စံညိမ်းဦး - ဟိန်း ရာပြည့်



စံညိမ်းဦး - ဟိန်း ရာပြည့်
(မိုးမခ) စက်တင်ဘာ ၁၁၊ ၂၀၁၆


ဗမာ့သောက်ရှူး မိုးသောက်ကြယ်စင်နီ
ညက အိပ်မက်ထဲ အပြုံးနဲ့ရောက်လာခဲ့။

ရွာဟိုင်းသင်္ချိုင်းထဲကအထီးတည်း သူ့ဂူ
စစ်အုပ်စု လူမသိအောင်ဖြိုတိုက်ခဲ့စဉ်
သူ့ဝဲဘက်လက်ဖျံရိုးဟာ မြေသားထဲကြွင်းကျန်ခဲ့ရာ
ပြန်ရှာဖွေ တူးဖော်စေလိုပါကြောင်း
ပြည်သူလူထုထံ အပ်နှံပေးပါဖို့အကြောင်း။

အိပ်မက်ကလန့်နိုးတော့
'လူထုကို အသက်နဲ့ထပ်တူ' ဆိုတဲ့အရိုးထွင်းစာပါ
ကိုဗဟိန်းရဲ့
ဝဲဘက်လက်ဖျံရိုး ကျန်ရှိခဲ့ဆိုတဲ့မြေ
ကြက်သီးဖြန်းဖြန်းထမိနေပါတယ်။

ငါတွေးမိတယ်
ဘယ်သူတွေဟာ
ကိုဗဟိန်းလက်ဖျံရိုးက ဆင်းသက်လာခဲ့ကြသလဲ ဆိုတာ။

စံညိမ်းဦး
၉၉၂၀ျ၁၆