နရီမင်း - ​ကြောင်​ခြူဆွဲမယ့်​ ကြွက်



artmoscow.wordpress.com
နရီမင်း - ​ကြောင်​ခြူဆွဲမယ့်​ ကြွက်
(သစ်ခက်သံလွင်၊ မိုးမခ) ဇွန် ၁၂၊ ၂၀၁၆


ပုံပြင်​တပုဒ်​ရှိတယ်​။
အီစွတ်​ပုံပြင်​လား၊
ဆီစွတ်​ပုံပြင်​လားဆိုတာ​တော့ သိဘူး။


ဆရာ​မောင်​သာရ​တော့ ဝတ္ထုတပုဒ်​ ​ရေဖူးတယ်​။
ကြောင်​ကို ဘယ်​သူ ခြူဆွဲ​ပေးမလဲတဲ့။
ဒေသတွင်း
အဲ အိမ်​အတွင်းမှာ
ကြောင်​တ​​ကောင်​ ဗိုလ်​ကျစိုးမိုး​နေတာနဲ့ ပတ်​သက်​ပြီး
ကြွက်​​တွေ ထိပ်​သီး​ဆွေး​နွေးပွဲ လုပ်​ကြတယ်​။
ကြွက်​လည်​တ​​ကောင်​က တင်​ပြတယ်​။
ကြောင်​ကို ခြူဆွဲ​ပေးလိုက်​ရင်
ကြွက်​​တွေ ​ကြိုတင်​​ရှောင်​တိမ်းနိုင်​မှာမို့ ​ဘေးကင်းပြီတဲ့။


ပြဿနာက​တော့ 
ကြောင်​ကို ဘယ်​သူ ခြူဆွဲ​ပေးမလဲ​ပေါ့။
တကယ်​လို့
ခြူဆွဲဖို့ တာဝန်
ခင်​ဗျားကို ​ပေးခဲ့တယ်​ဆိုရင်
အဲ့ဒါ ခင်​ဗျားကို 
ခေါင်း​ဆောင်​ခန့်​တာ မဟုတ်​ဘူး။
က​လေး​တောင်​ သိတယ်​။
အဲ့ဒါ အချွန်​နဲ့ မ တာ။


နရီမင်း


၉ -၆- ၂၀၁၆