သင်းရည်လွင် ● နောက်ဆုံးစာမျက်နှာ

သင်းရည်လွင် ● နောက်ဆုံးစာမျက်နှာ
(မိုးမခ) ဇန်နဝါရီ ၁၉၊ ၂၀၁၇

ကြယ်တွေ မြစ်ထဲဆင်းနေပုံ
အစက်ပျောက်လေးတွေ
သီချင်းလည်း သူ့ အသံသူပြန်မရတာမေ့ကြတယ်
မှန်တချပ်ထဲ
လောကီသားတို့ ခန့် ငြားနေပေရော့

သည်လို ညမျိုးဆိုတာ
အသုံးတည့်နေတယ်မပြောနိုင်ဘူး
အိမ်ကပျောက်သွားတဲ့ကြောင်ကလေးလို
ရပ်တည်ရာမမြဲခဲ့ဘူး

နောက်ဆုံးစာမျက်နှာမှာ
ဖျက်ရာတွေ သောင်ထွန်းလို့ 
သည်စကား သည်နေရာ သည်အတိုင်း

သင်းရည်လွင်
၂၀၁ ၆