ရင်နီ ● လာခြင်းကောင်းတဲ့ ဇန်နဝါရီ

ရင်နီ ● လာခြင်းကောင်းတဲ့ ဇန်နဝါရီ
(မိုးမခ) ဇန်နဝါရီ ၂၊ ၂၀၁၆

နှစ်ဟောင်းက သောက်တဲ့ဒဏ်
နှစ်သစ်မှာ ခေါင်းကိုက်သလိုမျိုး
မင်္ဂလာအပေါင်းနဲ့ပြည့်စုံလို့။

အနုကြမ်းစီးခံထားရတဲ့ တနင်္ဂနွေမှာ
ဘုရားသခင်က ဧရိယာပြင်ပ။

သဘာဝအတိုင်း
ရေကြီးဦးမယ့်နိုင်ငံတော်မှာ
သရက်ပင်လေးစိုက်လိုက်ဦးမယ်။

နှစ်သစ်ကြို သီချင်းကတော့
ငြိမ်းချမ်းရေးလိုချင် လက်နက်ချ။ ။

ရင်နီ
၁၊ ၁၊ ၂၀၁၇
တနင်္ဂနွေ၊ နံနက် ၉း ၂၅