ဇာနီကြီး - လယ်ယာမြေပြုပြင်ရေး ပြောကြဆိုကြတာနဲ့ ပတ်သက်လို့


ဇာနီကြီး - လယ်ယာမြေပြုပြင်ရေး ပြောကြဆိုကြတာနဲ့ ပတ်သက်လို့
(မိုးမခ) အောက်တိုဘာ ၂၀၊ ၂၀၁၆

နိုင်ငံကြီးပွားဖို့ လယ်ယာမြေပြုပြင်ရေး အမေရိကန်အဖွဲ့ နဲ့ မြန်မာ ပညာရှင်တွေ လုပ်နေကြပါပြီ။ လွန်ခဲ့တဲ့ ၁ ပတ် က လွှတ်တော်က ဆွေးနွေးပွဲ ဖိုရမ်မှာ ပြောကြပါတယ်။ ဒါတွေကို ပြန်လည် တင်ပြရင်း ဖြည့်စွက်ဆွေးနွေးချင်ပါတယ်။

၇၀% ဆင်းရဲမွဲတေတဲ့ လယ်သမားတွေနဲ့ Land Reform အကြောင်း ဒေါ်အောင်ဆန်းစုကြည် ရဲ့ အမေရိကန်အကူညီအဖွဲ့က လွှတ်တော်ကိုယ်စားလှယ်များကို တင်ပြသွားပါပြီ။

အမေရိကန်အဖွဲ့ တင်ပြချက်
မဟာဗျူဟာ စတင်နေပြီး လယ်လုပ်သူတိုင်းလယ် ဧက သေးသေးတွေ (ဥပမာ ၂ဧက လောက်စီ) ပိုင်ရေး၊ မျိုးစေ့ ၊နည်းစနစ်၊ ငွေ အားလုံးထောက်ပံ့ရင်း ၂ဧက ထွက်နှုန်းက ယခု ၁၀ဧက ထွက်နှုန်းထက် သာမယ်။

အမေရိကန် စနစ်နဲ့ ဂျပန် တောင်ကိုးရီးယား ဗီယက်နမ် တရုပ် တိုင်ဝမ်တွေမှာ အောင်မြင်ပုံ . . အမေရိကန်က မြန်မာကို နှစ်၅၀ နောက်ကျပြီးမှ လာရောက်ကူညီခွင့်ရပုံများကို ဆွေးနွေးတင်ပြပါတယ်။

မူဝါဒ ဆွဲပြီး လုပ်ရင်း ပြင်ရင်း စတင်နေပြီဖြစ်ပါတယ်။ ခရိုနီက မြေပြန်ပေးရပါမယ်။ ခရိုနီလို့ မပြောပဲ မြေအများကြီး ပိုင်တဲ့လူတွေလို့ ပြောရအောင်။ သူတို့ အဆင့် မလာခင် အခု နိုင်ငံတော်ပိုင် မြေဧက သန်းနဲ့ချီ တွေ့ထားပါပြီ။ အခုပဲ ဧရာဝတီတိုင်းမှာ လယ်ဧက သောင်းနဲ့ချီ ဝေငှပေးနေပါပြီ။

မဟာဗျူဟာ (ရေတို ရှေည် စီမံကိန်းများ)


၁။ မြေယာမရှိသူများကို မြေ၂ဧကစီဖြစ်စေ ခွဲဝေပေး

၂။ သူတို့ကို ကူညီထောက်ပံ့ပေး

၃။ ချေးငွေရအောင်လုပ်ပေး။ အခုဖြစ်နေတဲ့ တလ၁၀% မတရားအတိုးနှုန်းမဟုတ်ပဲ တနှစ်လုံးနေမှ ၅% လို ချေးငွေမျိုးပါ။

