အောင်သန့် (တံတားဦး) ● မယားပါမြို့လေး


အောင်သန့် (တံတားဦး) ● မယားပါမြို့လေး
(မိုးမခ) ဒီဇင်ဘာ ၁၉၊ ၂၀၁၆

ရှမ်းပြည်​နယ်​​တောင်​ပိုင်း
တောင်​​ပေါ်မြို့အားလုံးရဲ့ မုခ်​ဦးတံခါး
အညာသံပီပီနဲ့ သူ့တို့စကား
အမှန်​တရားအတွက်​ဆို
ဓား လှံ ​တွေ မိုးထားတဲ့မြို့။

တောင်​​ပေါ် နဲ့ ​မြေပြန့်​ကို
နှလုံးသားနဲ့ တံတားထိုးပေးထားပြီး
ပင်​လယ်​​ရေမျက်​နှာပြင်​အထက်​ ​ပေ ၇၀၀ မှာ
နေပူ​လောင်​ခံ​နေရတဲ့မြို့။

အထင်​ကရ မင်းလှကန်​ကြီးကို ရင်​ဝယ်​ပိုက်​ရင်း
ရေမ​လုံ​လောက်​​နေတဲ့မြို့။

ရထားဥသြသံ​တွေကြားမှာ
အ​ဝေး​ရောက်​မြို့သား​တွေရဲ့ အိမ်​လွမ်းစိတ်​​တွေညံ​နေတဲ့
လမ်းဆုံ ဘူတာမြို့။

အာဏာရှင်​စနစ်​မှာ သူပုန်​ကြီးဗိုလ်​စံဖဲရဲ့
တော်​လှန်​မှု​တွေနဲ့
သူရဲ​ကောင်း​သွေး​တွေ ​မွှေးမြ​နေခဲ့တဲ့မြို့။

လေဘာတီမမြရင်​ရဲ့
အနုသုခုမရနံ့​တွေ သင်းထုံ​နေတဲ့မြို့။

ဗိုလ်​ချုပ်​​အောင်​ဆန်းကို
အုန်းထမင်း/ကြက်​သားဟင်းနဲ့ ဧည့်​ခံနိုင်​ခဲ့တဲ့မြို့။

တက္ကသိုလ်​ဘုန်းနိုင်​ရဲ့ ခံစားချက်​​​ဆေးစက်​​တွေ
စုပ်​ချက်​ခြယ်​ခဲ့ဖူးတဲ့ ​နွေကန္တာဦးမြို့။

နီရင့်​ရင့်​ရဲ့ စာ​ပေအနုပညာ​တွေ
ရဲရဲ​တောက်​ခဲ့တဲ့မြို့။

တင်​ညွန့်​မြိုင်​ (သာစည်​)ရဲ့ ကဗျာ​တွေကို
ကာရံညီ​အောင်​ ​နေရာထိုင်​ခင်းမ​ပေးနိုင်​​သေးတဲ့မြို့။

ပရဟိတအသင်း​တွေများပြားလာသလို
ပရဟိတစိတ်​ဓာတ်​​တွေထွန်းကားလာဖို့
မေတ္တာတရားကို ပျိုးကြဲထားတဲ့မြို့။

အ.ထ.က​ကျောင်း​တော်​ကြီး နှစ်ကျောင်းနဲ့
အနာဂတ်​ပညာ​ရေးအတွက်​ ​မောင်းတင်​ထားတဲ့မြို့။

သမိုင်းဝင်​​ရွေး​ကောက်​ပွဲမှာ ခွက်​ခွက်​လန်​​အောင်​ရှုံးဖူးလို့
ခွပ်​​ဒေါင်း​သွေး​တွေ ပွက်​ပွက်​ညံ​အောင်
အလံထူထားတဲ့မြို့။

ဒီမြို့...
ကျွန်​​တော့်​အတွက်​​တော့
ဆံထုံး​နောက်​ ​သျှောင်​ပါခဲ့ရပြီး
ချစ်​ခြင်​ဖွဲ့မိုး​ကောင်းကင်​မှာ
သံ​ယောဇဉ်​တိမ်​တိုက်​​တွေ အ​ခြေစိုက်​မိတဲ့မြို့။ ။

အောင်​သန့်​ (တံတားဦး)