ေ ဆ ာ င်း ဖြူ ● နာ တာ ရှ ည် ရိုး မ




ေ ဆာ င်း ဖြူ ● နာ တာ ရှ ည် ရိုး မ
(မိုးမခ) ဇူလိုင် ၁၂၊ ၂၀၁၆

ေ တာ မီး မ ရှို့ ရ ဆို င်း ဘု တ် က
မီးေ လာ င်ေ မြ မှာ စို က် ထား -
သ စ် ပ င်ေ တွ အ စား
ဆို င်း ဘု တ်ေ တွ သာ စိ မ်း လ န်း စို ပြ ည်ေ န
( ၁ )

ရိုးမဆိုတာ
အဖိုးအနဂ္ဃထိုက်တန်မှုတွေ
တင်းကျမ်းပြည့်နေတဲ့နေရာ …
အဲဒီ ရိုးမဆီ
ဒီတခေါက်ခြေချမိတော့
ရင်ထဲမှာ တကယ်နင့်ရတယ်။


( ၂ )

“တောမီးမရှို့ရ” ဆိုင်းဘုတ်ကို
မီးလောင်မြေမှာစိုက်ထူထား
“နိုင်ငံအ၀ှမ်း သစ်တောစွမ်းဖြင့်
စိမ်းလန်းစေရမည်” ဆောင်ပုဒ်က
ခြောက်သွေ့ညှိုးရော် …
“သစ်တပင်ခုတ် ထောင်သုံးနှစ်” ဆိုတဲ့
ဆိုင်းဘုတ်နီညိုကလေးလည်း
သစ်ငုတ်နံဘေးမှာ လှဲလျောင်းလို့။

ဟိုတုန်းက
ချောက်ကမ်းပါးတလျှောက်
စိမ်းစို စုစည်း ယိမ်းနွဲ့ခဲ့တဲ့ ၀ါးပင်တွေလည်း
ကျိုးတိုးကျဲတဲ
သင်းကွဲ အထီးကျန်။

လက်ချိုးရေရတော့မယ့် တောကောင်တွေခမျာ
နောက်တတောနောက်တတောင် ကောင်းလိမ့်နိုးနိုးအတွေးနဲ့
ပြောင်းကြ ရွှေ့ကြ ပြေးကြ
“အမဲမလိုက်ရဆိုင်းဘုတ်” တချို့သာ
ခပ်ငူငူရပ်လို့။

( ၃ )

ရိုးမဟာ
အရိုးပေါ်အရေတင်ဖြစ်နေတဲ့
နာတာရှည်ရောဂါသည်တစ်ယောက်
အမော ခဏ ခဏဖောက်သလို
တောင်တောလည်း မသာနိုင်
မာလာလည်း မငုံဖူးနိုင်
တစ်ပင်ကို နှစ်ပင်ကလည်း မယှက်နိုင်
ကျေးငှက်သာရကာလည်း မမြူးနိုင်
ရိုးမကျား ရိုးမဆင်ဟေ့ လို့လည်း မကျူးရင့်နိုင် …
တောခိုမယ့်သူနဲ့ တောမှီမယ့်ရဟန်းတောင်
လက်မှိုင်ချရတဲ့ ပုံစံမျိုးနဲ့
အသက်ငင် အဖြစ်ဆိုးနေ။

( ၄ )

ကဲ …. ကြည့်ကြပါဦး
တောတောင်တကြောမှာ
တစ တစ ဆုံးရှုံး ပျောက်ကွယ်သွားတဲ့
အဖိုးအနဂ္ဃထိုက်တန်မှုတွေအစား
သတိပေး အသိပေးဆိုင်းဘုတ်တွေသာ
ရှင်သန်ကြီးထွား …
အဲဒါ
ခင်ဗျားတို့ ကျွန်တော်တို့ရဲ့
ဘုရားစူး ရိုးမပေါ့။

ဆောင်းဖြူ
၀၉ ဇူလိုင်၊ ၂၀၁၆
ဓာတ်ပုံ - ဆောင်းဖြူ