ဝါကျဖြူ ● Zero ရဲ့ဗို့အား



ဝါကျဖြူ ● Zero ရဲ့ဗို့အား
(မိုးမခ) ဒီဇင်ဘာ ၄၊ ၂၀၁၆

you balance is zero
zero balance နဲ့ ကမ္ဘာကြီးရေ...
ပြန်စလိုက်ကြရအောင်
အိပ်မက်ဟာ
ငှက်တကောင်လိုလာနားတယ်။

ခြင်ထောင်ကိုမှ သာယာလွန်းတဲ့ အိမ်မက်တွေ
ပလုံစီ...လေလုံးလေးတွေ
မြစ်ဟာ
အိပ်ရာထက်ပေါက်ကွဲပျက်စီး ပျောက်ဆုံး
ဖုန်းသံတွေနဲ့ရှုပ်ပွနေတဲ့လမ်းမတွေမှာ
အေးအေးဆေးဆေးချစရာခြေထောက်တွေပျောက်ဆုံးလို့။

တောရွာတရွာရဲ့
တော်ချင်သလိုတော်စပ်ထားတဲ့ဆွေမျိုးတွေက
ငါတို့ခေါင်းရင်းက ဓာတ်မီးတိုင်ပဲ
နေရောင်ကို ကန့်လန့်တိုက်လာတဲ့ အိပ်မက်ဟာ
ညဥ့်နက်သန်းခေါင်ကို
နံရံမှာကပ်ထားတယ်။

မှောင်ထဲမှာမျောနေတဲ့ zero ရဲ့
မသိကိန်းတွေထဲမှာ
ဆဲလ်တွေပျက်စီးနေတဲ့ ဝင်ရောက်ခိုလှုံမှုဟာ
အကျဉ်းကျနေတဲ့ခန္ဓာရဲ့ဖွံဖြိုးမှုတွေက
ဗို့အားကျနေတဲ့ မီးလုံးတလုံးပဲ။ ။

ဝါကျဖြူ