စက်မှုတက္ကသိုလ် ၇ ကြိမ်မြောက် ဆရာပူဇော်နဲ့ ကျောင်းသူ၊သားဟောင်း မိတ်ဆုံကြမည်


စက်မှုတက္ကသိုလ် ၇ ကြိမ်မြောက် ဆရာပူဇော်နဲ့ ကျောင်းသူ၊သားဟောင်း မိတ်ဆုံကြမည်
(မိုးမခ ကြော်ငြာ) အောက်တိုဘာ ၂၇၊ ၂၀၁၆

စက်မှုတက္ကသိုလ် သတ္တမအကြိမ် ဆရာပူဇော်ပွဲနှင့်ကျောင်းသားကျောင်းသူဟောင်းများ မိတ်ဆုံစားပွဲ
(၂၀၁၆ ဒီဇင်ဘာ ၂၉) မှာ ကျင်းပမှာ ဖြစ်လို့   ကျောင်းသားဟောင်းအဖွဲ့ တခုဖြစ်တဲ့ "1984-1993 RIT FRIENDS FOUNDATION" က အခုလို နှိုးဆော်ထားပါတယ်။

သူငယ်ချင်းတို့ရေ
ရန်ကုန်စက်မှုတက္ကသိုလ် ကမ္ဘာလုံးဆိုင်ရာ ဆရာပူဇော်ပွဲနှင့် မိတ်ဆုံစားပွဲကို ၂၀၁၆ ဒီဇင်ဘာလ ၂၉ရက်နေ့မှာ မနက်ပိုင်း ဆရာကန်တော့ပွဲ၊ ညနေပိုင်း ညစာစားပွဲတို့ကို အာအိုင်တီကျောင်းတော်ကြီးမှာ ကျင်းပမှာ ဖြစ်ပါတယ်။
သူငယ်ချင်းများ ၀ိုင်းဝန်းလှူဒါန်းရန် တိုက်တွန်းအပ်ပါသည်။
အလှူငွေများကို ကောက်ခံတဲ့အခါ စက်မှုတက္ကသိုလ် ဆရာကန်တော့ပွဲ Main Committee မှ ပေးအပ်ထားသည့် ဖြတ်ပိုင်းများဖြင့် ကောက်ခံသွားမည်ဖြစ်ကြောင်း သိစေအပ်ပါသည်။
၁၉၈၄-၁၉၉၃ သူငယ်ချင်းများအနေဖြင့် အလှူငွေများသာမက Refrement and Dinner Committee တွင် 79, 92, 95 Batch များနှင့်အတူ တာဝန်ယူထားပါသည်။ ပွဲကျင်းပသည့်နေ့တွင် ကျောင်းတော်သူ၊ ကျောင်းတော်သားအားလုံး အဆင်ပြေစွာ စားသောက်နိုင်စေရန် သူငယ်ချင်းများ ပူးပေါင်းပါဝင်ပါရန် တိုက်တွန်းအပ်ပါသည်။