မောင်မောင်စိုး - ငြိမ်းချမ်းရေး ရှေ့ခရီး နှင့် NCA - အပိုင်း ၂

Senior-General Min Aung Hlaing  signs during the signing ceremony of the Nationwide Ceasefire Accord (NCA) in Nay Pyi Taw, Myanmar, Oct. 15, 2015

မောင်မောင်စိုး - ငြိမ်းချမ်းရေး ရှေ့ခရီး နှင့် NCA - အပိုင်း ၂
(မိုးမခ) နိုဝင်ဘာ ၁၃၊ ၂၀၁၆

NCA နှင့် မထိုးသေးသည့် အဖွဲ့များ
NSCN(K) ကိုဖယ်ထားလျင် လက်ရှိ NCA မထိုးသေးသည့် အဖွဲ့ ၁၂ ဖွဲ့ရှိသည်။ UNFC ၇ ဖွဲ့ UWSA/ NDAA/ MNDAA/ TNLA/ AA ၅ဖွဲ့  စုစုပေါင်း ၁၂ ဖွဲ့ဖြစ်သည်။ တကယ်တော့ TNLA / MNDAA/ AA ၃ ဖွဲ့သည် မူလက UNFC နှင့်တွဲလျက်ဖြစ်သော်လည်း တပ်မတော်က NCA တွင် ပါဝင်ရန် ပြင်းပြင်းထန်ထန် ငြင်းပယ်ခြင်း ခံရပြီးနောက် UNFC မှ နှု တ်ထွက်ပြီး UWSA နှင့်ပို၍ နီးနီးကပ်ကပ်ဖြစ်သွားတော့သည်။ ပြီးခဲ့သောတွေ့ဆုံပွဲများတွင် UWSA က ထို ၃ ဖွဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပါဝင်ရေးကို ပြတ်ပြတ်သား
သားရပ်ခံပေးခဲ့ပြီး အရှေ့မြောက်ပိုင်း၌ တိုင်းရင်းသားလက်နက်ကိုင် တပ်ပေါင်းစုအသစ်တခု ပေါ်ပေါက်လာသည်ဟုဆိုရမည်။

NCA မထိုးသေးသည့် UNFC
ထိုတပ်ပေါင်းစု ၂ ခုထဲတွင် UNFC ကတော့ နိုင်ငံရေးဆွေးနွေးမှု ကိုယ်စားလှယ်အဖွဲ့ DPN စေလွှတ်၍ NCA လက်မှတ်ထိုးရေးနှင့်ပတ်သက်ပြီး ဆွေးနွေးလျက်ရှိကြသည်။ ၂၀၁၆ အောက်တိုဘာ ၁၅ ရက်နေ့ နေ့လည်ပိုင်းတွင် နေပြည်တော်၌ ဆရာခူဦးရယ်ဦးစီး DPN နှင့် ဒေါက်တာတင်မျိုးဝင်း ဦးစီး ငြိမ်းချမ်းရေးကော်မရှင် တို့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ NCA လက် မှတ်ထိုးပြီးအဖွဲ့မှ ဖဒိုကွယ်ထူးဝင်းအပါ ၄ ဦးလည်း လေ့လာသူအဖြစ်တက်ခဲ့ သည်။ NCA လက်မှတ်ထိုးရေးနှင့်ပတ်သက်၍ DPN မှ အချက် ၈ ချက် တင်ပြပြီး အချက် ၄ ချက် သဘောတူညီမှု ရပြီး ကျန် ၄ ချက်ကို ဆက်လက်ဆွေးနွေး မည်ဟု NRPC မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