* * * * *

အာရှတိုက်က ၅နိုင်ငံ အကြီးကျယ် အောင်မြင်မှုများအကြောင်း

၁။ ဂျပန်
၁၉၄၆ အမေရိကန်က လာရောက် ပြုပြင်ပြောင်းလဲပေးတယ်။ လယ်ယာမဲ့တွေကို တဦး ၁ဧက လောက်ခွဲဝေ လယ်ပိုင်ဖြစ်စေတယ်။ တရားမဝင် မြေလွှဲပေးတာမျိုး မရှိစေရ။ လယ်လုပ်သူပဲ လယ်ပိုင်စေတယ်။ ၁၀နှစ် အကြာ လယ်သမားဘဝအရမ်းတိုးတက် စက်မှုလယ်ယာ ဖြစ်သွားပါတယ်။

မြန်မာပြည်က အသက်၉၀ စီးပွားပညာရှင် ဦးလှမြင့် နဲ့ အဒမ်စမစ် ပေါင်းပြီး  Smit-Myint  အဖွဲ့လည်း ပါဝင်လုပ်ဆောင်ပါတယ်။

၂။ တောင်ကိုးရီးယား
၁၉၄၉ စတင်ခဲ့ပါတယ်။ ကိုးရီးယားစစ်ပွဲ အပြီး လယ်မြေပြုပြင်ရေး လုပ်ပါတယ်။ ၄% လူဦးရေက လယ်မြေအများကြီးကို ပိုင်ရာကနေ လယ်မြေမရှိတဲ့ လယ်သမား (သီးစား) တွေကို ခွဲဝေပေးပါတယ်။ အခုတော့ အကြီးကျယ်အောင်မြင်ရာက ကမ္ဘာ့ထိပ်တန်း စက်မှုနိုင်ငံ ဖြစ်နေပါပြီ။

၃။ ဗီယက်နမ်
၁၉၆၈ စတင်ခဲ့ပါတယ်။ တောင်မြောက် ၂နိုင်ငံ စစ်ပွဲအပြီး ကွန်မြူနစ်ခေါင်းဆောင်များက တောင်ဗီယက်နမ် လယ်သမားများ အရမ်းအောင်မြင်တာကို တွေ့ပါတယ်။ မြောက်ပိုင်း ကွန်မြူနစ် ဘုံလယ်ယာစနစ်ကနေ အမေရိကန်စန်အတိုင်း လယ်သမားတွေကို လယ်ပိုင်အဖြစ် ခွဲဝေလုပ်ကိုင် ပံ့ပိုးပါတယ်။ အခု ၂၀၁၆ မှာ အကြီးကျယ်အောင်မြင်ပြီး စက်မှုဗီယက်နမ်အဖြစ် ချီတက်နေပါပြီ။

ကမ္ဘာ့ ကော်ဖီအများဆုံး တင်ပို့တဲ့နိုင်ငံ လဘက်ခြောက် ရာဘာ သီဟိုစေ့ အများဆုံးတင်ပို့ ရောင်းချတာ မြေဧက ၂ဧက ၃ဧက သေးသေးလေးတွေမှာ စိုက်ပျိုးတဲ့ စနစ်နဲ့ လုပ်နေကြတာပါ။ ကိုယ်ပိုင်မြေဆိုတော့ ကြိုးစားလုပ်တယ်။ အစိုးရနဲ့ အဖွဲ့အစည်းတွေက ထောက်ပံ့ကူညီပေးကြပါတယ်။

၎။ တရုပ်ပြည်မကြီး
၁၉၄၉ - ၁၉၅၆ မှာ တဦး ၂ဧက ခွဲဝေလုပ်စေတာ အောင်မြင် ဝင်ငွေ ၈၀% ထိ တိုးတက်လာပါတယ်။ ဒါပေမဲ့ ကွန်မြူနစ် ဘုံလယ်ယာမြေ အများစုကြောင့် တရုပ်ပြည် အခြေနေ ဆိုးသွားရတယ်။ ၁၉၇၀ နောက်ပိုင်း small firm ခွဲဝေလုပ်ကိုင်စေတယ်။ ၁၉၉၀ မှာ ၈၆% တက်သွားပြီး အခုတော့ အရှိန်ရနေပါတယ်။ မကြာမီက လယ်သမားတွေကို မြေပိုင်ခွင့် အနှစ် ၃၀ ထပ်တိုးပေးပြီး ဒီလမ်းကြောင်းပဲ အောင်မြင်စွာ သွားနေပါတယ်။

