ဆောင်းယွန်းလ ● သဘောင်္အပျက် ရထားအမှားတွေကို ဆယ်မရတဲ့ ဆယ်လီကမ္ဘာမှာ

 
ဆောင်းယွန်းလ ● သဘောင်္အပျက် ရထားအမှားတွေကို ဆယ်မရတဲ့ ဆယ်လီကမ္ဘာမှာ
(မိုးမခ) နိုဝင်ဘာ ၃၀၊ ၂၀၁၆

သဘောကို
တရားပေါက်အောင် ဘယ်လိုဖောက်ချင်လို့လဲ
သေဘာၤဟာ သေဘာၤပဲ
သေဘာၤကို ရထားလုပ်ချင်လို့မရဘူး
သဘောင်္အတွက်
ထွက်ခွာချိန်နဲ့ ဆိုက်ရောက်ချိန်ဟာ သတ်မှတ်ပြီးသား
အခြေအနေ အကြောင်းကြောင်းကြောင့်
ကမ်းကခွာချိန် နောက်ကျရင် နောက်ကျမယ်
ပင်လယ်ပြင်အနေအထား
ရာသီဥတုအခြေအနေနဲ့ လေကြမ်းတွေကြောင့်
ကမ်းကပ်ချိန် နောက်ကျရင် နောက်ကျမယ်
သေဘာၤဟာ သေဘာၤပဲ
သေဘာၤကို ရထားဖြစ်စေချင်လို့မရဘူး
သဘောင်္မှောက်တိုင်း ရထားပျောက်ခိုင်းလို့မရဘူး
သဘောင်္ပျောက်တိုင်း ရထားမှောက်ခိုင်းလို့လည်းမရဘူး
ရထားကို ရထားဖြစ်ဖို့
ဘယ်လိုရထားတာတွေကို ဘယ်မှာထားချင်လို့လဲ
အပျက်တွေကို အားကိုးတဲ့ လူရမ်းကားတွေကမ္ဘာမှာတော့
ဘူတာမှာ သဘောင်္တွေ တငွေ့ငွေ့ဆိုက်နေပြီး
ရထားတွေ တရွေ့ရွေ့နဲ့ ကမ်းကခွာနေတယ်
တမေ့တမောမှာ ရထားတွေနစ်ပြီး သဘောင်္တွေတွဲချော်နေတယ်
သဘောင်္အပျက် ရထားအမှားတွေဆယ်မရတဲ့ ဆယ်လီကမ္ဘာမှာ
ဆယ်လီကို တဆယ်နဲ့ပေါင်းပြီး
အကောင်းကို မြောင်းထဲပစ်ချင်သူတသိုက်ရယ်
ဆယ်လီကို တဆယ်ထဲကနှုတ်ပြီး
မဟုတ်ကို အဟုတ်လုပ်ချင်သူတအုပ်ရယ်
ဆယ်လီကို တဆယ်နဲ့မြှောက်ပြီး
မျောက်သစ်ကိုင်းလွတ်နေသူတဖွဲ့ရယ်
ဆယ်လီကို တဆယ်နဲ့စားပြီး
ငါ့စကားနွားရလုပ်ချင်သူတစုရယ်ဟာ
အမှားတပွေ့တပိုက်နဲ့ ရယ်ရယ်မောမော သိုက်သိုက်မြိုက်မြိုက်
အားလုံးဟာ
သိုက်သိုက်မြိုက်မြိုက် အုပ်ဖွဲ့ကြရင်း အမှားကိုတောင်ပံတပ်လို့
ဖွဲ့ဖွဲ့နွဲ့နွဲ့နဲ့ အမှန်ကိုကျင်းတူးမြေမြှုပ်ဖို့ စုစုဝေးဝေးညာသံတွေပေးလို့
ဒါပေမယ့်လို့
သူတို့ကမ္ဘာဟာ ရေတွင်းပျက်တခုသာသာလောက်ရှိတယ်ဆိုတာ
သူတို့ကိုယ်တိုင် မသိကြရှာဘူး
သူတို့ကမ္ဘာထဲက သဘောင်္အပျက် ရထားအမှားတွေကိုဆယ်လို့မရတာကိုလည်း
သူတို့ကိုယ်တိုင် မသိကြရှာဘူး
မရှိတာထက်ပိုခက်တဲ့ သူတို့မသိတာတခုက
သူတို့မှာ ဆယ်စရာ ဘာအဖတ်မှမရှိတော့ဘူးဆိုတာကိုပဲ။

ဆောင်းယွန်းလ (နိုဝင်ဘာ ၂၈ ရက်၊ ၂၀၁၆)