ဝါကျဖြူ ● ကျမနှင့် ကျမအိမ်နီးချင်းများ

 ဝါကျဖြူ ● ကျမနှင့် ကျမအိမ်နီးချင်းများ
(မိုးမခ) ဇန်နဝါရီ ၂၅၊ ၂၀၁၇

မျိုးနွယ်စုတို့ အသက်ရှူလမ်းကြောင်းက
အက်တမ်တွေ
မနက်ဖြန်...တစုံတရာ နွေးထွေးမှုလားရာ
ဖြစ်တည်မှုတွေ ထွေးအံထားတဲ့
ဆင့်ကဲကျန်ရစ်ခဲ့လေသော
နိုးကြားမှုတို့လွန်မြောက်ရာ
ဝင်ထိုင်ခွင့်မရတဲ့တန်ဖိုးထဲက
ဘေးဥပါဒ်နေ့စွဲများ
စိတ်တွေအနယ်ကျနေတဲ့
ကြိုးတွေဟာသွေးကြောဖြစ်ပြီး
သွေးကြောဖြာဆင်းနေတဲ့ဆဲလ်အမျှင်တွေဟာ
မျှော်လင့်ခြင်းတွေဖြစ်နေတယ် ။

နောက်ပြီးတော့လေ
မျှော်လင့်ခြင်းနဲ့ချည်မိတဲ့ချည်တိုင်ဟာ
မျိုးနွယ်စုဆိုပြီး
အဖြတ်အတောက်တွေမရှိတဲ့ အပြုံးတရားတို့ရဲ့ ဥသျောင်
အမုန်းသမားတို့ရဲ့သေမင်း
ခွင့်လွှတ်မှုတို့နဲ့ အသစ်စက်စက် မှိုစွဲနေတဲ့မျက်ရည်
အံ့ချီးဖွယ်ကမ္ပည်းထိုးမဲ့ဆောက်သွား
သက်တံလိုကွေးဆင်းလာမဲ့ ကမ္ဘာ
မျှော်လင့်မှုတွေအသက်ရှူသံနဲ့
လှည့်ဖွင့်ဖို့ကို မြစ်ဟာ စီးဖို့မေ့လျှော့နေသလိုမျိုး
လေဟာ တိုးဖို့မေ့လျှော့နေသလိုမျိုး
စစ်ကို မငေးမောနေဖို့ လိုလိမ့်မယ် ။ ။

ဝါကျဖြူ