ရန်ကုန်တက္ကသိုလ် ရာပြည့်အကြို စာကြည်တိုက် စာအုပ်ပြပွဲနဲ့ စာအုပ်ဈေး ကျင်းပ


ရန်ကုန်တက္ကသိုလ် ရာပြည့်အကြို စာကြည်တိုက် စာအုပ်ပြပွဲနဲ့ စာအုပ်ဈေး ကျင်းပ
(မိုးမခ) ဒီဇင်ဘာ ၆၊ ၂၀၁၆





ရန်ကုန်မြို့၊ ရန်ကုန်တက္ကသိုလ် ၉၆ နှစ်မြောက်အထိမ်းအမှတ်၊ ရာပြည့်အကြိုအဖြစ် ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်မှာ စာအုပ်ပြပွဲနဲ့ ဈေးရောင်းပွဲတော် ကျင်းပနေပါတယ်။ ဒီဇင်ဘာ ၆ ကနေ ၉ ရက်နေ့အထိ ဖြစ်ပါတယ်။ စာအုပ်ဈေးပွဲတော်ကို မြန်မာစာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်းက ပူးပေါင်းဆောင်ရွက်ပေးပါတယ်။




စာကြည့်တိုက်အဆောက်အဦ ဧည့်ခန်းမဆောင်မှာ စာကြည့်တိုက်မှာ စုဆောင်းထားတဲ့ ရှေးဟောင်းစာအုပ်များ၊ မြန်မာဂန္ထ၀င်စာအုပ်များ၊ မိတ္တူများ၊ စာရေးဆရာကြီးများ၏ လက်ရေးမူများကို ခင်းကျင်းပြသထားပါတယ်။