ရှေ့နေဦးကိုနီနဲ့ ဦးနေ၀င်းတို့အတွက် အောက်မေ့ဖွယ်အခမ်းအနား ဒေါ်အောင်ဆန်းစုကြည် တက်ရောက်




ရှေ့နေဦးကိုနီနဲ့ ဦးနေ၀င်းတို့အတွက် အောက်မေ့ဖွယ်အခမ်းအနား ဒေါ်အောင်ဆန်းစုကြည် တက်ရောက်
(ဌေးအောင်၊ မိုးမခ) ဖေဖော်ဝါရီ ၂၇၊ ၂၀၁၇

တရားလွှတ်တော်ရှေ့ နေ ဦးကိုနီနှင့် အငှါးယာဉ်မောင်းဦးနေ၀င်းတို့ အတွက် အောက်မေ့ဖွယ်အခမ်းအနားအား ယနေ့ (၂၆.၂.၂၀၁၇)နေ့ လည်(၁)နာရီတွင် ရန်ကုန်မြို့  ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင်ကျင်းပရာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ အမှတ်တရအောက်မေ့ဖွယ်မိန့် ခွန်းကို တက်ရောက်ပြောကြားခဲ့သည်။

အခမ်းအနားသို့  အစိုးရအဖွဲ့ ဝင် ၀န်ကြီးများ၊ လွှတ်တော်အမတ်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ တာဝန်ရှိသူများ ပါတီဝင်များ၊ ရှေ့ နေများနှင့် စုစုပေါင်း ဧည့်ပရိတ်သတ်(၁၅၀၀)ကျော်တက်ရောက် ဂုဏ်ပြုခဲ့ကြသည်။

ဓာတ်ပုံ-ဌေးအောင်