NCA လက်မှတ်ထိုးရေးနှင့်ပတ်သက်ပြီး DPN မှတင်ပြသည့် အချက် ၈ ချက်အကျ ဉ်းမှာ
၁။ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲကြောင်း အားလုံးကကြေညာရန်။
၂။ ဖက်ဒရယ်ပြည်ထောင်စုကို ၂၁ ရာစုပင်လုံ သဘောတူညီချက်နှင့်အညီ တည်ဆောက်ရန်။
၃။ နှစ်ဖက်လိုက်နာရမည့် အပစ်ရပ်ရေးဆိုင်ရာစည်းကမ်း တပ်ပိုင်းဆိုင်ရာ ကျင့်ဝတ်နှင့် စောင့်ကြည့်ရေးလမ်းညွှန်တို့အား ကြိုတင်သဘောတူညီချက်ရယူရန်။
၎။ ပါဝင်သင့်သူများ ပါဝင်သည့် အပစ်ရပ်ပူးတွဲစောင့်ကြည့်ရေးကော်မတီ အပြင် နိုင်ငံတကာအစိုးရကိုယ်စားလည်များပါသည့် ကြီးကြပ်စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းသွားရန်။
၅။ နိုင်ငံရေးဆွေးနွေးပွဲအား ၃ ပွင့်ဆိုင်အခြေခံပေါ်မှ ပါဝင်သင့်ပါဝင်ထိုက် သူများ ပါဝင်စေရန်။
၆။ ၂၁ ပင်လုံမှ ထွက်ပေါ်လာသည့် ဆုံးဖြတ်ချက်များအပေါ် အခြေခံ၍ ဖွဲ့ စည်းပုံ အခြေခံဥပဒေအပါအဝင် ဥပဒေများ ရေးဆွဲပြဌာန်းရန်။
၇။ အပစ်ရပ်ဒေသတွင် ဒေသလူထုအပေါ် သက်ရောက်မှု ကြီးသည့် စီမံကိန်းကြီးများ ဆောင်ရွက်ပါက ဒေသလူထု နှင့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ဆွေးနွေးသဘောတူရန်။
၈။ NCA နှင့် နောက်ဆက်တွဲသဘောတူညီချက်များ လိုက်နာရန် စည်းကမ်းချက်များ ပြေလည်မှု မရှိက နိုင်ငံတကာမှ နှစ်ဖက်သဘောတူညီသော တရားသူကြီးများ ဥပဒေပညာရှင်များဖြင့် တရားစီရင်ရေးခုံရုံးဖွဲ့ပြီး လွတ်လပ်စွာ တရားစီရင်ခွင့်ပြု ရန်တို့ဖြစ်သည်။

သို့ဖြစ်ရာ ၂၀၁၆ နိုဝင်ဘာ ၉ ရက်နှင့် ၁၀ ရက်နေ့များတွင် ငြိမ်းချမ်းရေးကော်မရှင် နှင့် DPN တို့ထပ်မံဆွေးနွေးမည်ဟု စီစဉ်ထားရှိပါသည်။ ဤနေရာတွင် ထူးခြားချက်တခု တွေ့ရသည်မှာ DPN သည် UNFC ကို ကိုယ်စားပြု သည်ဖြစ်ရာ KIO/KIA ကိုပါ ကိုယ်စားပြု သည်ဟုဆိုနိုင်ပါသည်။ သို့သော် ၂၁ ပင်လုံညီလာခံအပြီး KIA ဒေသတွင်း၌ လေကြောင်းပစ်ကူ လက်နက်ကြီး ပစ်ကူများအသုံးပြု သည့် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွါးနေရာ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့စသည့် ဆွေးနွေးပွဲများမှအစပြု ၍ DPN တွင် KIA
ကိုယ်စားလည်များ ပါဝင်ခြင်းမရှိတော့ပါ။ သို့ဖြစ်ရာ ငြိမ်းချမ်းရေးကော်မရှင် အနေနှင့် DPN နှင့်ဆွေးနွေးသည့် ရလဒ်ပေါ်အခြေပြု ပြီး KIO/KIA ကိုယ်စား လည်အဖွဲ့ကို သီးခြားခေါ်ယူဆွေးနွေး၍ အပစ်ရပ်ရေး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်ပေါက်မြောက်ရေး ဆောင်ရွက်ရန်လိုအပ်ပေမည်။ KIA နှင့် ထူးခြားစွာ တိုက်ပွဲများ ကာလရှည် ပြင်းထန်စွာဖြစ်ပွါးနေရသည့်ပြသနာကို အလေးထားဖြေရှင်းရန်လိုအပ်သည်။

၂၀၁၆ ခုနှစ် နိုဝင်ဘာ ၉ ရက် ၁၀ ရက်နေ့များတွင် ရန်ကုန်မြို့ ရှိ NRPC ရုံးတွင် ဒေါက်တာတင်မျိုးဝင်းခေါင်းဆောင်သည့် ငြိမ်းချမ်းရေးကော်မရှင်နှင့် ဆရာခူဦးရယ် ဦးစီးသည့် DPN ကိုယ်စားလှယ်အဖွဲ့တို့ NCA လက်မှတ်ထိုးရေးကိစ္စအား ညှိနှို င်းကြသည်ဆိုသော်လည်း တစုံတရာရလဒ်ထွက်ပေါ် လာသည်ကို မတွေ့ရပေ။ ရလဒ်ထွက်မလာသည့် အဓိက အကြောင်းရင်းမှာ အစိုးရနှင့် တပ်မတော်ဘက်က NCA ကို မပြု မပြင်ဘဲ လက်မှတ်ထိုးစေလိုပြီး DPN ( UNFC ) ဘက်က NCA ကိုဖြည့်စွက်ပြောင်းလဲပြီးမှ လက်မှတ်ရေးထိုးလိုသည့် အချက်ပေါ်တွင် ညှိနှို င်းမရသည်ခြင်း ဖြစ်ပုံရသည်။ ထို့ပြင် NCA လက်မှတ်ထိုးရာတွင် အားလုံးပါဝင်ရေး တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲကြောင်း ကြေညာနိုင်ရေးတို့နှင့်ပတ်သက်ပြီး ညှိနှို င်းရန် ခက်ခဲနေဆဲ ဖြစ်ပုံရသည်။

