မြန်မာပြန် TS ● ကျီးကန်းနှစ်ကောင်


မြန်မာပြန် TS ● ကျီးကန်းနှစ်ကောင်
(မိုးမခ) စက်တင်ဘာ ၂၃၊ ၂၀၁၆

ကျီးနှစ်ကောင်၊ မည်းမည်းကျီးတွေ
တအားအားအော်ကြ
ကွင်းပြင်တွေဖြတ်လို့။

အား.. အား၊
အေးလိုက်တာ ကွင်းပြင်တွေ။
ငိုကြောရှည်တဲ့လေ ကွင်းပြင်တွေဖြတ်လို့၊
ရေပြင်တွေပေါ်၊ အဲ့လ်ပ်တောင်တန်းပေါ်
ဆောင်းကို ချောင်းမြောင်းနေတုန်း။

အား.. အား၊
ဒီနှင်းမုန်တိုင်းက အဲ့လ်ပ်တောင်တန်းကို ဆောင့်ထိုးမလို့။

ဒီနှင်းမုန်တိုင်းက ဆောင့်ထိုး၊
အငတ်က ကွင်းပြင်တွေကို ခြေကျဲကျဲလျှောက်၊
နှင်းခဲချောင်းတွေထိုးထိုးထောင်ထောင်နဲ့ ကွင်းပြင်တွေ။

အား.. အား၊
အိမ်ကနေ မိုင်တွေအများကြီးဝေးသေး။

မူရင်းကဗျာ Two Crows / Dane Zajc (26 October 1929 – 20 October 2005)
အင်္ဂလိပ်မူ Sonja Kravanja
မြန်မာပြန် TS