မိုးမခဝိုင်းတော်သား မင်းခိုင်၏ ‘စုရဲ့ဆု’ ဒုကြိမ်ထွက်ရှိ



မိုးမခဝိုင်းတော်သား မင်းခိုင်၏ ‘စုရဲ့ဆု’ ဒုကြိမ်ထွက်ရှိ

(မိုးမခ စာအုပ်စင်) ဇွန် ၁၂၊ ၂၀၁၆
မင်းခိုင် ■ စုရဲ့ဆု
ထုတ်ဝေဖြန့်ချိ ■ ဂန္ထ၀င်သစ်စာပေ
တန်ဖိုး ■ ၄၀၀၀ ကျပ်
ပုံနှိပ် ခုနှစ် မှတ်တမ်း ■ ဒုကြိမ် ၂၀၁၆ ခုနှစ် ဧပြီလ၊ ပကြိမ် ၂၀၁၂ ခုနှစ် ဒီဇင်ဘာ


● ပြန်မရိုက်သေးဘူးလားလို့ ခဏခဏ အမေးခံရတဲ့ စာအုပ်၊

● နယ်တွေကို မဖြန့်သော်လည်း တခုတ်တရ လှမ်းမှာကြတဲ့ စာအုပ်၊

● DVB ၏ စာအုပ်များနှင့် လမ်းလျှောက်ထွက်ခြင်းကဏ္ဍမှာ ဖော်ပြခဲ့တဲ့ စာအုပ်၊

ထပ်မံဖြည့်စွက်ချက်များ .... သမိုင်းဝင်ဓာတ်ပုံများစွာဖြင့် .... ဒုတိယအကြိမ် ပြန်ထွက်ပြီဖြစ်ကြောင်း မိုးမခ စာပေနှင့် နိုင်ငံရေး ဝါသနာရှင်များအား အသိပေးမိတ်ဆက်လိုက်ရပါသည်။

ဘဘဟံသာဝတီဦးဝင်းတင်၏ အမှာစာဖြင့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလလက ပထမအကြိမ် ထွက်ရှိခဲ့သော စာအုပ်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာတ၀ှမ်းရှိ ဂုဏ်သိက္ခာကြီးမားသော ဆုပေါင်းများစွာကို လက်ခံရရှိခဲ့သည်။ ထိုဆုများ၏ လေးစားအားကျဖွယ် နောက်ခံအကြောင်းအရာများကို ရေးသားထားခြင်းဖြစ်သည်။ သို့သော် ဘယ်ဆုကြီးကို ဘယ်အချိန်မှာ ပေးလိုက်တာဆိုသော သတင်းအချက်အလက်ထက် ထိုသို့ ဂုဏ်ပြုဆုအဖြစ် အသိအမှတ်ပြုခြင်း ခံရသည့် ပုဂ္ဂိုလ်ကျော်များအကြောင်းကို ဗဟုသုတရဖွယ် စုံစုံလင်လင် လေ့လာ စုစောင်း ရေးသားထားခြင်းဖြစ်သည်။

■ ဘဘဦးဝင်းတင်၏ အမှာစာက စာသာတချို့ ကောက်နှုတ်ဖော်ပြရသော် ...

“… စာအုပ်ပြုစုသူဟာ ဆုတံဆိပ်တွေရဲ့ အမည်စာရင်းကို ဇယားချပြ တာမဟုတ်ဘူး။ အပ်နှင်းတဲ့ဆုတွေရဲ့ ဂုဏ်ရည်ကိုလည်း စူးစမ်းဖော်ထုတ်တယ်။ ဆုနှင်းတဲ့အဖွဲ့အစည်းတွေရဲ့ ဂုဏ်သတင်းကိုလည်း စူးစမ်းဖော်ထုတ်တယ်။ ဆုတွေရဲ့ဂုဏ်ရည်၊ ဆုနှင်းအဖွဲ့အစည်းတွေရဲ့ ဂုဏ်သတင်းဟာ ဆုချီးမြှင့်ခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်သိက္ခာကို ဆတက်ထမ်းပိုး ဆယ်ပြန်ရာပြန် တိုးစေတယ်…”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အောင်ဆုဆင်ပန်း အောင်ပွဲခံ ခရီးရှည် ကြီးမှာ အတူလိုက်ပါ စီးမျောကြည့်ပါ။ စစ်အာဏာရှင်ခေတ်သမိုင်းကို တူးဆွဖော်ထုတ် စာရင်းချုပ်ခွင့်ရသလို ခံစားနားလည်နိုင်ပါလိမ့်မည်။

■ စာရေးသူ မင်းခိုင်၏ အမှာစာက ကောက်နှုတ်ဖော်ပြရသော် ...

