အရှင်ဃောသိတာဘိဝံသ (မေတ္တာနန္ဒ၀ိဟာရ) - ကံကောင်းလိုလျှင် ကောင်းကံပြင်


အရှင်ဃောသိတာဘိဝံသ (မေတ္တာနန္ဒ၀ိဟာရ) - ကံကောင်းလိုလျှင် ကောင်းကံပြင်
(မိုးမခ) စက်တင်ဘာ ၂၇၊ ၂၀၁၆

မေတ္တာနန္ဒဝိဟာရကျောင်းတော်ကြီးကို ပြုပြင်မယ်လို့ ဗေးဧရိယာရှိအလှူရှင်များကို အကြောင်းကြားစာပို့ထားခဲ့တဲ့အတိုင်း ကျောင်းတောင်ကြီးရဲ့မြောက်ဘက်ခြမ်း (မီးဖိုဆောင် - ဝင်ပေါက်) အောက်ထပ်ကိုပြုပြင်လိုက်ပါပြီ၊ ယခုဘေးပတ်လည် စင်္ကြံလမ်းတွေနဲ့ ကျောင်းတော်ကြီးရဲ့ အနောက်ဘက်ခြမ်း အောက်ထပ်အထက်ထပ်နံရံတွေနဲ့ တောင်ဘက်ခြမ်းအောက်ထပ် အထက်ထပ်နံရံတွေကိုလည်း ပြုပြင်ဖို့လိုအပ်နေသဖြင့် စတင်ပြုပြင်နေပါပြီ။

ပထမဆုံးပြုပြင်ဖို့လုပ်တာက ကျောင်းတော်ကြီးရဲ့မြောက်ဘက်ခြမ်းအောက်ထပ်နဲ့ ဘေးပတ်လည် စင်္ကြံလမ်းတွေသာမို့ ဒေါ်လာ ၃၀,၀၀၀ ခန့်မှန်းထားခဲ့ပေမယ့် ယခုပြုပြင်လိုက်တဲ့အခါ ပြုပြင်ရမယ့်နေရာတွေကများလာလို့ ဒေါ်လာ ၄၅,၀၀၀ ကုန်ကျမှာပါ။

ကျောင်းတော်ကြီးရဲ့တောင်ဘက်ခြမ်း အရှေ့ထိပ်ရှိ ဗုဒ္ဓသီတင်းသုံးတော်မူရာ အထက်ထပ်ခန်းမသည် သာသနာတော်အတွက်အရေးပါတဲ့ သိမ်ကျောင်းဆောင်ပါ၊ ကဿပဗုဒ္ဓစသော သက်တော်ရှည်တဲ့ ဗုဒ္ဓများရဲ့သာသနာတော်၌ ရဟန်းသံဃာတော်များဟာ (၆)လတစ်ကြိမ် သိမ်ထဲတွင် ဥပုသ်ပြုလေ့ရှိတော်မူကြပြီး သက်တော်တိုတဲ့ဂေါတမဗုဒ္ဓသာသနာတော်၌ လပြည့်လကွယ် (၁၅)ရက်တကြိမ် ဥပုသ်ပြုလေ့ရှိတော်မူကြခြင်းပါ။

လူသားတွေမှာ ဥပုသ်စောင့်ကြသလို ရဟန်းသံဃာတော်များလည်း သိမ်ထဲတွင် ဥပုသ်ပြုကြရတာပါ၊ ထို့ကြောင့် သာသနာတော်အတွက် သိမ်ကျောင်းဆောင်ဟာ အဓိကအခန်းကဏ္ဍက ပါဝင်နေခြင်းပါ၊ မေတ္တာနန္ဒသိမ်ကျောင်းဆောင်ဟာ ကောင်းမွန်နေမှသာ ရဟန်းသံဃာတော်များသည် ဥပုသ်ပြုခြင်း ရဟန်းခံခြင်း ကထိန်သင်္ကန်းပေးခြင်းစတဲ့ သာသနာရေးကိစ္စများကို ချမ်းချမ်းသာသာဆောင်ရွက်နိုင်ကြသလို ရဟန်းကိစ္စ ရဟန်းအလုပ်များကို နေ့ညမပြတ် အားထုတ်နိုင်ကြမှာပါ။

ထို့အပြင် တရားတော်ကိုနှစ်သက်မြတ်နိုးသူယောဂီများနဲ့ သားငယ်သမီးငယ်များလည်း ဘုရားရှိခိုးခြင်း တရားရှုမှတ်ခြင်းများကို တိတ်ဆိတ်ငြိမ်သက်အေးချမ်းသာ ပြုလုပ်နိုင်ကြခြင်းပါ။

ယခုအချိန်တွင် ထိုသိမ်ကျောင်းဆောင်ရဲ့နံရံများ ပြတင်းပေါက်များဟာ သက်တမ်းကြာလာတာနှင့်အမျှ ပျက်စီးယိုယွင်းလာသဖြင့် ပြုပြင်ဖို့လိုအပ်နေပါပြီ၊ ယင်းသိမ်ကျောင်းဆောင်သည် မဖြစ်မနေပြုပြင်ရမှာဆိုတော့ သိမ်ကျောင်းဆောင်ကိုပြုပြင်လိုသူ အလှူရှင်များအနေဖြင့် သာသနာတော်ကို စောင့်ရှောက်ပံ့ပိုးဖို့အတွက် အခွင့်ကောင်းကြီးတစ်ခုလို့ ဆိုရမှာပါ။

သာသနာတော်အတွက် လိုအပ်ချက်ဖြစ်တဲ့ သိမ်ကျောင်းဆောင်၊ ပင်မကျောင်းဆောင်ကြီးတို့ကို ပြုပြင်နိုင်ဖို့အတွက် စောင့်ရှောက်ပံ့ပိုးကြမယ်ဆိုရင် ထိုပုဂ္ဂိုလ်များအနေဖြင့် ကိုယ့်လိုအပ်ချက်ကို တောင့်တစရာမလိုပဲ ကမ္မသရိက္ခကဝိပါက= ကိုယ်ပြုလုပ်ထားတဲ့ကံအတိုင်းပင် တူသောအကျိုးကို ရရှိခံစားနိုင်ကြမှာပါ၊ ဒါကြောင့် သာသနာတော်ကို မိမိတို့စွမ်းနိုင်ရာကနေပြီး စွမ်းနိုင်သလောက်ပါဝင်စောင့်ရှောက်ပံ့ပိုးကြဖို့ အထူးတိုက်တွန်းလိုက်ရခြင်းပါ။