၅။ တိုင်ဝမ်
၁၉၅၀-၅၃ မှာ လယ်သမားတယောက် တဧကခွဲနှုန်း ခွဲဝေလုပ်ကိုင်ရင်း နှစ်မကြာခင် ဝင်ငွေ ၁၅၀% တိုးတက်ခဲ့ပါတယ်။ အခုတော့ လယ်သမားမိသားစုတွေ ပညာတတ် စက်မှု ပညာရှင်တွေ ဖြစ်နေပါပြီ။

မြန်မာပြည်ကို အနှစ်၅၀ နောက်ကျရောက်လာတဲ့ အမေရိကန်အဖွဲ့ က လယ်သမားတွေကို သင်တန်းတွေလဲ မပေးတော့ပါ။ Work Shop အလုပ်ရုံဆွေးနွေးပွဲတွေလဲ မလုပ်တော့ပါ။ တခါထဲ လက်တွေ့ လုပ်ရင်း လယ်ယာမြေပြုပြင်ပြောင်းလဲ နေပါပြီ။

ပေါ်လစီစတင်ပြီး ဥပဒေများနဲ့ အကောင်ထည်ဖေါ်တာ ၅နှစ်ကြာပေမဲ့ အရင်အစိုးရ စိုးရိမ်မှုတွေကြောင့် အခြေနေဆိုးခဲ့ရပါတယ်။ အခု (၃)ဆင့် လုပ်မှာကတော့

၁။ လယ်လုပ်သူ လယ်ပိုင်ဖို့ (အစိုးရ သို့မဟုတ် ပုဂ္ဂလိက လယ်မြေများက) ဧက သေးသေးတွေ ခွဲဝေပေးခြင်း

၂။ လယ်မြေသိမ်းခံရတဲ့ ပြသနာတွေ ဖြေရှင်းခြင်း

၃။ မြေမရှိတဲ့ လယ်သမားများ မြေဧက သေးသေးများ ပိုင်ဆိုင်ဖို့

အစိုးရနဲ့တာဝန်ရှိသူများက လယ်သမားများကို ကူညီကြပါ။ သူတို့စိတ်ဖိစီးမှုများကို မျှဝေခံစား ပံ့ပိုးကူညီပေးကြပါ။

မြန်မာပြည်မှာ ယခုအချိန်ထိ လေ့လာရှိထားချက်အရ အစိုးရပိုင် လယ်မြေ လုပ်နိုင်တဲ့ မြေဧက သန်းနဲ့ချီရှိနေပါတယ်။ ခွဲဝေပေးမှာပါ။

ငွေကြေးနဲ့နည်းပညာကို
* ဆွဒ်ဇာလန်
* ဥရောပဘုံဈေး EU
* အမေရိကန် တို့က စတင်ခဲ့ပါတယ်။ တခြားအဖွဲများ ပါဝင်ကူညီရင် ပါဝင်နိုင်ပါတယ်။

* * * * * * * *

ဦးရွှေသိန်း (တင်ပြချက်)
လက်ရှိ မြေယာမဏ္ဍိုင်အဖွဲ့ . .


