![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhd1xuwkg5w4YGEjIwq86iy3jV2CVMh1JfqZdsXx7hcDcbC1MDaaMDyVdn_gT6RG1z6pfAJtJVog5uvdHRSeL_Wl-pI1Zz__y4hlgtk6N95Z_i13CnDajGcvEk_Q2G3mnjpWVFGX9BGtDOK/s640/FreshPaint-621-2016.12.06-08.22.57.jpg)
(မိုးမခ) ဒီဇင်ဘာ ၆၊ ၂၀၁၆
ဇာတိဆိုတဲ့ ရုပ်ရှင်ရုံထဲမှာ
ကြည့်မကောင်းတဲ့ ရုပ်ရှင်ကို
ကြည့်မကောင်းကြောင်းပြောပြီး
တဘဝစာ ထိုင်ကြည့်နေလိုက်ကြတယ်။
ပြီးပါပြီစာတန်းထိုးသွားတော့
ကြည့်မကောင်းဘူးဆိုတဲ့ ရုပ်ရှင်ရဲ့
စ လယ် ဆုံး ကြည့်မကောင်းတဲ့အကြောင်းကို
နေကြာစေ့ကိုက်ရင်းခွာရင်း ပြောနေလိုက်ကြတယ်။
သတိရလို့ နာရီလက်တံကို ငုံ့ကြည့်မိကြတော့မှ
ကိုယ့်ကိုယ်ကို မင်းသား/မင်းသမီးတင်ပြီး
ကြည့်ကောင်းအောင်ရိုက်မယ့် ရုပ်ရှင်အတွက်
အချိန်ဟာ နေမထွက်တော့ကြောင်း သိလိုက်ကြရတယ်။
အားလုံးဟာ
ကြည့်မကောင်းတဲ့ ရုပ်ရှင်ထဲမှာ
ကြည့်မကောင်းတဲ့ ရုပ်သေတွေကိုယ်စီနဲ့။
ဆောင်းယွန်းလ (ဒီဇင်ဘာလ ၄ ရက်၊ ၂၀၁၆)