မည်သို့ဆိုစေ ဆွေးနွေးပွဲလမ်းကြောင်းပေါ်တွင် ရှိနေဆဲဖြစ်သည်က ကောင်းသည်ဟု ဆိုနိုင်သော်လည်း ဖြစ်လေ့ဖြစ်ထရှိတတ်သည်မှာ ဆွေးနွေးပွဲတခုနှင့် တခုကြား တိုက်ပွဲကြီးငယ်များ ပြင်းထန်စွာဖြစ်ပွါးတတ်ပေရာ တဖက်နှင့်တဖက် ယုံကြည်မှု တည်ဆောက်ရန် ပိုမိုခက်ခဲသွားတတ်ကိုတော့ ဂရုပြုကြရန် လိုအပ်ပေသည်။

NCA မထိုးသေးသည့် မြောက်ပိုင်းအဖွဲ့များ
NCA မထိုးသေးသည့် မြောက်ပိုင်းအဖွဲ့များတွင် UWSA /NDAA  / MNDAA/TNLA/AA တို့ပါဝင်သည်။ ဤ ၅ ဖွဲ့အနက် NCA လက်မှတ်ထိုး ရန် ဖိတ်ခေါ်ခံရသည်မှာ UWSA နှင့် မိုင်းလား ၂ ဖွဲ့သာရှိသည်။ ကျန် ၃ ဖွဲ့မှာ NCA လက်မှတ်ထိုးရန် ကန့်သတ်ခံနေရဆဲဖြစ်သည်။ သို့ဖြစ်ရာ ထိုသို့ကန့်သတ် ခံနေရဆဲဖြစ်သော TNLA/MNDAA/AA ၃ ဖွဲ့နှင့်သည် ကန့်သတ်ခံထား ရသည်ဖြစ်ရာ ၎င်း ၃ ဖွဲ့အနေနှင့် NCA လက်မှတ်ထိုးလိုစိတ် ရှိလျင်တောင်မှ ထိုးနိုင်သည့်အခွင့်အလမ်းမရှိပေ။

ပြီးခဲ့သော ၂၁ ရာစုပင်လုံညီလာခံ မတိုင်မှီက အဆိုပါ ၃ ဖွဲ့နှင့် ငြိမ်းချမ်းရေးကော်မရှင်တို့ တွေ့ဆုံညှိနှို င်းမှု ပြု လုပ်ခဲ့သော်လည်း အောင်မြင်မှု မရခဲ့ပေ။ သို့သော် ထိုတွေ့ဆုံမှု ၌ ညှိနှို င်းရာတွင် လက်နက်ကိုင်လမ်းစဉ်စွန့် လွှတ်ကြောင်း ကြေညာချက်ထုတ်ပြန်ပါက ၂၁ ရာစုပင်လုံတက်ခွင့်ပြု မည်ဟု ဆိုသော်လည်း ပြည်နယ်အဆင့် အပစ်ရပ်လက်မှတ်ထိုးခြင်း နှင့် NCA လက်မှတ်ထိုးရေး ပြသနာများ ပါဝင်ခြင်းမရှိပေ။

ထို ၃ ဖွဲ့နှင့် ဆွေးနွေးမှု ပျက်ပြားပြီးနောက် အားလုံးပါဝင်ရေးနှင့် ပတ်သက်ပြီး ကျန်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ တိုင်းရင်းသားပါတီများမှ ရပ်ခံပြောဆိုခဲ့ကြရာ NRPC အနေနှင့် ဆက်လက်ကြိုးပမ်းသွားမည်ဟု ဆိုခဲ့သော်လည်း ယနေ့တိုင် လက်တွေ့ကျသည့် ဆွေးနွေးလုပ်ဆောင်ချက်များကို မတွေ့ရသေးပေ။

ထို့ပြင် NCA လက်မှတ်ထိုးရေးဖိတ်ခေါ်ခံထားရသည့် UWSA နှင့် NDAA အနေနှင့် NCA လက်မှတ်ထိုးရန်မလိုအပ်ဟု ပယ်ချ ထားမှု နှင့်ပတ်သက်၍၎င်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် TNLA/ MNDAA/ AA ပါဝင်ရန်လို
အပ်ဟု ရပ်ခံထားချက်နှင့် ပတ်သက်၍ ဖြေရှင်းနိုင်ခြင်းမရှိသေးပေ။

