ကျော်ကျော်မင်း - ယာဉ်အန္တ​ရာယ် ဟုဆိုရာဝယ်

Photo - Irrawady

ကျော်ကျော်မင်း - ယာဉ်အန္တ​ရာယ် ဟုဆိုရာဝယ်
(သူ့ဖေ့စ်ဘွတ်) မိုးမခ၊ နိုဝင်ဘာ ၁၂၊ ၂၀၁၆

ယ​နေ့ နံနက်​ ရန်​ကုန်​​ဆေးရုံကြီး လူနာ​ဆောင်​၅/ ၆သို့ ကျွန်​​တော်​ ​​ရောက်​ခဲ့သည်​။ လူနာသတင်း​မေးရန်​ဖြစ်​သည်​။ လူနာမှာ ယာဉ်​တိုက်​မှုဖြစ်​​သော ကျွန်​​တော့်​ အကိုဝမ်းကွဲဖြစ်​၏။ လူနာကုတင်​​ပေါ်ရှိ အကို၏ အဖြစ်​က မမြင်​ရက်​စရာ။ လက်​​ ​ခြေ အားလုံး ပတ်​တီးအ​ဖွေးသား၊ မျက်​နှာမှာလည်း ပလာစတာ ဗရဗွ နှင့်​။ ​ခြေ လက်​တို့ အားလုံးအပိုင်းပိုင်းကျိုးကုန်​သတဲ့။ ညာဖက်​ တံ​တောင်​ဆစ်​နားက အရိုးပါ​ကျေ ကုန်​သည်​ဟုသိရသည်​။ မျက်​နှာ တစ်​ခြမ်းမှာလည်း ဟက်​တက်​ကွဲ ပြီး ​မေးရိုးပါ​ပေါ်သွား​​လောက်​ ​အောင်​ ယာဉ်​တိုက်​မှုက ပြင်းထန်​လှ​ပေသည်​။

ယာဉ်​တိုက်​မှု ဖြစ်​စဉ်​ကို ကြားလိုက်​ရ​သောအခါ ကျွန်​​တော်​၏​သွေးတို့ ဆူလာ​တော့သည်​။ ဖြစ်​စဉ်​မှာ- ၄-၁၁-၁၆ ​နေ့ စ​နေ​နေ့ ည ၉ နာရီ​ကျော်​​ကျော်​ တ/ ဥက္ကလာ စာတိုက်​အနီး မီးပွိုင့်​ တွင်​ မီးစိမ်း သဖြင့်​ ​ကွေ့ ထွက်​လာ​သော အကို၏ ကားကို မီးနီ ဖြတ်​ဝင်​လာ​သော BM ကားမှ အရှိန်​ဖြင့်​ ဝင်​တိုက်​ခြင်းဖြစ်​၏။ အရှိန်မည်မျှပြင်းသနည်းဆို​​သော်​ ​​​​အကို၏ Nissan NOTE ကား​လေး​ခေါင်းပိုင်းမှာ ဖွာလန်​ကျဲသွားပြီး ကားရုပ်​ပင်​မ​ပေါ်​တော့​ချေ။ သတိလစ်​သွား​သော အကို့ ကို သူ၏ကား​ပေါ်မှ ဂျိုက်​ဖြင့်​ ​ထောက်​ပြီး ဆွဲထုတ်​ယူခဲ့ရသည်​။ ​သွေးထွက်​လွန်​​နေ​သော အကိုတစ်​​ယောက်​ ​ဆေးရုံ အ​ရောက်​​စော၍သာ ​သေကံမ​ရောက်​ခဲ့ခြင်းဖြစ်​သည်​။ BM ကားဆရာက​တော့ ထုံးစံအတိုင်း ရှိန်းဆာယာ ပို​မောက်​၍ ကိုယ်​​ပျောက်​သွား​ချေပြီ။

အကိုက ဘုရားတရား သမား၊ လူချစ်​လူခင်​​ပေါ၍ လူတကာကိုကူညီတတ်​သူ။ ထို​နေ့ညကလည်း ဝိသုဒ္မိမဂ်​ သင်​တန်းမှအပြန်​ ကံဆိုးသွားရခြင်းဖြစ်​သည်​။

