ဝင်းအောင်ကြီး (မောင်အောင်မွန်) ● ကျနော်တွေးမိသလို ရေးပါမည်


ဝင်းအောင်ကြီး (မောင်အောင်မွန်) ● ကျနော်တွေးမိသလို ရေးပါမည်
(မိုးမခ) ဒီဇင်ဘာ ၃၁၊ ၂၀၁၆

ကြည်အေး၏ နောက်ဆုံးစကားနှင့် နောက်ဆုံးစာ

ကျနော်ကလေးဘ၀ကတည်းက တာရာမဂ္ဂဇင်းထဲပါ ကြည်အေးစာများကို စွဲလန်းနှစ်သက်ခဲ့၏။ ၁၉၆၂ ခု၊ ရှုမ၀မှာ စာရေး တော့ အတူပါခွင့်ရပြီး၊ ၁၉၇၀ ခု၊ ဆရာထင်လင်းအိမ်မှာ လူချင်းဆုံဖူး၏။ ၁၉၉၅ ခု၊ အမေရိကန်ရောက်လာပြီး တယ်လီဖုန်း ဆက်ရင်း သူ့ရဲ့ ကျမပညာသည်ထဲက လူပြက် ကိုပဏ္ဏကစ်ဆိုတဲ့နာမည် မှတ်မိလို့ အံ့သြနေသူအား အလွတ်လောက်နီးပါး ရနေသည့် ကြည်အေးစာများ မကြာခဏ ပြောကြရာ နာရီနှင့်ချီကြာလေ့ရှိသည်။ New York ရှိ သမီးဆီ ပြောင်းလာ၍လည်း ပိုပြီးပြောဖြစ်ကြရင်း ဘ၀အစွန်မှာထဲကပါသည့် သော်တာဆွေအကြောင်း ဆွေးနွေးဖြစ်သည်။ အခြားစာအုပ်စုံသလောက် ပြောဖြစ်သော်လည်း ဖုန်းဆက်တိုင် ကျနော်တို့နှစ်ယောက်စလုံးမှာ မရှိ၊ ရချင်တော့ စိတ်ကူးချိုချိုထုတ် ပြိုင်တူရ ကြ၍ ဆွေး နွေးကြရအောင် ဖတ်ထားပါဟု ဖုန်းဆက်ခြင်းက ကြည်အေး၏ နောက်ဆုံးစကားပါ။ နိုဝင်ဘာလအတွင်း ကြည် အေးထံမှ ပွင့်ဒင်္ဂစာအုပ်နှင့် စာတိုလေးတစောင်ထဲ ရောက်လာ၏၊ ပုံထဲမှာဖတ်ကြည့်။ ကြည်အေး ဆေးရုံတက်နေစဉ် ပြန် လည် ကျန်း မာလာပြီး စာပြန်ရေးနိုင်ဖို့ ကပ်ပြားနှင့်စာပို့လိုက်ရာ မြင်သွားဖတ်သွားရ၏။ New Year Card ပို့ဖို့ပြင်ဆင်နေစဉ် ကြည်အေး ကွယ်လွန်သွားကြောင်း တယ်လီဖုန်းဝင်လာ၏။

၂၀၁၆ ခု၊ ဒီဇင်ဘာလ ၂၈ ရက်။