NCA ပြသနာဖြေရှင်းရေး
တကယ်တမ်းဆိုလျင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အဖွဲ့အစည်း အားလုံးပါဝင်ရေးသည် ဦးစားပေးဖြေရှင်းရမည့်ပြသနာဖြစ်သည်။ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်ကို NCA ကို မူအဖြစ်ဆုပ်ကိုင်ထားပါက ထို NCA ပြသနာကို လက်တွေ့ကျကျဖြေရှင်းရန်လိုအပ်သည်။ NCA မူကိုသာဆုပ်ကိုင်ထားပြီး ပြသနာဖြေရှင်းရန် နည်းနာမရှာပါက ပြေလည်နိုင်မည် မဟုတ်ပေ။ ထို့ပြင် ထို NCA သည် ရှေ့ဆက်ရန် အထစ်အငေါ့ ဖြစ်နေပါက ထို NCA အား ပြန်လည် သုံးသပ်ရန်လိုသည်။ မိမိတို့၏ရည်ရွယ်ချက်ဖြစ်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးတည်ချက် မပျောက်ဘို့လိုသည်။

လက်တွေ့တွင် အားလုံးပါဝင်ရေးနှင့် NCA ပြသနာဖြေရှင်းရေးတွင် အားစိုက်မှု လျော့နည်းနေသည်ဟု ဆိုရမည်။ လောလောဆယ် အလေးထားနေသည်မှာ UPDJC လုပ်ငန်းဖြစ်သော နိုင်ငံရေးမူဘောင်ဆွေးနွေးခြင်းနှင့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများဖြစ်သည်။ သို့သော် NCA လက်မှတ် မထိုးသေးသောအဖွဲ့များအနေနှင့် ထိုလုပ်ငန်းစဉ်တွင် ပါဝင်ခွင့် မရှိရာ အမျိုးသားအဆင့်ဆွေးနွေးပွဲများ လက်တွေ့လုပ်နိုင်သောဒေသမှာ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင်သာရှိသေးသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးမပါဝင်နိုင်သေးသဖြင့် အဆိုပါ အမျိုးသားအဆင့် ဆွေးနွေးပွဲများသည် တပြည်လုံးအတိုင်းအတာမဆောင်နိုင်ခဲ့ပေ။

ဤအချက်ကို NCA လက်မှတ်ထိုးပြီး အဖွဲ့များကလည်း ကောင်းစွာ သဘောပေါက်ကြသည်။ ၆ လတကြိမ်ကျင်းပမည်ဆိုသည့် ၂၁ ပင်လုံညီလာခံအား ၂၀၁၇ ဖေဖဝါရီလတွင် ကျင်းပရန် ရည်ရွယ်ထားပေရာ တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်မရပ်နိုင် တနိုင်ငံလုံးအတိုင်းအတာဖြင့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ မပြု လုပ်နိုင်ပါက မည်သည့်ရလဒ်ကောင်းကိုမျှ သို့မဟုတ် တနိုင်ငံလုံးအတိုင်းအတာဆောင်သည့် မည်သည့်သဘောတူညီချက်ကိုမျှ ဒုတိယအကြိမ်ညီလာခံတွင် ရယူနိုင်ရန် ခက်ခဲပေလိမ့်မည်။

မူနှင့်လုပ်ငန်းစဉ်

မြန်မာပြည်ငြိမ်းချမ်းရေးတည်ဆောက်ရေးတွင် အားလုံးပါဝင်ရေးသည် အခြေခံမူဖြစ်သည်။ NCA သည် လုပ်ငန်းစဉ်ဖြစ်သည်။ အားလုံးပါဝင်ရေး အခြေခံမူပေါ်တွင် ရပ်ခံပြီး အခြေအနေ အချိန်အခါနှင့်ကိုက်ညီသည့် လုပ်ငန်းစဉ်ကို ပျော့ပြောင်းစွာကျင့်သုံးမှသာ မြန်မာပြည် ငြိမ်းချမ်းရေး တည်ဆောက်မှု အောင်မြင်မည်ဟု သုံးသပ်ရပါသည်။

ထို့အတူ အားလုံးပါဝင်မှလည်း NCA ၏ N သည် Nationwide  တနိုင်ငံလုံးဟူသည့် အဓိပ္ပါယ် ပြည့်ဝပေမည်။ သို့မဟုတ်က NNCA ဟူ၍ Non-Natiinwide တနိုင်ငံလုံးမဟုတ်သော ဟူသည့် အနက်ဆောင်နေပေ လိမ့်မည်။

ပြီးပါပြီ။
မောင်မောင်စိုး ( Mg Mg Soe )