တွေ့မ​ရှောင်
========

လက်ေ​ဝှ့​ကျော်​နာမည်​မဟုတ်​ပါ။ EH 700 ကဲ့သို့ အင်ဂျင်ြ​​​ကီး၊ ​​​​ဂီယါ ကြီး၊ အကြီးပတ်လည် တပ်ဆင် ထါးပြီး ​​​​ဘယ်​​​ဒေသ ဘယ်​လမ်း​​ပေါ်၌မဆို မိမိနှင့်​ ငြိပါက ဘယ်​ကားကိုမျှ ချမ်းသာမ​ပေး​သော အနှီ BM တို့ကို​ပေးထား​သောနာမည်​ဖြစ်​ပါသည်​။ လမ်း​ပြောင်းပြန်​ ဝင်​လာပြီး လမ်းမှန်​​မောင်းလာ​သော ကားကို သံတုတ်​ကိုင်​ပြီး ကြမ်းတာကြည့်​မလား၊ မီးနီဖြတ်​ပြီး တဖက်​ကားကို တိုက်​တာကြည့်​မလား၊ အတည့်​လာ​သောကားကို ဂရုမစိုက်​ပဲ ဖြတ်​​ကွေ့တာကြည့်​မလား၊ စုံလှသည်​။ ထင်​တိုင်းကျဲ ​နေသည်​မှာ မမြင်​ချင်​အဆုံးဖြစ်​၏။

လက်​ပိုက်​ကြည့်​​နေရ​တော့မှာလား
==================


'' ပြိုင်​လာလျှင်​ အရှူံး​ပေး နှလုံး​အေးတဲ့​ဆေး '' ၊ အခု​တော့ အရှုံး​ပေး ရုံမက အသက်​ပါ​ပေး​နေရသူ​တွေ တ​နေ့တခြား များလာပြီ။ စည်းကမ်းတကျ ​မောင်းနှင်​သူ နှင့်​ အခြားလမ်းအသုံးပြုသူများ အတွက်​ လုံခြုံမှု ကင်းမဲ့​သော အန္တ​ရာယ်​ လမ်းမ များအဖြစ်​​ပြောင်းလဲကုန်​ပြီ။ ယာဉ်​စည်းကမ်း လမ်းစည်းကမ်း​တွေ ဘယ်​​ရောက်​ကုန်​ပြီလဲ၊ အ​ရေးယူမည့်​ ယာဉ်​ထိန်းရဲများ ဘယ်​​ရောက်​​နေကြလဲ၊ ဥပ​ဒေက လုံခြုံမှု မ​ပေးနိုင်​​တော့ဘူးလား၊ ဒီအတိုင်း လက်​ပိုက်​ကြည့်​​နေရ​တော့မှာလား သိလိုလှသည်​။

စိန်​​ခေါ်​နေတာလား
==========

ယ​နေ့ အစိုးရသည်​ တရားဥပ​ဒေ စိုးမိုး​ရေး ကိုတွင်​တွင်​ ​အော်​​နေသည့်​ကြားမှ ဥပ​ဒေ ကိုမ​ထေမဲ့မြင်​ပြုသည့်​ လုပ်​ရပ်​များ တရပ်​စပ်​ ဖြစ်​ပွား​နေသည်​မှာ အသည်းယားစရာ ​ကောင်းလှသည်​။ တရားဥပ​ဒေ စိုးမိုး​ရေး​ဆောင်​ရွက်​​နေသူများကို နားရွက်​တံ​တွေးဆွတ်​ရုံမက မျက်​နှာကို တံ​တွေးနှင့်​ တည့်​တည့်​​ထွေး လိုက်​သလိုပင်​။

