မြင့်အောင်သန့် - ရင်းစား



Pinterest 


 မြင့်အောင်သန့်  - ရင်းစား 
(မိုးမခ) နိုဝင်ဘာ ၁၆၊ ၂၀၁၆

သစ်သီးတွေက သူ့ဘာသာ ခူးဆွတ်ပြီး
သစ်မြစ်တွေက သူ့သဘောနဲ့သူ
မြေကြီးထဲ တိုးဝင်နေကြတယ်။
နှလုံးသွေးနဲ့ရင်းပြီး စိုက်ခဲ့တာ
သူတို့ကပဒေသာပင်လို့ ထင်နေတယ်။

သဘော်ခုတ်မောင်းခိုက်
အမှုက်သရိုက်နဲ့ရွံ့ရေတွေ
ပဲ့ဆီကိုပြေးလွှာနေကြ။

လူဟာမျောက်ကဆင်းသက်ကြောင်း
လှောင်အိမ်ထဲထည့်ပြဘို့တော့
မလိုအပ်ဘူးလို့ထင်တယ်။

အဲဒီညကဗျာထမင်းဝိုင်းကို
ငါတို့ ...
လောက်ခေါင်နဲ့ပဲပြီးလိုက်တယ်။

မြင့်အောင်သန့်
2005
-လောက်ခေါင် ထိုင်းအရက်ဖြူ