ခင်လွန်း - ငါတို့အသင်းလူမစုံတော့ဘူး

Cartoon ATH


ခင်လွန်း - ငါတို့အသင်းလူမစုံတော့ဘူး
(မိုးမခ၊ သစ်ခက်သံလွင်) အောက်တိုဘာ ၁၅၊ ၂၀၁၆

ငါ့စိတ်ကလေးမှာ
အင်တင်နာတိုင် ထောင်ထားတယ်

စကြဝဠာတခုလုံး
အုန်းအုန်းကျွက်ကျွက်

သေသူတွေရော ရှင်သူတွေရော
ကမ္ဘာခြားခြားမခြားခြား

လူသေတွေ ခံစစ်ထားထား
လူအိုတွေနဲ့ ကွင်းလယ်ထိန်းထိန်း
ဟေ့ ... မင်းတို့လူသစ်လေးတွေ
အတင်းတိုး အတင်းဝင်
ကန်တင် ရှေ့ပြေးထက် အပေးအယူ လုပ်ကစားကြပါလား

ဒို့အသင်း လူမစုံတိုင်း အရှုံးပေးရမှာလား
ဒို့အသင်း လူမစုံးတိုင်း အရှုံးပေးရမှာလား

ခင်လွန်း
၁၂၁၀၁၆
ညနေ ၅း၀၀