![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhx_kNEXK6-octQHvN0dXuhEkVJTiSsNbg9H7nEbJI7j9VoRU2d2bvwmwuE0ROeD9LFlG8lv2D7OHFGbugrRjyj8yIjo4hZTk-_XjA2mag8UqlzRHOH-QBfdpDSbn5x4wlO9F4IwFZEA0M4/s640/FreshPaint-643-2017.01.06-11.14.16.jpg)
ဆောင်းယွန်းလ ● တစုံတရာဟာ လွတ်လပ်စွာတွေးခေါ်ရင်း လွတ်သွားတယ်
(မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇
စိတ်ထဲလိုသလောက်
မရောက်ဘူးထင်နေလို့
အခု
ကိုယ့်ဆီဆင်းလာတဲ့ ညနေခင်းကို
နှစ်ပိုင်းချိုးရင်း
တပိုင်းကို လေသေနတ်ထဲထည့်ပြီး
မိုးပေါ်ထောင်ပစ်လိုက်တယ်
ကျန်တဲ့တပိုင်းကို
စီးကရက်နဲ့ ရောဖွာပစ်လိုက်တယ်
အားရပါးရ
မိုးပေါ်ကို သေနတ်ပစ်ဖောက်ပြီးတဲ့နောက်
စိတ်တိုင်းကျ
စီးကရက်တွေ တလိပ်ပြီးတလိပ် ရှိုက်ဖွာပြီးတဲ့အခါ
အဖန်တရာတေနေတဲ့ ညဟာ
ကိုယ့်ဆီကို ရေမရောက်ပဲ ရောက်လာတယ်
ညထဲမှာ
နှစ်ပေါင်းများစွာ ဆိုဖူးနေကျ သီချင်းဟာ
နှစ်ချို့အရက်လိုပြင်းရှလို့
အဲဒီ သီချင်းကိုပဲ
ကိုယ်လည်း ပျင်းပျင်းရှိဆက်ဆိုနေလိုက်မိတယ်
ပက်လက်ကောင်းကင်ထဲ
လေယာဉ်ပျံတွေ တစင်းပြီးတစင်းဝဲနေတာတွေ့ရတယ်
နောက်ဆုံးမှာ
စာအုပ်တအုပ်လိုလှန်ထားတဲ့ ညကို
တံခါးတချပ်လို လုံအောင်ပိတ်လိုက်ပါတယ်
ကိုယ့်ဆီကို တခေါက်မှပြန်ရောက်မလာခဲ့တဲ့
နံနက်ခင်း။
ဆောင်းယွန်းလ
(ဇန်နဝါရီ ၄ရက်၊ ၂၀၁၇)
(မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇
စိတ်ထဲလိုသလောက်
မရောက်ဘူးထင်နေလို့
အခု
ကိုယ့်ဆီဆင်းလာတဲ့ ညနေခင်းကို
နှစ်ပိုင်းချိုးရင်း
တပိုင်းကို လေသေနတ်ထဲထည့်ပြီး
မိုးပေါ်ထောင်ပစ်လိုက်တယ်
ကျန်တဲ့တပိုင်းကို
စီးကရက်နဲ့ ရောဖွာပစ်လိုက်တယ်
အားရပါးရ
မိုးပေါ်ကို သေနတ်ပစ်ဖောက်ပြီးတဲ့နောက်
စိတ်တိုင်းကျ
စီးကရက်တွေ တလိပ်ပြီးတလိပ် ရှိုက်ဖွာပြီးတဲ့အခါ
အဖန်တရာတေနေတဲ့ ညဟာ
ကိုယ့်ဆီကို ရေမရောက်ပဲ ရောက်လာတယ်
ညထဲမှာ
နှစ်ပေါင်းများစွာ ဆိုဖူးနေကျ သီချင်းဟာ
နှစ်ချို့အရက်လိုပြင်းရှလို့
အဲဒီ သီချင်းကိုပဲ
ကိုယ်လည်း ပျင်းပျင်းရှိဆက်ဆိုနေလိုက်မိတယ်
ပက်လက်ကောင်းကင်ထဲ
လေယာဉ်ပျံတွေ တစင်းပြီးတစင်းဝဲနေတာတွေ့ရတယ်
နောက်ဆုံးမှာ
စာအုပ်တအုပ်လိုလှန်ထားတဲ့ ညကို
တံခါးတချပ်လို လုံအောင်ပိတ်လိုက်ပါတယ်
ကိုယ့်ဆီကို တခေါက်မှပြန်ရောက်မလာခဲ့တဲ့
နံနက်ခင်း။
ဆောင်းယွန်းလ
(ဇန်နဝါရီ ၄ရက်၊ ၂၀၁၇)