ခက်သီ ● ပြည်တွင်းစစ်


ခက်သီ ● ပြည်တွင်းစစ်
(မိုးမခ) နိုဝင်ဘာ ၂၂၊ ၂၀၁၆

စစ်က သူ့အလိုအတိုင်းဖြစ်လို့မှမရတာ
ကျောက်စိမ်းကလည်း ဆတ်ကော့လတ်ကော့
သဘာဝဓာတ်ငွေ့ကလည်း မူတူတူ
ကျွန်းသစ်နဲ့ မြစ်ဆုံကလည်း ညုတုတု
တောင်တန်းနဲ့ ပင်လယ်တွေက ဖြားယောင်းနေတော့
စစ်က ကမူးရှုးထိုးပေါ့
အခေါ်သာပြည်တွင်းစစ်
ကျည်ဆန်တွေက ပြည်ပက ဝင်လာတာ
ကြာခဲ့ပေါ့။      ။

ခက်သီ