ကျော်ဟုန်း ● အချစ်နှင့် ငြိမ်းချမ်းရေးဋီကာ


ကျော်ဟုန်း ● အချစ်နှင့် ငြိမ်းချမ်းရေးဋီကာ
(မိုးမခ) ဒီဇင်ဘာ ၁၂၊ ၂၀၁၆

အချစ်နဲ့ ငြိမ်းချမ်းရေး
ငြိမ်းချမ်းရေးနဲ့ အချစ်
လွယ်တာပေါ့ ပြောတာ
ဘယ်တုန်းကများ အောင်မြင်ခဲ့သလဲ။

အချစ်ကြောင့်
၇ ပြည်ထောင်မင်းတို့ စစ်ခင်းဖူးသတဲ့။

အချစ်ကြောင့်
ရောမမြို့ ကြီး မီးအုံးပြာခဖူးသတဲ့။

မြို့ ပျက်တွေနဲ့ စစ်သလင်းပြင်မှာ
ငြိမ်းချမ်းရေးနဲ့ ချစ်ခြင်းတရား
နေ့စဉ်အစာလို တောင်းတကြ
တောင်းတရင်းနဲ့ပဲ
ကမ္ဘာပျက်ဖို့ အခြေခိုင်လာကြ။

အသည်းတံဆိပ်လည်ဆွဲနဲ့ ချိုးဖြူငှက်
ပြယုဂ်အဖြစ် သုံးကောင်းတုန်း
ထမင်းစားကောင်းရုံနဲ့ နေဆံ့နိုင်ရုံလေး ထင်ရ။

မသူတော်များတဲ့ ဟောဒီကမ္ဘာထဲ
အချစ်နဲ့ ငြိမ်းချမ်းရေး မင်္ဂလာမဆောင်ခင်မှာ
လောဘဒေါသတွေ ကိုယ်ဝန်ဆောင်ခဲ့ကြသကိုး။

ကျော်ဟုန်း
၂၀၁၆၁၂၀၁၀။