မနက်) မှ ၁း ၃၀ (နေ့လည်) Golden Hours အတွင်း မေလ “Let’s Vietjet” Campaign မှာ ရောင်းချပေးသွားမှာဖြစ်ပါတယ်။

ပထမဆုံးအရောင်းမြှင့်တင်ရေးအစီအစဉ်ကို ၂၀၁၆ ခုနှစ် မေလ ၁၀ ရက် မှ မေလ ၁၂ ရက်နေ့အထိ ပြုလုပ်သွားမှာဖြစ်ပြီး နိုင်ငံတကာခရီးစဉ်တွေ ၊ ပြည်တွင်းခရီးစဉ်တွေနဲ့ မြန်မာခရီးစဉ်တွေပါဝင်ပါတယ်။ 

ခရီးစဉ် ကာလကတော့ သြဂုတ်လ ၁၅ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ (ပိတ်ရက်များမပါ) ဖြစ်ပါတယ်။

ပိုပြီးစိတ်လှုပ်ရှားဖို့ကောင်းတာကတော့ ခရီးစဉ်မှာ Vietjet နဲ့ပျံသန်းသူတွေအားလုံး အနေနဲ့ Virtual 3D Technology ဂိမ်းတွေ၊ လက်ဆောင်ပစ္စည်းပေးအပ်ခြင်းတွေ၊ ခရီးစဉ်တွင်း ဖျော်ဖြေမှုတွေ နဲ့ 3D Photo Contest တွေကို ခံစားရမယ့် အခွင့်အရေးတွေ ရရှိမယ်ဆိုတာပါပဲ။

နှောင့်နှေးမနေပါနဲတော့..။

Vietjet ရဲ့ လေယာဉ်တွေအပေါ် အမြန်လိုက်ပါလိုက်ပါ။ အစစ်မှန်ဆုံး ဗီယက်နမ် စားသောက်ဖွယ်လျာတွေကို ကိုယ်တိုင်ကြုံတွေခံစားမှရမှာပါ။ မိုးရာသီမှာ ရက်အနည်းအငယ် အနားယူပြီး မိသားစုဝင် တွေ၊ မိတ်ဆွေတွေနဲ့အတူ မေ့မရနိုင်မယ့် အပန်းဖြေခရီးစဉ်ကို Vietjet နဲ့ ဗီယက်နမ်သို့ သွားရောက်ပြီး စိတ်လှုပ်ရှားဖွယ် ခံစားမှု အတွေ့အကြုံတွေကို ရယူလိုက်ပါ။

Vietjet နဲ့ ပျံသန်းဖို့ အချိန်ရောက်ပါပြီ။


www.vietjetair.com နဲ့ 
www.facebook.com/vietjetmyanmar ကို ၁၁း ၀၀ မှာ ၁း ၃၀ အတွင်း သွားရောက်ပြီး Vietjet ရဲ့ “Fly it & Like it” မှာ ပါဝင်လိုက်ပါ။




မြန်မာနိုင်ငံက ခရီးသွားများအနေဖြင့် 09 960 7048 18 call center သို့ ဆက်သွယ်နိုင်ပြီး Yuzana Business Tower ပထမထပ် #01-06 AVIAREPS Myanmar လက်မှတ်အရောင်းဌာန၊ အမှတ် ၂၅ ဓမ္မစေတီလမ်း၊ မြေနီကုန်း နှင့် ရန်ကုန် ၊ နေပြီတော်၊ မန္တလေး တို့မှ အခြားလက်မှတ်အရောင်းဌာန ၁၀၀ ကျော် တွင်ဝယ်ယူနိုင်ပါတယ်။