ဝင်း​မောင်​ - နိုင်​ငံ​ရေး

Weekend Art of Than Htay Maung

ဝင်း​မောင်​ - နိုင်​ငံ​ရေး 
(မိုးမခ) သြဂုတ် ၁၂၊ ၂၀၁၆

သနားခြင်းတ​၀က်
ချီးမွမ်းခြင်းတ၀က်
ဝမ်းနည်းစရာလား
သူ​ပြောင်းပြန်​ဖြစ်​သွားပုံမှာ ပြည့်​စုံလွန်း၍
ကိုယ်​မ​ရောက်​ဖူးသည့်​ဘူတာတွင်
တွန်းချခံရမည့်​အသွင်

ဆိုပါစို့
သူ​တောင်းစား ရဲ့ တ​ယောသံက
နိုင်​ငံဂုဏ်​​ဆောင်​​နေချိန်

စတိုးဆိုင်​ထဲကအထွက်
ငါတို့
ဂျီနီ​ဗာကွန်​ဗင်းရှင်းချင်း လဲ​၀တ်​ကြမလားဆို​တော့
ဆား​လှေကြီး​ ​ပေါ်က လှမ်း​အော်​တယ်
``​နေဦး...... စိတ်​​အေး​အေးထား.....တဲ့´´

မင်း​ရော ငါ​ရောမြင်​​နေရတာ​တွေက 
လော​လောဆယ်​​တော့ တံလျှပ်​​တွေ။ ။