လွှတ်တော်ကိုယ်စားလှယ် ရုတ်သိမ်းပိုင်ခွင့် နဲ့ ပြည်သူ့အခွင့်အရေး ဆွေးနွေး



လွှတ်တော်ကိုယ်စားလှယ် ရုတ်သိမ်းပိုင်ခွင့် နဲ့ ပြည်သူ့အခွင့်အရေး ဆွေးနွေး
(ဌေးအောင်၊ မိုးမခ) အောက်တိုဘာ ၂၄၊ ၂၀၁၆

“လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရုတ်သိမ်းပိုင်ခွင့် မကျင့်သုံးနိုင်သေးတာသည် ပြည်သူ့အခွင့်အရေး ချိုးဖောက်ခံနေရတာလား?” ဟူသောခေါင်းစဉ်ဖြင့် နိုင်ငံရေးအကျဉ်းသားဟောင်းများကွန်ယက်က တာဝန်ယူပြီး ဆွေးနွေးပွဲတစ်ခုအား ယနေ့ (၂၃.၁၀.၂၀၁၆) ရက် နေ့ လည် (၂) နာရီမှ ညနေ (၅) နာရီအထိ ရန်ကုန်မြို့  ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင်ကျင်းပခဲ့ပါတယ်။

ဆွေးနွေးပွဲတွင် တရားလွှတ်တော်ရှေ့ နေ ဦးအောင်သိန်း၊ မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းနှင့် ရသေ့တောင်မြို့ နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေတို့ မှ ဦးဆောင်ဆွေးနွေးခဲ့ပြီး ဦးဇော်မင်းကျော်မှ အကျိုးဆောင်အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

၎င်းဆွေးနွေးပွဲသို့  အဖွဲ့ အစည်းအသီးသီးမှ ခေါင်းဆောင်/အဖွဲ့ ဝင်များ စုစုပေါင်း(၂၀၀)ခန့် တက်ရောက်ခဲ့ ပြီး ၄င်းဥပဒေကို လျှင်မြန်စွာပြဌါန်းသင့်ကြောင်း စိတ်ပါဝင်စားစွာ မေးမြန်းဆွေးနွေးခဲ့ကြပါတယ်။

ဓာတ်ပုံ-ဌေးအောင်