ဇေမှိုင်း ● မှောက်ကျကုန်တဲ့ အိပ်မက်တဲ့

ဇေမှိုင်း ● မှောက်ကျကုန်တဲ့ အိပ်မက်တဲ့
(မိုးမခ) ဒီဇင်ဘာ ၁၅၊ ၂၀၁၆

ကန်ချခံရတာကော မဖြစ်နိုင်ဘူးလား
K L ကဗျာဆရာ .....
သွေးနုသားနုလေးမှာ မဲသဝေါခွင်ထဲ, သူ့ ရင်က
သူ့ကဗျာသားလေးကိုပွေ့လို့ .....
ရေလာတောင်းတတ်တဲ့ ကျေးတောသူမလေးတွေအပေါ်
ကဗျာကိုအဖေါ်လုပ်ပြီး
ကိုယ့်ရင်ကိုယ် ဖိစီးခံခဲ့ကြတာလေ.....
မေ့မလား "စမ်းသပ်ခံနိုင်ပါသေးတယ်- ရဲဘော်တွေကို ချစ်သမျှ
ရေခပ်ဆင်း မြင်းဖြူမလေးတွေအတွက်တောင် "အဖူး" က ပြောဖူး
လေးစားစွာ ရင်းနှီးနေကြတဲ့ကောင်တွေတဲ့ .....

ဇေမှိုင်း
၁၄-၁၂-၁၆