“… အမြီးနှန့်ပြ နိုင်လွန်းသောကြောင့် ရသော အမဲရိုးဆု၊ ကျိုးနွံလွန်းသောကြောင့်ရသော ကောက်ရိုးဆုများကဲ့သို့ ဂုဏ်သိက္ခာမဲ့သော ဆုများသည်လည်း ဤလောက၌ ရှိ၏။ ပေါ၏။ ထို့ပြင် ဤသည်ကိုပင် ရွှေအမဲရိုး .. ရွှေကောက်ရိုးကွဟု .. ရွှေဘောင်သွင်းချင်သူများလည်း ရှိ၏။ ပေါ၏။
တကယ်တမ်းမူ ... ဂုဏ်သိက္ခာရှိသော ဆုဟူသည် ရွှေ ဖြစ်သည်။ ပတ္တမြားကို ကွပ်သော ရွှေဖြစ်သည်။ ထိုရွှေများအကြောင်းကို သိစေရန် ရည်ရွယ်ပါသည်။ ဂုဏ်ယူစေရန်၊ အားကျစေရန်၊ လေးစားစေရန် ... ဖြစ်ပါသည်..”

■ စာရေးသူ မင်းခိုင်အကြောင်း တစေ့တစောင်း

စာအုပ်ပြုစုသူ မင်းခိုင်သည် မန္တလေးစက်မှုတက္ကသိုလ်တွင် ပညာသင်ကြားခဲ့ပြီး အီလက်ထရွန်းနစ်အင်ဂျီနီယာဘွဲ့ရရှိခဲ့သည်။ လက်ရှိတွင် အထက်တန်းကျောင်းအဆင့် ပညာရေး အထောက်အကူပြု စာအုပ်များ ရေးသား ထုတ်ဝေ ဖြန့်ချိရင်း ဝါသနာအရ စာပေ၊ ယဉ်ကျေးမှု၊ ပညာရေးနှင့် မျက်မှောက်ရေးရာ ဆောင်းပါးများကိုလည်း မိုးမခ မီဒီယာနှင့် အခြား အွန်လိုင်းမီဒီယာများ ကွန်ရက်များတွင် ရေးသားနေသူဖြစ်သည်။ မိတ်ဆွေများနှင့်အတူ ဆင်ခြင်ဉာဏ်ဖြင့်ရွေးချယ်ခြင်း (၂၀၁၅ နိုဝင်ဘာ) စာအုပ်လည်း ထွက်ရှိထားသည်။

±±±±±± ±±±±±± ±±±±±± ±±±±±± ±±±±±±

■ စာအုပ်ကို ဘယ်နေရာတွေမှာ ဘယ်လို ဝယ်ယူနိုင်သလဲ

±±±±±± ±±±±±± ±±±±±± ±±±±±± ±±±±±±





‘စုရဲ့ဆု’ စာအုပ်ကို ရန်ကုန်နှင့် မန္တလေးရှိ စာအုပ်ဆိုင်ကြီးများနှင့် City Mart ဆိုင်ခွဲများတွင် ဝယ်ယူဖတ်ရှုအားပေးနိုင်ပါသည်။ ဂန္ထ၀င်သစ်စာပေ၊ ဖုန်း - ၀၁ - ၃၇၂၈၂၁ ၊ ၀၉ - ၂၅ ၂၂ ၄၉ ၀၉၄ ၊ Email : htayminkhaing.ec@gmail.com ထံလည်း တိုက်ရိုက်ဆက်သွယ်မှာယူနိုင်သည်။

ဂန္ထ၀င်သစ် စာပေ အွန်လိုင်း လူမှုကွန်ရက်Facebook စာမျက်နှာတွင်လည်း မှာယူနိုင်ပါသည်။

https://web.facebook.com/%E1%80%82%E1%82%8F%E1%81%B4%E1%81%80%E1%80%84%E1%80%B9%E1%80%9E%E1%80%85%E1%80%B9-907071076085629/

အထူးအစီအစဉ်ဖြင့်လည်း အောက်ပါမြို့ကြီး (၁၃) မြို့သို့ ပို့ခ၊ ဝန်ဆောင်ခပေးစရာမလို၊ မူရင်းတန်ဖိုးအတိုင်း အိမ်အရောက် ပို့ပေးပါမည်။ ၂ ရက်ကနေ ၄ ရက်အတွင်း အရောက်ပို့ပေးမည်ဖြစ်ပါသည်။ စာအုပ်လက်ထဲရောက်ချိန်တွင် လာရောက်ပေးပို့သူထံ စာအုပ်ဖိုး ငွေချေရပါမည်။

၀၁။ ရန်ကုန်

၀၂။ မန္တလေး

၀၃။ ပျဉ်းမနား/နေပြည်တော်

၀၄။ စစ်ကိုင်း

၀၅။ မုံရွာ

၀၆။ ပုသိမ်

၀၇။ ပြည်

၀၈။ မကွေး

၀၉။ တောင်ကြီး

၁၀။ ရပ်စောက်

၁၁။ မော်လမြိုင်

၁၂။ ဘားအံ

၁၃။ ထားဝယ်

၁၄။ မြိတ်

(ကျန်မြို့များက မှာလျှင်လည်း ပို့ဆောင်ပေးနိုင်ရန် စီစဉ်ထားပါသည်။ စာအုပ်ဖိုး + ပို့ဆောင်ခ ကို မှာသူက မှာယူသူက ပေးရပါမည်။ ဖုန်း ၀၉ ၂၆၄ ၂၀၀ ၁၀၇ ၊ ၀၉ ၇၈ ၆၂၅ ၁၅ ၀၅ ၊ ၀၉ ၂၆၅ ၇၁၆ ၆၅၆ ထံ ဆက်သွယ်မှာယူနိုင်ပါသည်။)