ကျော်ဟုန်း - အမေ



ကျော်ဟုန်း - အမေ
(မိုးမခ) ဇန်န၀ါရီ ၁၂၊ ၂၀၁၇

အခန်းကျဉ်းလေးထဲနေပြီး
ကမ္ဘာကြီးကို
ပုခက်ထဲ
ထည့်လွှဲခဲ့သူ။

၂၃ ၁/၂ ယိုင်နေတဲ့
ကမ္ဘာကြီးကို
မေတ္တာစေး ဆွဲအားနဲ့ 
တည်တံ့စေသူ။

"သင် ဘယ်လို ဘာသာပြန်ချင်ပါသလဲ"

အမေ
အမိုး
မာတာ
မာမား
မာမီ
မမ်
မား
မဲ့ ...။

အခြား အခြား
အသွယ်သွယ်နဲ့ 
ကြိုက်သလို ဘာသာပြန်
အဖြေဟာ တခုတည်း။ ။

ကျော်ဟုန်း
( မြန်မာ့အမေများ၊ ကမ္ဘာ့အမေများအားလုံးသို့ )