မူဝါဒနဲ့ပြုပြင်ပြောင်းလဲမှု အခြေအနေများကို ရှင်းပြပါတယ်။ မြန်မာပြည် မြေ ရေ လေ နဲ့ လုပ်အား ၇၀% ရှိတဲ့ တောင်သူလယ်သမား အင်အားနဲ့ စိမ်ခေါ်မှုများစွာကို ကျော်လွှား အောင်မြင်ဖို့ပါ။

မြေရေ သစ်တော အရင်းမြစ်များ ပျက်စီး ရာသီဥတုဖေါက်ပြန်မှုတွေ ဘာကြောင့်ဖြစ်သလဲ အားလုံးသိပြီးပေမဲ့ ပြောရပါမယ်။

မြေအသုံးချဖို့ ဌာနဆိုင်ရာ ၂၀ ခုလောက်က ဥပဒေပေါင်း ၃၀ ကျော်နဲ့ ပူးပေါင်းဆောင်ရွက်မှု အာနည်းလှပါတယ်။ သစ်တောမြေ စိုက်ပျိုးမြေတွေကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှုးနဲ့ မြေစာရင်းမှုးတို့ပဲ အဓိက ဖြေရှင်းနေကြပါတယ်။

မြေအရင်းမြစ် စီမံရေးစနစ် အားနည်းနေပါတယ်။ အားကောင်းလာဖို့ . .လူမှုအဖွဲ့အစည်းတွေ အားလုံးပူးပေါင်း ဆောင်ရွက်ရပါမယ်။ လျှို့ဆော်ပွဲတွေ လုပ်တဲ့အဖွဲ နဲ့ စေ့စပ်ညှိနှိုင်းတဲ့ အဖွဲ့တွေ အစိုးရနဲ့ မတူညီတဲ့အဖွဲ့တွေ စွမ်းရည်တွေကို အသုံးချနိုင်ရင် အောင်မြင်မှာလို့ ယုံကြည်ပါတယ်။

မြေအသုံးချမှုမူဝါဒ
အပိုင်း(၁၂) ခုနဲ့ ရေးဆွဲပြီးပါပြီ။ ဒီမူဝါဒက အသေမဟုတ်ပါ။ လိုထည့် မလိုဖြုတ် လုပ်ရင်း တော်တော် ပြီးပါပြီ။ ၅နှစ်တာ လုပ်ခဲ့ပြီး ရှေ့ဆက် ပွင့်လင်းမြင်သာစွာ သွားရပါမယ်။

''အမျိုးသားမြေဥပဒေ''

ဥပဒေပေါင်း ၃၀ ကျော် ဌာနဆိုင်ရာပေါင်း ၂၀ ကျော် ရှုပ်ထွေးနေတာ အားလုံး ချိတ်ဆက်မိအောင် ပြင်ဖို့ ''အမျိုးသားမြေဥပဒေ'' အရင် ပြဌာန်း အတည်ပြုရပါမယ်။

မူဝါဒကို အစိုးရ (သို့) လွှတ်တော် ဘယ်သူရေးမလဲ။ အကောင်ထည်ဖေါ်ဖို့ အားလုံးအထက်က အဖွဲ့စည်းတခုလဲ ဖွဲ့ရပါဦးမယ်။

လွှတ်တော်ကိုယ်စားလှယ်များ မေးမြန်းခြင်းကို အမေရိကန်အဖွဲ့နဲ့ ဦးရွှေသိန်း တို့က ဖြေသွားပြီး နောက်လဲ လွှတ်တော်ကို လာရောက်တင်ပြပါမယ် ပြောသွားပါတယ်။

ဇာနီကြီး
၁၇ အောက်တိုဘာ ၂၀၁၆

Ref link
ကျော်မျိုးထွန်း ရဲ့ လယ်ယာမြေ ပြုပြင်ရေးမှာ အဓိကကျတဲ့ ကုန်စည်ဒိုင်ကြီး စနစ်နဲ့ ပေါင်း လုပ်ကိုင် ကူညီကြဖို့ပါ။
Link..
https://goo.gl/CLo4Rc

လယ်ယာမြေပြုပြင်ရေး eBook
http://www.slideshare.net/mobile/myanmarjobstudent/landtransform2016