မောင်ညီပုနှင့် ထူးဆန်းသောပန်းကန်ပြားပျံ နှင့် ပုံပြင်များ - တက္ကသိုလ်ရွှေရီဝင်း


 မောင်ညီပုနှင့် ထူးဆန်းသောပန်းကန်ပြားပျံ နှင့် ပုံပြင်များ - တက္ကသိုလ်ရွှေရီဝင်း
(မိုးမခ စာအုပ်စင်) နိုဝင်ဘာ ၄၊ ၂၀၁၆


ထုတ်ဝေသူ - ဦးလှတိုး
ရန်အောင်စာပေ။  အ ထ က (၁) ရန်ကင်းကျောင်းရှေ့ ဆိုင်အမှတ် (H)၊ ၁၂လုံးတန်းမှတ်တိုင်အနီး၊ ရန်ကင်းမြို့နယ်။
ဖုန်း- ၀၉ ၅၁၇၉ ၃၉ ၈၊ ၀၉ ၇၃၂၄၃၈၅၁။

ပထမအကြိမ် ၂၀၁၆ ဒီဇင်ဘာ
အုပ်ရေ - ၁၀၀၀
တန်ဖိုး - ၁၀၀၀ ကျပ်

မျက်နှာဖုံးပန်းချီ - မောင်ရစ်
မျက်နှာဖုံးဒီဇိုင်း - နေလင်းထွန်း

စာမျက်နှာ - ၁၇၀
ပုံပြင် - ၂၆ ပုဒ်

၂၀၁၄ခုနှစ် ဇူလိုင်လမှစ၍ ၂၀၁၅ခုနှစ်ကြား Academic Weekly Educational Journal တွင် ပါဝင်ခဲ့သော ပုံပြင်၂၆ပုဒ်ကို စုစည်းထားသည်။ ကလေးတွေအတွက် ပုံပြင်စာအုပ် တစ်အုပ် ဖြစ်သည်။ မိဘများက ကလေးတွေကို ဖတ်ပြဖို့၊ ကလေးအချင်းချင်း ပုံပြင်တွေ ပြောကြဖို့ ဖြစ်သည်။ မောင်ညီပုနှင့် ပန်းကန်ပြားပျံ ပုံပြင်သည် ထိုပုံပြင်တွေထဲက တစ်ပုဒ်ဖြစ်သည်။ ထိုပုံပြင်၏ မူရင်းမှာ စွန်းလွန်းဆရာတော်ကြီး အရှင်ဝိနယ ဖြစ်သည်။ ဆရာတော်ကြီး ထိုပုံပြင်ပြောပြစဉ်တုန်းက ပန်းကန်ပြားပျံ နေရာတွင် နဂါး ဟူ၍ ဖြစ်သည်။ ထို နဂါး ဆိုတဲ့နေရာတွင် ပန်းကန်ပြားပျံအဖြစ် အစားထိုးထားတာ ဖြစ်သည်ဟု တက္ကသိုလ်ရွှေရီဝင်း က အမှာစာတွင် ရေးသားထားတာ တွေ့ရသည်။ ထိုပုံပြင်ကို သရုပ်ဖော်ပေးသူမှာ ကာတွန်းမောင်ရစ် ဖြစ်သည်။ ထိုပုံပြင်ကလေးပါသော ပုံပြင်စာအုပ်ကလေးက ယခုထွက်ရှိလာပါပြီ။ နောက်ရာစုတစ်ခုတွင် ထိုပုံပြင်ကလေးကို ပြန်လည် ဆန်းသစ်ရေးသားပါက ပန်းကန်ပြားပျံ နေရာတွင် ဘာဖြစ်မလဲ ဟုတွေးမိပါသည်။ စာဖတ်သူတွေလည်း ပုံပြင်ဖတ်ရင်း တွေးကြည့်တာပေါ့။