သျှင်မျိုးငယ် ● မာတိကာ

 သျှင်မျိုးငယ် ● မာတိကာ
(မိုးမခ) ဇန်နဝါရီ ၉၊ ၂၀၁၇

ပြဋ္ဌာန်းချက်မှာ သဘောထားကွဲလွဲကြတာ မဆန်းဘူး
ပထမဆုံးစာမျက်နှာဟာ ကြီးမြတ်မှုတခုဖြစ်တယ်
လင်းမှာလား မှောင်မှာလား
ဘဝဟာ ရွေးချယ်စရာသိပ်များများစားစားမရှိဘူး
ဘာပဲဖြစ်ဖြစ် ရွတ်ဆိုကြည့်လိုက်တာ အကောင်းဆုံးပါပဲ
သဟဇာတမဖြစ်တဲ့အသံတွေ ဖယ်ထုတ်ထားခဲ့မယ်
မျက်နှာသစ်ပြီးပြီလား
မာတိကာကိုကြည့်ပြီး ခွန်းအားဖြည့်ထားရဦးမယ်။      ။

သျှင်မျိုးငယ်