ပြဿနာ၏ ဇစ်​မြစ်
========

ပြဿနာ တို့ မည်​သည်​ စတင်​ဖြစ်​ပွားရခြင်း ဇစ်​မြစ်​တို့ရှိစမြဲဖြစ်​သည်​။ ယခု ကိစ္စ ကိုဆန်းစစ်​ကြည့်​လျှင်​- ယ​နေ့ ဘစ်​စကား​လောက၌ ကျင်​လည်​​နေ​သော ယာဉ်​​မောင်းတို့မှာ အ​တွေ့ အကြုံနုနယ်​​သော၊ မခံချင်​စိတ်​ပြင်းပြ​သော၊ လူသစ်​တန်းများ အများစုဖြစ်​​နေသည်​ကို ​တွေ့နိုင်​၏။ အချို့မှာ လိုင်​စင်​ပင်​မရှိ။ ယခင်​ ဝါရင့်​ ယာဉ်​​မောင်းတို့ ဘယ်​​ရောက်​ကုန်​သနည်း။ မစို့မပို့ ဝင်​​ငွေဖြင့်​ ကျားစား ဖားစား ရှာ​ဖွေစား​သောက်​ရ​သော ဘစ်​စကား​လောကကို ​ကျောခိုင်းကာ ဝင်​​ငွေ ​ကောင်း​သော Express လိုင်း၊ Tour ကားများ၊ အငှါးကားငယ်​များ ​မောင်း​နေကြသည်​ကို ​တွေ့နိုင်​၏။

ဘယ်​လိုကိုင်​တွယ်​​ဖြေရှင်းမလဲ
================

စည်းကမ်းကို ချစ်​တတ်​ဖို့သာလိုသည်​။ ​ကြောက်​ရန်​မလိုပါ။ ​ခေတ်​ အဆက်​ဆက်​ အစိုးရ တို့ နည်း​ပေါင်းစုံဖြင့်​ ယာဉ်​စည်းကမ်း ထိန်းသိမ်း​ရေး လုပ်​ဖူးသည်​။ ကြီး​လေး​သော ပြစ်​ဒဏ်​ များချဖူးသည်​။ ယခု ပညာ​ပေး ဒဏ်​​ပေးလုပ်​သည်​။ ​အောင်​မြင်​သင့်​သ​လောက်​ မ​အောင်​မြင်​။ ပြဿနာ ဇစ်​မြစ်​ကို မကုစားနိုင်​၍ဖြစ်​သည်​။

ယာဉ်​​မောင်းတို့ကို ​လောက်​ငှ​သော လစာရရှိ​စေရမည်​။

ပညာအဆင့်​အတန်း ကန့်​သတ်​ချက်​ထားပြီးမှ အလုပ်​ခန့်​ထားရမည်​။

ယာဉ်​​ကြောကျပ်​တည်းမှု​ကြောင့်​ ရှည်​လျား​သော အလုပ်​ချိန်​များ မဖြစ်​​စေပဲ၊ အလုပ်​အဆိုင်း​နှင့်​ ​မောင်းနှင်​​စေရမည်​။

စိတ်​ဖိစီးမှု နည်း​စေရန်​ ​ကောင်းမွန်​၍ သက်​​သောင့်​သက်​သာ ရှိ​သော ယာဉ်​အသစ်​များလဲလှယ်​ အစားထိုးရမည်​။

အလုပ်​မဆင်းမီ လုပ်​ငန်းခွင်​၌ ​နေ့စဉ်​ မိနစ်​ ၃၀ ခန့် တရားထိုင်​ ခိုင်းရမည်​။

ဆု​ပေး ဒဏ်​​ပေးစနစ်​ကို ထိထိ​ရောက်​​ရောက်​ အ​ကောင်​အထည်​​ဖော်​ရမည်​။

''​ပျော်​ရွှင်​​သော ဝန်​ထမ်းတို့သည်​ ကုန်​ထုတ်​စွမ်းအား ကိုတိုး​စေသလို ၊ စိတ်​ဖိစီးမှု နည်း​သော ယာဉ်​​မောင်းတို့သည်​လည်း လမ်းအသုံးပြုသူတို့ကို အန္တ​ရာယ်​ ကင်း​စေ​ကြောင်း'' အကြံပြု​ရေးသားလိုက်​ပါသည်​။